BREAKING
December 3, 2025

သဘာဝဝန်းကျင်/ဥတုဘေး

ပလောက်မြို့ ဝန်းကျင်တွင် ငလျင်လှုပ်

Dawei Watch

November 28, 2025

ပုလောမြို့နယ်၊ ပလောက်မြို့ဝန်းကျင်တွင် ယမန်နေ့ နိုဝင်ဘာလ ၂၇ ရက်ည ၁၁ နာရီဝန်းကျင်တွင် ငလျင်လှုပ်ခတ်ခဲ့ကြောင်း ဒေသခံများထံမှသိရသည်။ ” အိမ်တွေတုန်သွားတာလောက်ပဲ။ သုံးလပိုင်း(မတ်လ ၂၈ ရက် စစ်ကိုင်း ငလျင်) တုန်းကတော့ ဒီထက်နည်းနည်းကြမ်းတယ်။ အဲတုန်းက လူကြီးတွေဆိုခေါင်းမူးတယ်။ အခုတစ်ခါက ခေါင်းမမူးကြဘူး ” ဟု ပုလောမြို့နယ် ကျောက်လုံးကြီးကျေးရွာအုပ်စုမှ ဒေသခံတစ်ဦး ကပြောသည် ။ ပလောက်မြို့ ၊ ပြင်ဘုကြီးကျေးရွာအုပ်စု နှင့် ကျောက်လုံးကြီးကျေးရွာအုပ်စုတို့ရှိ ကျေးရွာအချို့က ငလျင်လှုပ်ခတ်သွားသည်ကို သတိထားမိလိုက်ကြကြောင်း ဒေသခံများထံ ဆက်သွယ်မေးမြန်းချက်အရ သိရသည် ။ အထက်ပါနေရာများသည် ဒီရေတောထိန်းသိမ်းဧရိယာ ကြိုးပြင်ကာကွယ်တော သတ်မှတ်ထားသည့် နေရာအချို့ပါဝင်ပြီး ပင်လယ်ထွက်ပေါက်ရှိသည့် ကမ်းရိုးတန်းဒေသများဖြစ်ကြသည်။ နိုဝင်ဘာလ ၂၇ ရက်ညက ငလျင်လှုပ်ခတ်ခြင်း နှင့်ပတ်သက်၍ တနင်္သာရီတိုင်း […]

ထိုင်းတွင် ရေကြီးမှုကြောင့် သေဆုံးသူ ၄၆ ဦးအထိရှိလာ

Dawei Watch

November 26, 2025

ထိုင်းနိုင်ငံတောင်ပိုင်း ခရိုင်များအပါအဝင် ခရိုင်အများအပြားတွင် ရေကြီးမှုကြောင့် သေဆုံးသူ ၄၆ ဦးအထိ ရှိလာပြီဖြစ်ကြောင်း ထိုင်းနိုင်ငံ ဘေးအန္တရာယ်ကာကွယ်ရေးနှင့် တုံ့ပြန်ရေးဌာန (DPPM) က ယနေ့ ထုတ်ပြန်သည်။ ထိုင်းတောင်ပိုင်း စွန်ခရာခရိုင် ဟတ်ယိုင်တွင် နိုဝင်ဘာလ ၂၂ ရက်နေ့မှ ၂၅ ရက်နေ့အထိ ရေကြီးမှုကြောင့် သေဆုံးသူ ၁၄ ဦး ရှိကြောင်း ဟတ်ယိုင်ဆေးရုံကြီးက ယနေ့ ထုတ်ပြန်ထားသည်။ ဖတ်ထလူခရိုင်တွင် ရုတ်တရက် ရေကြီးလာမှုကြောင့် သေဆုံးသူ လေးဦးရှိလာပြီး ၎င်းတို့အနက် အသက် ၇၈ နှစ်အရွယ် အမျိုးသမီးတစ်ဦးက ဟင်းသီးဟင်းရွက်ခူးနေစဉ် ရေနှင့် မျောပါသေဆုံးခဲ့ကြောင်း ဖော်ပြသည်။ လက်ရှိတွင် ထိုင်းတောင်ပိုင်း ခရိုင်များဖြစ်သည့် စွန်ခရာ၊ ရာလ၊ ပတ်တနီ၊ နာရသီဝပ်၊ နခွန်စီထမရတ်၊ ဖတ်ထလူ၊ တရန်း၊ […]

