ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

စီးပွားရေး

ရွှေတစ်ကျပ်သား ၃၇ သိန်းဖြင့်ဈေးဖွင့်ပြီး ထိုင်းငွေတစ်ဘတ်လျှင် ကျပ်တစ်ရာဈေးပေါက် (ဩဂုတ် ၁၄)

Dawei Watch

August 14, 2023

ယမန်နေ့နှင့် ယနေ့ ဈေးနှုန်း နှိုင်းယှဉ်ချက်အရ အခေါက်ရွှေဈေးမှာ ထပ်တက်သွားသည်။ ထားဝယ်ဈေးကွက်အတွင်း ရွှေတစ်ကျပ်သားလျှင် သုံးဆယ့်ခုနှစ်သိန်း‌‌ဝန်းကျင် ဈေးဖွင့်ထားသည်။ ထိုင်းဘတ်ဈေးလည်း ထိုးတက်သွားပြီး ဓာတ်ဆီဈေးမှာ အနည်းငယ်ကျနေသည်။ ဓာတ်ဆီဈေးမှာ ရည်ညွှန်းဈေးနှုန်းအပြင် မြေပြင်တွင် အမှန်တစ်ကယ် ဝယ်ယူသုံးစွဲရသည့် ပြင်ပဈေးကွက်ပေါက်ဈေးကိုပါ ပူးတွဲဖော်ပြအပ်ပါသည်။

ရွှေနှင့် ထိုင်းဘတ်ဈေး တစ်ပတ်အတွင်း သုံးသပ်ချက်

Dawei Watch

August 12, 2023

စင်ကာပူဘဏ်ကြီးတစ်ခုဖြစ်သည့် UOB ဘဏ်က မြန်မာနိုင်ငံနှင့်ဘဏ်လုပ်ငန်းဆိုင်ရာချိတ်ဆက်မှု အားလုံးကိုရပ်ဆိုင်းလိုက်သည့် ဂယက်ကြောင့် ယခုအပတ် ရွှေဈေးမှာ ရုတ်တရက်ထိုးတက်သွားသည်။ ထိုင်းဘတ်ဈေးနှင့် ဓာတ်ဆီဈေးလည်း လိုက်တက်သွားပြီး အမြင့်ဆုံးဈေးတွင် ရောက်နေသည်။ ထိုကြောင့် တောင်ပိုင်းသားများအတွက် အရေးပါလှသည့် စက်သုံးဆီ၊ ဘတ်ဈေးနှင့် ရွှေဈေးနှုန်းများ၏ ဈေးကွက်လားရာကို ချိန်ဆနိုင်စေရန် တစ်ပတ်အတွင်း အခြေအနေနှင့် သုံးသပ်ချက်များကို ဖော်ပြလိုက်သည်။ နှစ်သောင်းတန်ငွေစက္ကူအသစ်ဂယက်ကြောင့် အတက်ဈေးရောက်နေသည့် ရွှေဈေးမှာ စင်ကာပူဘဏ်က မြန်မာနိုင်ငံနှင့်ပတ်သက်သည့် ဘဏ်လုပ်ငန်းချိတ်ဆက်မှုအားလုံးကို ရပ်ဆိုင်းလိုက်ခြင်းက မီးလောင်ရာလေပင့် ဖြစ်သွားစေခဲ့သည်။ နှစ်သောင်းတန်ဂယက်ကြောင့် ဈေးမဖွင့်နိုင်ဘဲ ကြိုက်ရောင်းကြိုက်ဝယ်ဖြစ်နေပြီးနောက်  ၁၂ ရက်အကြာတွင် တစ်ကျပ်သားလျှင် ၃၅ သိန်းကျော်ဖြင့် ဈေးဖွင့်ခဲ့သည်။ ထိုနောက် ရက်ပိုင်းအကြာတွင် စင်ကာပူဘဏ်ကြီးတစ်ခုဖြစ်သည့် United Overseas Bank (UOB) ကမြန်မာနိုင်ငံနှင့် ဘဏ်လုပ်ငန်းဆိုင်ရာ ချိတ်ဆက်မှုအားလုံးကို ရပ်ဆိုင်းခဲ့သည်။ အဆိုပါဘဏ်မှာ မြန်မာနိုင်ငံရှိ စက်သုံးဆီနှင့် စားအုန်းဆီအပါအဝင် ပို့ကုန်သွင်းကုန် စီးပွားရေးလုပ်ငန်းရှင်ကြီးများ၊ စစ်ဗိုလ်ချုပ်များအပါအဝင် စစ်ကောင်စီနှင့်နီးစပ်သူများ အဓိကအသုံးပြုနေသည့် […]

