ဆန် နှင့် ဆီ ဈေး ငြိမ်နေတဲ့ ထားဝယ်ဈေးကွက်
Dawei Watch
September 1, 2023ထားဝယ်တွင် ဩဂုတ်လ ၁၈ ရက်မှစ၍ ဆန်နှင့်ဆီဈေးမှာ နှစ်ပတ်ဆက်တိုက်ငြိမ်နေသည်။ ဩဂုတ်လ ၁၁ ရက်နေ့တွင် ရက် ၉၀ အကယ်ဒမီဆန်ကြမ်းတစ်အိတ်ကို ၈၆၅၀၀ ကျပ်မှ ဩဂုတ်လ ၁၈ ရက်နေ့တွင် ၉၂၀၀၀ ကျပ်သို့ဈေးတက်သွားသည်။ အကယ်ဒမီ ဆန်ကြမ်း ရက် ၉၀ မျာ ၂၄ ပြည် တစ်အိတ်ကို ဩဂုတ်လ ၁၈ ရက်မှစ၍ ယနေ့ စက်တင်ဘာ ၁ ရက်နေ့အထိ ၉၂၀၀၀ ကျပ်ဖြင့် နှစ်ပတ်ဆက်တိုက်ဈေးငြိမ်နေသည်။ ထိုနည်းတူ ပေါ်ဆန်း အကယ်ဒီမီဆန် (အစိမ်းရောင်အမှတ်တံဆိပ် ၂၄ ပြည်တစ်အိတ် ၁၃၅၀၀၀ကျပ်၊ အနီရောင်အမှတ်တံဆိပ် ၂၄ ပြည်တစ်အိတ် ၁၃၂၀၀၀ကျပ်ဖြင့် ဩဂုတ်လ ၂၅ ရက်မှစ၍ ယနေ့စက်တင်ဘာ ၁ ရက်နေ့အထိ တစ်ပတ်လုံးလုံးဈေးငြိမ်နေခြင်းဖြစ်သည်။ ယင်းအပြင် […]