အင်ဒိုနီးရှားတွင် ဘာသာရေးစာသင်ကျောင်း ပြိုကျ၊ လူ တစ်ရာနီးပါး ပျောက်ဆုံးနေ

Dawei Watch

October 1, 2025

အင်ဒိုနီးရှားနိုင်ငံ၊ အရှေ့ဂျာဗားပြည်နယ်၊ ဆီဒိုအာဂျိုမြို့တွင် စက်တင်ဘာလ ၃၀ ရက်က အစ္စလာမ်ဘာသာရေး ကျောင်းဆောင်တစ်ခု ပြိုကျခဲ့ပြီး ပိတ်မိနေသည့် ကလေးငယ်များကို အပူတပြင်း ဆက်လက်ရှာဖွေနေဆဲ ဖြစ်သည်။ အင်္ဂါနေ့ ညနေပိုင်းအထိ သေဆုံးရုပ်အလောင်း သုံးလောင်းကို တွေ့ရှိထားပြီး သေဆုံးသူ အရေအတွက် ထပ်တိုးလာဖွယ် ရှိကြောင်း အာဏာပိုင်များက ပြောသည်။ အခြားကလေးငယ် ၉၉ ဦးမှာ ဆေးရုံတင်ထားရပြီး အချို့မှာ ဒဏ်ရာ စိုးရိမ်ရကြောင်းလည်း အာဏာပိုင်များက ဆိုသည်။ ပျောက်ဆုံးနေသူ ဦးရေ အနည်းဆုံး ၉၁ ဦး ရှိပြီး ၎င်းတို့ကို အပူတပြင်း ရှာဖွေနေဆဲ ဖြစ်သည်။ ပြိုကျခဲ့သည့် အဆိုပါ ဘာသာရေးကျောင်းဆောင်၏ အပေါ်ထပ်မှာ ဆောက်လုပ်နေဆဲ အခြေအနေရှိပြီး အောက်ထပ်တွင် ကလေးများ ဝတ်ပြုဆုတောင်းနေစဉ် ပြိုကျခဲ့ခြင်း ဖြစ်သည်။ […]

ဖိလစ်ပိုင်တွင် ငလျင်ကြောင့် သေဆုံးသူ ၇၀ နီးပါးရှိလာ

Dawei Watch

October 1, 2025

ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်းတွင် စက်တင်ဘာလ ၃၀ ရက် ညက အင်အားပြင်းငလျင် လှုပ်ခတ်မှုကြောင့် သေဆုံးသူ အနည်းဆုံး ၆၉ ဦးအထိ ရှိလာပြီဖြစ်သည်။ မဂ္ဂနီကျုဒ် ၆ ဒသမ ၉ အဆင့်ရှိ အဆိုပါငလျင်သည် ယမန်နေ့ ည ၁၀ နာရီဝန်းကျင်တွင် လှုပ်ခတ်ခဲ့ခြင်း ဖြစ်သည်။ လူဦးရေ ကိုးသောင်းခန့်ရှိသည့် ဆီဘူးပြည်နယ်၊ ဘိုဂိုမြို့သည် ငလျင်ဒဏ်ကို အပြင်းထန်ဆုံး ထိခိုက်ခံစားခဲ့ရသည့် မြို့ဖြစ်သည်။ ကမ်းရိုးတန်းမြို့တစ်မြို့ဖြစ်သည့် ဘိုဂိုမြို့တွင် အိမ်များ၊ စီးပွားရေးလုပ်ငန်းများ၊ နိုက်ကလပ်များ ပြိုကျကာ ပိတ်မိနေသူ အရေအတွက်ကို တိတိကျကျ မသိရသေးကြောင်း အာဏာပိုင်များက ပြောသည်။ ငလျင်ဒဏ်ကြောင့် သေဆုံးသူအားလုံး၏ ထက်ဝက်ခန့်မှာ ဘိုဂိုမြို့ခံများ ဖြစ်ကြောင်း အာဏာပိုင်များက ဆိုသည်။ ငလျင်၏ ဗဟိုချက်မှာ ဘိုဂို၏ […]

“ဘူအလွိုင်” မုန်တိုင်း၏ လေပွေလှိုင်းများကြောင့် တနင်္သာရီ အပါအဝင် တစ်နိုင်ငံလုံး မိုးဆက်ကြီးမည်