ဆန်ဈေးခုန်တက်ပြီး စားသောက်ကုန်အများစုလည်း ဈေးတက်နေသည့် မြိတ်ဈေးကွက်

Dawei Watch

August 11, 2023

မြိတ်မြို့တွင် အခြေခံစားသောက်ကုန်စည်အများစု၏ ဈေးနှုန်းများ မြင့်တက်လာပြီး ဆန်တစ်အိတ်လျှင် ကျပ်သောင်း ဂဏန်းအထိ ဈေးတက်လာသည်။ ရွှေဘိုပေါ်ဆန်းမွှေးတစ်အိတ်လျှင် ယခင်အပတ်က ၁၃၀၀၀၀ ကျပ်ဈေးရှိရာမှ ၂၀၀၀၀ ကျပ် ဈေးတက်သဖြင့် ၁၅၀၀၀၀ ကျပ်ဖြစ်လာသည်။ ဆန်ကြမ်းတစ်အိတ်လျှင် ၈၃၀၀၀ ကျပ်မှ ၂၀၀၀ ကျပ်တက်သဖြင့် ၈၅၀၀၀ ကျပ်ဖြစ်လာသည်။ ရိုးရိုးပေါ်ဆန်းမွေးတစ်အိတ်လျှင် ယခင်အပတ်ထက် ကျပ် ၃၀၀၀ မှ ၅၀၀၀ အထိ မြင့်တက်လာသည်။ ဆယ်ပိဿာဆံ့ စားအုန်းဆီ ပုံးဝါတစ်ပုံးလျှင် ယခင်အပတ်က ၇၈၀၀၀ ကျပ်ဈေးရှိရာမှ ၂၀၀၀ ကျပ် တက်သဖြင့် ၈၀၀၀၀ ကျပ်ဖြင့် ရောင်းချနေကြသည်။ ထို့ပြင် ငရုတ်သီးခြောက် (ရွှေအပ်) တစ်ပိဿာလျှင် ယခင်အပတ်က ၁၆၅၀၀ ကျပ်ဈေးရှိရာမှ ၂၅၀၀ ကျပ် တက်လာသဖြင့် ၁၉၀၀၀ […]

သုံးဆယ်ခြောက်သိန်းခွဲနီးပါးဖြင့် ငြိမ်နေသည့် ရွှေဈေး (ဩဂုတ် ၁၁)

Dawei Watch

August 11, 2023

ယမန်နေ့နှင့် ယနေ့ ဈေးနှုန်း နှိုင်းယှဉ်ချက်အရ အခေါက်ရွှေဈေးမှာ အတက်အကျမရှိငြိမ်နေသည်။ ထားဝယ်ဈေးကွက်အတွင်း ရွှေတစ်ကျပ်သားလျှင် သုံးဆယ့်ခြောက်သိန်း‌‌လေးသောင်းကျပ် ဈေးဖွင့်ထားသည်။ ထိုင်းဘတ်ဈေးလည်းငြိမ်နေပြီး ဓာတ်ဆီဈေးမှာ ထိုးတက်သွားသည်။ ဓာတ်ဆီဈေးမှာ ရည်ညွှန်းဈေးနှုန်းအပြင် မြေပြင်တွင် အမှန်တစ်ကယ် ဝယ်ယူသုံးစွဲရသည့် ပြင်ပဈေးကွက်ပေါက်ဈေးကိုပါ ပူးတွဲဖော်ပြအပ်ပါသည်။

ရွှေတစ်ကျပ်သား ကျပ်ရှစ်သောင်းတက် (ဩဂုတ် ၁၀)

