ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

စီးပွားရေး

ဆန်ဈေးငြိမ်ပြီး ဆီဈေးအနည်းငယ်တက်နေသည့်ထားဝယ်ဈေးကွက်

diz_admin

March 10, 2023

ထားဝယ်တွင် ဆန်ဈေးမှာ ဖေဖော်ဝါရီ လလယ်ပိုင်းမှ မတ်လ ၁၀ ရက်အထိ လေးပတ်ဆက်တိုက်ငြိမ်နေသည်။ ဖေဖော်ဝါရီလ ၁၇ရက်က ထားဝယ်ဈေးကွက်တွင် အကယ်ဒမီဆန်ကြမ်း (ဆန်ဟောင်း) အိတ်ကြီးတစ်အိတ်ကို ၇၅၅၀ဝကျပ်၊ ရွှေဘိုပေါ်ဆန်းအောင်သီဟ (ဆန်ဟောင်း) ၂၄ ပြည်တစ်အိတ်ကို ၁၂၃၀၀ဝကျပ်၊ အကယ်ဒမီဆန် (ဆန်ဟောင်း) အစိမ်းရောင်တံဆိပ် ၂၄ပြည် တစ်အိတ်ကို ၈၉၀၀ဝကျပ်၊ အကယ်ဒမီဆန် (ဆန်ဟောင်း) အနီရောင်အမျိုးအစား ၂၄ပြည် တစ်အိတ်ကို ၈၃၀၀ဝကျပ် ရှိခဲ့သည်။ ယနေ့ မတ်လ ၁၀ ရက်အထိ ထားဝယ်ဈေးကွက်ရှိ ဆန်ဈေးမှာ အထက်ပါဈေးနှုန်းများအတိုင်း လေးပတ်ဆက်တိုက် တည်ငြိမ်နေခြင်းဖြစ်သည်။ ဖေဖော်ဝါရီလ တစ်လလုံးနီးပါးငြိမ်နေသည့် စားသုံးဆီဈေးမှာ မတ်လပထမပတ်ကစပြီး အနည်းဈေးတက်လာခဲ့သည်။ ဖေဖော်ဝါရီလက ဇွဲတံဆိပ် ပဲဆီတစ်ပိဿာလျှင် ၁၄၅၀ဝကျပ်ရှိရာမှ ယနေ့ မတ်လ ၁ဝရက်တွင် ၁၅၁၅ဝကျပ် […]

ရွှေတစ်ကျပ်သား နှစ်ဆယ့်ရှစ်သိန်းကျော်ဖြင့် ဈေးငြိမ် (မတ်လ ၉ )

diz_admin

March 9, 2023

ယမန်နေ့နှင့် ယနေ့‌ဈေးနှုန်းနှိုင်းယှဉ်ချက်အရ အခေါက်ရွှေဈေးမှာ အပြောင်းအလဲမရှိ ငြိမ်နေသည်။ ထားဝယ်ဈေးကွက်အတွင်း ရွှေတစ်ကျပ်သားလျှင် နှစ်ဆယ့်ရှစ်သိန်းနှစ်သောင်း(2820000ကျပ်)ဖြင့် ဈေးဖွင့်ထားသည်။ ထိုင်းဘတ်နှင့်ဓာတ်ဆီဈေးမှာ အနည်းငယ်ကျနေသည်။ ဓာတ်ဆီဈေးမှာ ရည်ညွှန်းဈေးနှုန်းအပြင် မြေပြင်တွင် လူအများအမှန်တစ်ကယ် ဝယ်ယူသုံးစွဲရသည့် ပြင်ပဈေးကွက်ပေါက်ဈေးကိုပါ ပူးတွဲဖော်ပြအပ်ပါသည်။

ရွှေတစ်ကျပ်သား ကျပ်တစ်သောင်း ဈေးကျ (မတ်လ ၈ )

diz_admin

March 8, 2023

ယမန်နေ့နှင့် ယနေ့‌ဈေးနှုန်းနှိုင်းယှဉ်ချက်အရ အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ်တစ်‌‌သောင်း ထပ်ကျသွားသည်။ ထားဝယ်ဈေးကွက်အတွင်း ရွှေတစ်ကျပ်သားလျှင် နှစ်ဆယ့်ရှစ်သိန်းနှစ်သောင်း(2820000ကျပ်)ဖြင့် ဈေးဖွင့်ထားသည်။ ထိုင်းဘတ်ဈေးမှာ အနည်းငယ်ကျနေပြီးဓာတ်ဆီဈေးမှာ ပြန်တက်လာသည်။ ဓာတ်ဆီဈေးမှာ ရည်ညွှန်းဈေးနှုန်းအပြင် မြေပြင်တွင် လူအများအမှန်တစ်ကယ် ဝယ်ယူသုံးစွဲရသည့် ပြင်ပဈေးကွက်ပေါက်ဈေးကိုပါ ပူးတွဲဖော်ပြအပ်ပါသည်။

