ပင်လယ်ရေ မြင့်တက်မှုကြောင့် ဆားထုတ်လုပ်မှုစရိတ် ပိုကြီး
diz_admin
December 3, 2021ပင်လယ်ရေမျက်နှာပြင် ဒီရေမြင့်တက်လာမှုကြောင့် ထားဝယ်ခရိုင် ဆားလုပ်ငန်းတွင် ဆားထုတ်လုပ်မှု ကုန်ကျစရိတ် ပိုမိုကုန်ကျကြောင်း ဆားလုပ်ငန်းရှင်းအချို့က ပြောသည်။ ယခုနှစ်တွင် ပင်လယ်ရေမျက်နှာပြင် ၆ လက်မခန့် မြင့်တက်နေသဖြင့် တာဘောင်များကို မြေထပ်မံဖို့ကာ ခိုင်ခံ့အောင် ပြုလုပ်ရကြောင်း၊ ထို့ကြောင့် ဆားထုတ်လုပ်မှု ကုန်ကျစရိတ်က ယခင်နှစ်ကထက် ပို၍ ကုန်ကျကြောင်း ထားဝယ်မြို့မှ နေလှန်းဆားလုပ်ငန်းရှင် ဦးသန်းဝင်းက ပြောသည်။ “ဒီနှစ်က ဘာဖြစ်သွားလဲ ဆိုတော့ ထူးကဲဒီရေတက်သွားတယ်၊ ထူးကဲဒီရေတက်သွားတော့ ဆားကွင်းကို လုံအောင်ပတ်ထားတဲ့ တာတွေ လေးနေရာလောက် ပျက်သွားတယ်။ အဲဒီတော့ စရိတ်နည်းနည်း ပိုကုန် တယ်။ အမှန်က ဒီဟာကို ဆားကွင်းပြင်တဲ့ထဲ ထည့်ရမယ့်အစား အပြင် ရေငန်မဝင်အောင် တားထားတဲ့ ပတ်တာအတွက် ကုန်သွားတာပေါ့” ဟု ဦးသန်းဝင်းက ဆိုသည်။ ဆားကွင်းပြင်ရမည့် […]