ဘုရားတပြီး ခရီးသွားနေရသည့် တောင်ပိုင်းသားများ
diz_admin
September 25, 2022ရန်ကုန်မြို့သို့ကားဖြင့် ခရီးသွားလေ့ရှိသည့် မြိတ်မြို့နေ မဖြူထွေးတစ်ယောက် ယခုတော့ ကားခထက် သုံးဆခန့် ပိုမိုကုန်ကျသည့် လေယာဉ်ဖြင့်သာ သွားတော့သည်။ အသက် ၂၅ နှစ်အရွယ် မဖြူထွေးသည် ရန်ကုန်မြို့တွင် အလုပ်ကိစ္စရှိပါက ခရီးသည်တင်ကားဖြင့်သာ ခရီးသွားလေ့ရှိသူဖြစ်သည်။ အာဏာသိမ်းပြီးနောက်ပိုင်းတွင်မူ ကုန်းလမ်းထက် ကုန်ကျငွေပိုများသည့် လေကြောင်းခရီးကိုသာ ရွေးချယ်သွားလာနေရသည်ဟု ဆိုသည်။ အကြောင်းမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြိတ်- ထားဝယ်- ရန်ကုန် ကားလမ်းတစ်လျှောက် စစ်ကောင်စီတပ်၏ စစ်ဆေးရေးဂိတ် အများအပြားဖွင့်ပြီး စစ်ဆေးမှုတင်းကျပ်နေသည့်အတွက်ဖြစ်ကြောင်း မဖြူထွေးက ပြောသည်။ ထို့အပြင် လမ်းခရီး၌ စစ်ကောင်စီတပ်နှင့် အာဏာသိမ်းမှုကို တွန်းလှန်တိုက်ခိုက်နေသည့် ပြည်သူ့ကာကွယ်ရေး တပ်တို့အကြား တိုက်ပွဲဖြစ်လာမည့်အရေး စိုးရိမ်နေရကြောင်း ၎င်းက ဆိုသည်။ ထိုအခင်းအကျင်းများကြောင့် မြိတ်-ရန်ကုန် အသွားအပြန်စရိတ်မှာ ခရီးသည်တင်ကားထက် ငွေကျပ်နှစ်သိန်းကျော် ပိုမိုကုန်ကျသော်လည်း လေယာဉ်ဖြင့်သွားရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း […]