ကျပ်ငါးထောင်ပြန်ကျသည့် ရွှေဈေး (မတ် ၇ )

diz_admin

March 7, 2023

ယမန်နေ့နှင့် ယနေ့‌ဈေးနှုန်းနှိုင်းယှဉ်ချက်အရ အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ်ငါးထောင်ပြန်ကျသွားသည်။ ထားဝယ်ဈေးကွက်အတွင်း ရွှေတစ်ကျပ်သားလျှင် နှစ်ဆယ့်ရှစ်သိန်းသုံးသောင်းကျပ်ဖြင့် ဈေးဖွင့်ထားသည်။ ထိုင်းဘတ်ဈေးနှင့် ဓာတ်ဆီဈေးမှာ အနည်းငယ် ပြန်တက်လာသည်။ ဓာတ်ဆီဈေးမှာ ရည်ညွှန်းဈေးနှုန်းအပြင် မြေပြင်တွင် လူအများအမှန်တစ်ကယ် ဝယ်ယူသုံးစွဲရသည့် ပြင်ပဈေးကွက်ပေါက်ဈေးကိုပါ ပူးတွဲဖော်ပြအပ်ပါသည်။

ရွှေတစ်ကျပ်သား နှစ်ဆယ့်ရှစ်သိန်းသုံးသောင်းငါးထောင်ဖြင့် ဈေးဖွင့် (မတ် ၆ )

diz_admin

March 6, 2023

ထားဝယ်ဈေးကွက်တွင် ရွှေတစ်ကျပ်သားလျှင် နှစ်ဆယ့်ရှစ်သိန်းသုံးသောင်းငါး‌ထောင်ကျပ်ဖြင့် ဈေးဖွင့်ထားသည်။ ပြီးခဲ့သည့်သောကြာနေ့ ပေါက်ဈေးနှင့် နှိုင်းယှဉ်ပါက ရွှေတစ်ကျပ်သားလျှင် ကျပ်ငါးထောင် ပြန်တက်လာခြင်းဖြစ်သည်။ ထိုင်းဘတ်ဈေးနှင့် ဓာတ်ဆီဈေးမှာ အနည်းငယ်ကျ‌နေသည်။ ဓာတ်ဆီဈေးမှာ ရည်ညွှန်းဈေးနှုန်းအပြင် မြေပြင်တွင် လူအများအမှန်တစ်ကယ် ဝယ်ယူသုံးစွဲရသည့် ပြင်ပဈေးကွက်ပေါက်ဈေးကိုပါ ပူးတွဲဖော်ပြအပ်ပါသည်။

ရွှေနှင့် ထိုင်းဘတ်ဈေး တစ်ပတ်အတွင်း သုံးသပ်ချက်

diz_admin

March 4, 2023

ယခုအပတ်တွင် ရွှေဈေးမှာ လုံးဝအလှုပ်အခတ်မရှိဘဲငြိမ်နေပြီး ထိုင်းဘတ်ဈေးမှာ အတက်အကျ အနည်းငယ်သာရှိသည်။ ထူးခြားချက်အနေဖြင့် အခေါက်ရွှေဈေးမှာ ဈေးတန်းတစ်ခုတွင် တစ်ပတ်လုံးငြိမ်နေခဲ့သည်။ ထိုကြောင့် တောင်ပိုင်းသားများအတွက် အရေးပါလှသည့် စက်သုံးဆီ၊ ဘတ်ဈေးနှင့် ရွှေဈေးနှုန်းများ၏ ဈေးကွက်လားရာကို ချိန်ဆနိုင်စေရန် တစ်ပတ်အတွင်း အခြေအနေနှင့် သုံးသပ်ချက်များကို ဖော်ပြလိုက်သည်။ တစ်ပတ်လုံးငြိမ်နေသည့် ရွှေဈေး အခေါက်ရွှေဈေးသည် ယခုအပတ်အတွင်း အပြောင်းအလဲလုံးဝမရှိဘဲ ဈေးငြိမ်နေသည်။ အခေါက်ရွှေတစ်ကျပ်သားလျှင် နှစ်ဆယ့်ရှစ်သိန်းသုံးသောင်းကျပ်ဖြင့် ဖေဖော်ဝါရီလ ၂၇ ရက်(တနင်္လာနေ့)မှ မတ်လ ၃ ရက်နေ့အထိ ငြိမ်နေခဲ့သည်။ ပြီးခဲ့သည့်အပတ်ကမူ ကျပ်ထောင်ဂဏန်းအထိ အတက်အကျ ဖြစ်ခဲ့သေးသည်။  ပြားစွန်းသာလှုပ်သည့် ဘတ်ဈေး ထိုင်းဘတ်ငွေဈေးမှာ ယခုအပတ်တွင် ပြားစွန်းစွန်းသာ အလှုပ်အခတ်ရှိခဲ့သည်။ တနင်္လာနေ့ပေါက်ဈေးအရ  ထိုင်းငွေတစ်ဘတ်လျှင် ၈၃ ကျပ်ဝန်းကျင်ရှိခဲ့ပြီး နောက်ရက်များတွင် အတက်အကျ အနည်းငယ်သာရှိခဲ့သည်။ ယခုအပတ် […]