Dawei Watch

August 10, 2023

ယမန်နေ့နှင့် ယနေ့ ဈေးနှုန်း နှိုင်းယှဉ်ချက်အရ အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ်ရှစ်သောင်း ဈေးတက်သွားသည်။ ထားဝယ်ဈေးကွက်အတွင်း ရွှေတစ်ကျပ်သားလျှင် သုံးဆယ့်ခြောက်သိန်း‌‌လေးသောင်းကျပ် ဈေးဖွင့်ထားသည်။ ထိုင်းဘတ်ဈေးလည်း တက်လာပြီး ဓာတ်ဆီဈေးမှာ ငြိမ်နေသည်။ ဓာတ်ဆီဈေးမှာ ရည်ညွှန်းဈေးနှုန်းအပြင် မြေပြင်တွင် အမှန်တစ်ကယ် ဝယ်ယူသုံးစွဲရသည့် ပြင်ပဈေးကွက်ပေါက်ဈေးကိုပါ ပူးတွဲဖော်ပြအပ်ပါသည်။

ကျပ်နှစ်သောင်း ထပ်တက်သည့် ရွှေဈေး (ဩဂုတ် ၉)

Dawei Watch

August 9, 2023

ယမန်နေ့နှင့် ယနေ့ ဈေးနှုန်း နှိုင်းယှဉ်ချက်အရ အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ်နှစ်သောင်း ဈေးထပ်တက်လာသည်။ ထားဝယ်ဈေးကွက်အတွင်း ရွှေတစ်ကျပ်သားလျှင် သုံးဆယ့်ငါးသိန်း‌ခြောက်သောင်းကျပ် ဈေးဖွင့်ထားသည်။ ထိုင်းဘတ်ဈေးလည်း တက်လာပြီး ဓာတ်ဆီဈေးမှာ ငြိမ်နေသည်။ ဓာတ်ဆီဈေးမှာ ရည်ညွှန်းဈေးနှုန်းအပြင် မြေပြင်တွင် အမှန်တစ်ကယ် ဝယ်ယူသုံးစွဲရသည့် ပြင်ပဈေးကွက်ပေါက်ဈေးကိုပါ ပူးတွဲဖော်ပြအပ်ပါသည်။

ရွှေတစ်ကျပ်သား ကျပ်တစ်သောင်း ထပ်တက် (ဩဂုတ် ၈)

Dawei Watch

August 8, 2023

ယမန်နေ့နှင့် ယနေ့ ဈေးနှုန်း နှိုင်းယှဉ်ချက်အရ အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ်တစ်သောင်း ဈေးထပ်တက်လာသည်။ ထားဝယ်ဈေးကွက်အတွင်း ရွှေတစ်ကျပ်သားလျှင် သုံးဆယ့်ငါးသိန်း‌လေးသောင်းကျပ် ဈေးဖွင့်ထားသည်။ ထိုင်းဘတ်ဈေးမှာ အနည်းငယ်တက်ပြီး ဓာတ်ဆီဈေးမှာ ဆက်တိုက်တက်ရိပ်ပြ‌နေသည်။ ဓာတ်ဆီဈေးမှာ ရည်ညွှန်းဈေးနှုန်းအပြင် မြေပြင်တွင် အမှန်တစ်ကယ် ဝယ်ယူသုံးစွဲရသည့် ပြင်ပဈေးကွက်ပေါက်ဈေးကိုပါ ပူးတွဲဖော်ပြအပ်ပါသည်။

သုံးဆယ်ငါးသိန်းသုံးသောင်း ဈေးဖွင့်သည့် ရွှေဈေး (ဩဂုတ် ၇)

Dawei Watch

August 7, 2023

ဩဂုတ်လ ၄ ရက်နှင့် ယနေ့ ဈေးနှုန်း နှိုင်းယှဉ်ချက်အရ အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ်တစ်သောင်း ဈေးတက်လာသည်။ ထားဝယ်ဈေးကွက်အတွင်း ရွှေတစ်ကျပ်သားလျှင် သုံးဆယ့်ငါးသိန်းသုံးသောင်းဖြင့် ဈေးဖွင့်ထားသည်။ ထိုင်းဘတ်ဈေးမှာ ငြိမ်နေပြီး ဓာတ်ဆီဈေးမှာ တက်ရိပ်ပြ‌နေသည်။ ဓာတ်ဆီဈေးမှာ ရည်ညွှန်းဈေးနှုန်းအပြင် မြေပြင်တွင် အမှန်တစ်ကယ် ဝယ်ယူသုံးစွဲရသည့် ပြင်ပဈေးကွက်ပေါက်ဈေးကိုပါ ပူးတွဲဖော်ပြအပ်ပါသည်။