Dawei Watch

September 30, 2025

” ဘူအလွိုင် ” မုန်တိုင်း ၏ လေပွေလှိုင်းများ အရှိန်ကြောင့် တနင်္သာရီ အပါအဝင် တစ်နိုင်ငံလုံး အောက်တိုဘာလဆန်းအထိ ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း စစ်ကော်မရှင်၏ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန်သည်။ လာအိုနိုင်ငံကုန်းတွင်းပိုင်းဒေသများကို ဖြတ်ကျော်ခဲ့သော အပူပိုင်းမုန်တိုင်း“ဘူအလွိုင်”သည် စက်တင်ဘာလ ၂၉ ရက် ညပိုင်းတွင် အပူပိုင်းမုန်တိုင်းငယ်အဖြစ်သို့ အားလျော့သွားခဲ့ပြီး မြန်မာနိုင်ငံဒေသအချို့တွင် လေပွေလှိုင်းများအဖြစ် ဝင်ရောက်လာသည်ဟု မိုးဇလကဖော်ပြသည်။ လေပွေလှိုင်းများ လာမည့် နောက် ၁၂ နာရီအတွင်း နေပြည်တော်၊ မန္တလေး၊ မကွေး နှင့် စစ်ကိုင်း စသည့် ဒေသများ သို့ ‌ဆက်လက်ရွေ့လျားနိုင်ကြောင်း မိုးဇလကဆိုသည်။ လေပွေလှိုင်း၏အရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်း တိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း၊ […]

မုန်တိုင်းအရှိန်ကြောင့် ထားဝယ်ခရိုင်တွင် မိုးများပြီးရေကြီး

Dawei Watch

September 23, 2025

ဖိလစ်ပိုင်နိုင်ငံ မြောက်ပိုင်း၌ဖြစ်ပေါ်နေသော တိုက်ဖွန်းမုန်တိုင်းရာဂါဆာအရှိန်ကြောင့် ယနေ့ စက်တင်ဘာလ ၂၃ရက်နေ့တွင် ထားဝယ်ခရိုင်တွင် မိုးရွာသွန်းမှုများပြီး ရေကြီးရေလျှံ ဖြစ်နေကြောင်း ထားဝယ်ခရိုင်ရှိ ဒေသခံများထံမှသိရှိရသည်။ ထားဝယ်ခရိုင်အတွင်းရှိ ထားဝယ်၊သရက်ချောင်းတို့တွင် ယနေ့နံနက်ပိုင်းမှစ၍ မိုးအဆက်မပြတ် ရွာသွန်းနေပြီး မြို့ပေါ်ရပ်ကွက်များနှင့် အဓိကလမ်းမကြီးများတွင် ရေကြီးရေလျှံမှုများဖြစ်နေကြောင်း မြို့ခံတို့ထံမှသိရသည်။ ထားဝယ်မြို့ပေါ်ရှိ ဆေးရုံလမ်း၊ဆန်းချီရပ်ကွက် အုတ်ဖိုလမ်းနှင့်ထားဝယ်မြို့သစ် ၁လမ်း၊ သရက်ချောင်းမြို့လယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးရှေ့လမ်းမကြီးတို့တွင် ရေကြီးရေလျှံမှုဖြစ်ပေါ်နေခြင်းဖြစ်သည်။ “ဆေးရုံလမ်းမှာဆိုရင် ကြက်ခြေနီရုံးကကားတွေတောင် ရေမြုပ်နေတယ်”ဟု မြိုခံတစ်ဦးက ယနေ့ နေလယ်ပိုင်းအခြေအနေကို ပြောပြသည်။ မိုးများရင်ရေကြီးလေ့ရှိသည့် လောင်းလုံးမြို့ပေါ် ရပ်ကွက်တို့တွင်မူ ရေကြီး၊ရေလျှံမှုမရှိသေးကြောင်း မြို့ခံတို့ကပြောသည်။ တောင်တရုတ်ပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသော တိုင်ဖွန်းမုန်တိုင်း “ရာဂါဆာ”သည်ယနေ့ နေ့လယ် ၁၂ နာရီတိုင်းထွာချက်အရ အနောက်ဘက်သို့ ဆက်လက်ရွှေ့လျားတည်ရှိနေပြီး စက်တင်ဘာ ၂၅ ရက်နေ့တွင် ဗီယက်နမ်နိုင်ငံ မြောက်ပိုင်းကမ်းခြေဒေသများကို […]

