ဘဝဖျက်မုန်တိုင်း မိုခါ
Dawei Watch
May 20, 2023အိမ်ကလေး ယိမ်းထိုးခါယမ်းနေပေမယ့် မမိုး (အမည်လွှဲ) တို့မိသားစု ထွက်မပြေးရဲ။ လေနဲ့လွင့်ပါသွားမှာ၊လွင့်စင်လာတဲ့ သွပ်ပြားတွေ ထိမှန်ပြီး ထိခိုက်သေဆုံးမှာကို စိုးရိမ်ကြလို့ပါ။ ကြောက်လို့ ပုန်းနေပေမယ့် မလွတ်။ ဖာန်ဖီနေတဲ့ မိုခါဆိုင်ကလုန်းမုန်တိုင်းက အိမ်ကလေးကို တစ်စစီဖြစ်အောင် ဖြိုလဲပစ်လိုက်တော့တယ်။ မမိုးတို့ မိသားစုလည်း အိမ်ပြိုနဲ့အတူ ရောပါသွားတယ်။ အပျက်အစီးတွေကို တွန်းထုတ်ပြီး ထွက်ကြရတယ်။ “ကလေးတွေကို မနည်းကို ဆွဲထုတ်ရတာ” ဟု မမိုးက ပြောပါတယ်။ မမိုးတို့ ဇနီးမောင်နှံမှာ အသက် ၅နှစ်နဲ့ ၂နှစ်အရွယ်သမီးလေး နှစ်ဦးရှိပါတယ်။ မိုခါမုန်တိုင်း ဖြတ်ကျော်ဝင်ရောက်တဲ့ ရခိုင်မြောက်ပိုင်း ရသေ့တောင်မြို့နယ် မေယုမြစ်ကမ်းဘေးက ကျေးရွာတစ်ရွာမှာ နေထိုင်ပြီးကုန်စုံဆိုင်လေး ဖွင့်လှစ် ရောင်းချ အသက်မွေးသူတွေပါ။ မုန်တိုင်းလေက အိမ်ခေါင်မိုးတွေကိုတောင် စက္ကူတစ်ချပ်လို လွင့်ပါအောင် တိုက်ခတ်နေချိန် ပြိုလဲသွားတဲ့အိမ်ထဲကနေ မမိုးတို့ […]