ဆန်ဈေးအနည်းငယ်ကျသည့် မြိတ်ကုန်စည်ဈေးကွက်

diz_admin

March 3, 2023

မြိတ်မြို့ရှိ ကုန်စည်ဈေးကွက်တွင် ဆန်ဈေးနှုန်း အနည်းငယ်ကျဆင်းလာသည်။ ပြီးခဲ့သည့် ဇန်နဝါရီလနောက်ဆုံးအပတ်က ဆန်ကြမ်းတစ်အိတ်လျှင် ၅၄၅၀၀ ကျပ်မှ ဖေဖော်ဝါရီလတွင် ၆၀၀၀၀၊ ၆၄၅၀၀ မှ ၇၀၀၀၀ ကျပ်အထိ တဖြေးဖြေးမြင့်တက်ခဲ့သည်။ ဖေဖော်ဝါရီလ ၂၈ ရက်အထိ ၇၀၀၀၀ ကျပ်ရှိနေခဲ့ရာမှ မတ်လ ၁ ရက်မှစပြီး ၄၀၀၀ ကျပ် ကျဆင်းသဖြင့် ၆၆၀၀၀ ကျပ်နှုန်းဖြင့် ရောင်းချနေကြသည်။ ထို့အပြင် ဆန်ချော (ပေါ်ဆန်းမွှေး) တစ်အိတ်လျှင် ၂၀၀၀ ကျပ်မှ ၄၀၀၀ ကျပ်အထိ ကျဆင်းလာသည်။ ဆယ်ပိဿာပါ စားအုန်းဆီပုံးဝါတစ်ပုံးလျှင် ၆၅၀၀၀ ကျပ်ဖြင့် နှစ်ပတ်ဆက်တိုက် ဈေးငြိမ်နေသည်။ ယခုအပတ်တွင် အမဲသားဈေး တစ်ပိဿာလျှင် တစ်ထောင်ကျပ် ဈေးတက်လာသဖြင့် ဝက်သားဈေးနှင့် တစ်တန်းတည်းဖြစ်လာပြီး တစ်ပိဿာလျှင် ၁၈၀၀၀ ကျပ် […]

နှစ်ဆယ့်ရှစ်သိန်းသုံးသောင်းဖြင့် တစ်ပတ်လုံးနီးပါးငြိမ်သည့် ရွှေဈေး (မတ် ၃ )

diz_admin

March 3, 2023

ထားဝယ်ဈေးကွက်တွင် ရွှေတစ်ကျပ်သားလျှင် နှစ်ဆယ့်ရှစ်သိန်းသုံးသောင်းကျပ်ဖြင့် တစ်ပတ်လုံးနီးပါး ဈေးငြိမ်နေသည်။ ထိုင်းဘတ်ဈေးမှာ ပြန်ကျလာပြီး ဓာတ်ဆီဈေးမှာ အနည်းငယ်တက်လာသည်။ ဓာတ်ဆီဈေးမှာ ရည်ညွှန်းဈေးနှုန်းအပြင် မြေပြင်တွင် လူအများအမှန်တစ်ကယ် ဝယ်ယူသုံးစွဲရသည့် ပြင်ပဈေးကွက်ပေါက်ဈေးကိုပါ ပူးတွဲဖော်ပြအပ်ပါသည်။