မုန်တိုင်းတိုက်ပြီး ရေကြီးမြေပြိုမှုကြောင့် ထိုင်းတွင် သေဆုံးသူ ငါးဦးရှိလာ၊ ၁၀ ဦးထက်မနည်း ပျောက်ဆုံး

Dawei Watch

August 28, 2025

ကဂျီကီ မုန်တိုင်းတိုက်ခတ်ပြီးနောက် ထိုင်းနိုင်ငံမြောက်ပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး ရေကြီးမြေပြိုမှုများကြောင့် ယနေ့ နံနက်ပိုင်းအထိ သေဆုံးသူ ငါးဦးရှိလာခဲ့ပြီး ပျောက်ဆုံးနေသူများ ဆက်ရှိနေဆဲဖြစ်ကြောင်း ထိုင်းနှင့် နိုင်ငံတကာ သတင်းဌာနများတွင် ဖော်ပြချက်အရ သိရသည်။ မုန်တိုင်းကြောင့် ထိုင်းမြောက်ပိုင်းနှင့် အရှေ့မြောက်ပိုင်းခရိုင်များဖြစ်သော ချင်းမိုင်၊ ချင်းရိုင်၊ မယ်ဟောင်ဆောင် ခရိုင်များ အပါအဝင် ခရိုင် ၁၂ ခုအထိ ရေကြီးမှု၊ မြေပြိုမှုများကို ပြင်းထန်စွာခံစားခဲ့ရပြီး လမ်း၊ တံတားများလည်း ပျက်စီးခဲ့ကြောင်း အာဏာပိုင်များက ပြောသည်။ ရေကြီးမြေပြိုမှုများကြောင့် အိမ်ပေါင်း ၁၈၀၀ ခန့် ပျက်စီးခဲ့ပြီး လူပေါင်း ၆၃၀၀ ကျော် ထိခိုက်ခံစားခဲ့ရကြောင်း ထိုင်းဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဌာန (DDPM) က ထုတ်ပြန်သည်။ ချင်းမိုင်တွင် မြေပြိုမှုကြောင့် လူ လေးဦးသေဆုံးခဲ့ပြီး မယ်ဟောင်ဆောင်တွင် တစ်ဦး ရေနှင့်အတူ […]

ထားဝယ်မြို့တွင် မိုးကြီး လေပြင်းတိုက်ပြီး နေအိမ် ၁၀နီးပါး အမိုးလန်ပျက်စီး

Dawei Watch

August 27, 2025

ထားဝယ်မြို့ပေါ်တွင် ဩဂုတ်လ ၂၆ ရက် ညဦးပိုင်းနှင့် ညသန်းခေါင်အချိန်တို့တွင် မိုးကြီးပြီး လေပြင်းတိုက်ခတ်ခြင်းကြောင့် လူနေအိမ် ၁၀ ဆောင်နီးပါး ခေါင်မိုးလန် ပျက်စီးကြောင်း မြို့ခံအချို့က ပြောသည်။ ထားဝယ်မြို့ပေါ်နှင့် အနီးတစ်ဝိုက်တွင် ဩဂုတ်လ ၂၆ရက် ည ၇နာရီဝန်းကျင်နှင့် ညသန်းခေါင်ယံတို့တွင် မိုးကြီးပြီး လေပြင်းကျတိုက်သောကြောင့် တလိုင်းမရပ်ကွက်၊ တရုတ်တန်းလမ်းရှိ နေအိမ်အချို့ နှင့် အခြားရပ်ကွက်များတွင် နေအိမ်အချို့ ခေါင်မိုးလန်ပျက်စီးကြောင်း မြို့ခံအမျိုးသားတစ်ဦးက ဆိုသည်။ “မိုးကြီးတယ်။ လေတိုက်တာက နေရာစုံတော့ မဟုတ်ဘူး။ တရုတ်တန်းလမ်းမှာပဲ အများဆုံးဖြစ်သွားတာ။ ရုတ်တရက် လေပွေလှိုင်း မိသွားတာ ဖြစ်မယ်။ တရုတ်တန်းလမ်းမှာ အိမ်မိုးလန်သွားတာ ခုနစ်ဆောင်ရှိတယ်။ တခြားရပ်ကွက်တွေက တော့ မသိရသေးဘူး” ဟု ယင်းအမျိုးသားကပြောသည်။ Dawei Watch က ရရှိထားသည့် […]