BREAKING
May 3, 2025

ဆောင်းပါး

တစ်ပတ်စာ ဗေဒင် (၁၁- ၁- ၂၀၂၁ မှ ၁၇- ၁-၂၀၂၁ ထိ)

diz_admin

January 11, 2021

တနင်္ဂနွေဆုံးရှုံးမည်ထင်သော ငွေကြေးများပြန်ရမည်။ လုပ်ငန်းများ အောင်မြင်မည်။ ကားရောင်းမည့် ကိစ္စများ အဆင်ပြေမည်။ ဘုရားဖူးခရီးများ သွားရတတ်သည်။ မိတ်ဆွေအချင်းချင်းအထင်မှား အမြင်မှား ဖြစ်တတ်သည်။ ကျန်းမာရေး စိုးရိမ်စရာမရှိပါ။ ယခုလအတွင်း မြေမဝယ်ပါနှင့်။ မေတ္တာရေးသည်ကား ထာဝရမခွဲ လက်တွဲသွားရပါမည်။အကျိုးပေးသော အရောင် ။ ။ အနီရောင်၊ ပြောက်ကျားအကျိုးမပေးသော အရောင် ။ ။ အစိမ်းရောင်၊ ပန်းဆီရောင်အကျိုးပေးသော ဂဏန်းများ ။ ။ ၁၊ ၂၊ ၇၊ ဝ ပါသော ဂဏန်းများယတြာ ။ ။ ဖရဲသီးကို အစိတ်စိတ်ပြု၍ ကြာသပတေးနေ့၌ ဘုရား ဆွမ်းတော်ကပ်လှူပါ။ တနင်္လာတယ်လီဖုန်း ဝင်မည်။ စီးပွားရေးလုပ်ငန်းများ ကံပွင့်လာဘ်ပွင့် ဖြစ်လာမည်။ ခရီးတစ်ခု သွားရ မည်။ အိမ်ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရတတ်သည်။ […]

လူသိသိပ်မများလှတဲ့ သခွားသီးရဲ့ ဘေးထွက်ဆိုးကျိုးများ

diz_admin

January 10, 2021

ဆေးပညာပိုင်းဆိုင်ရာ တည်းဖြတ်သူ- Dr. Phyo Wai Lynn | ရေးသားသူ- Ye Zon Aung သခွားသီး ချိုချိုအေးအေးလေးကို လူတိုင်းနီးပါး နှစ်သက်သဘောကျကြပါတယ်။ မြန်မာထမင်းဝိုင်းတွေမှာဆို အတို့အမြှုပ်အနေနဲ့ရော တခါတရံမှာ ဟင်းချိုလို၊ အသုပ်လို ဟင်းအမည်အနေနဲ့ပါ ပါဝင်နေတတ်တဲ့ အစားအစာတစ် မျိုးပေါ့။ ဒါတင်ပဲလားဆိုရင်တော့ မဟုတ်သေးပါဘူး။ သခွားသီးက ဆေးဘက် ဝင်လှသလို အလှအပကြိုက်တတ်တဲ့ ပျိုမေတွေအတွက်လည်း အသုံးတည့်လှတဲ့ ဆေးဝါးဓာတ်စာတစ်မျိုးပါ။ အသားအရေကို အေးမြစေပြီး ဘက်တီးရီးယားပိုးမွှားတွေကို သေစေလို့ အရေပြားအလှအပ ထိန်းသိမ်းတဲ့နေရာမှာလည်း သခွားသီးကို အသုံးများလာ ကြပါတယ်။ ဝက်ခြံနဲ့ အဖုအပိမ့်တွေ၊ ချွေးပေါက်ကျယ်တာကို သက်သာစေပြီး နေလောင်ဒဏ်ကြောင့် အသားအရေ မပျက်စီးစေဖို့ကိုလည်း အစိုဓါတ်ထိန်းပြီး ကာကွယ်ပေးနိုင်ပါသေးတယ်။ နောက်ပြီး သခွားသီးမှာ ကစီဓာတ်၊ အသားဓာတ်၊ […]

ကိုဗစ်ကြားမှ ညမွှေးပန်းများ

diz_admin

January 7, 2021

နီယွန်မီးသီးများထွန်းထားသည်ထားဝယ်မြို့ပေါ်ရှိ ပေတစ်ရာလမ်းမကြီးပေါ်တွင် အသက် ၁၇ နှစ်အရွယ် မိန်ကလေးငယ်တစ်ဦး လမ်းလျှောက် နေသည်။ ထိုသို့ လျှောက်နေသည်မှာ တစ်ရက်လည်း မဟုတ်၊ တစ်လလည်း မဟုတ်။ နှစ်ချီကြာမြင့်နေပြီ ဖြစ်ပြီး ယင်းသို့ လမ်းလျှောက်ခြင်းကပင် သူမအဖို့ အလုပ်လုပ်နေခြင်းပင်ဖြစ်သည်။ သူမအမည်မှာ မဖြူ(အမည်လွှဲ) ဖြစ်ပြီး ပုံမှန်အတိုင်းပင် လျှောက်နေသည့်ခြေလှမ်းများက သူမအဖို့ ဖောက်သည်ရှာနေခြင်းပင်ဖြစ်သည်။ သူမနှင့် ပျော်ပါးလိုသည့် အမျိုးသားများက ဆိုင်ကယ်ဖြင့် ရောက်လာကာ အလုပ်လုပ်မည့် နေရာသို့ ခေါ်ဆောင်သွားလေ့ရှိပြီး အလုပ်ကိစ္စပြီး ပါက ပြန်လာပို့ပေးလေ့ရှိသည်။ သူမနှင့် တစ်ကြိမ်ပျော်ပါးပါက ငွေကျပ် ငါးထောင်ပေါက်ဈေးရှိပြီး လက်ရှိတွင် ကိုဗစ် ကြောင့် ယခင်ကဲ့သို့ ဝင်ငွေမရွှင်တော့ဟု မဖြူက ဆိုသည်။ သူတို့အားလုံး ကိုယ်စီ ကိုဗစ်ကြောင့် စားဝတ်နေရေး ကျပ်တည်းကြရသည်။ ကပ်ဘေး […]

တစ်ပတ်စာ ဗေဒင် (၄- ၁- ၂၀၂၁ မှ ၁၀- ၁-၂၀၂၁ ထိ)

diz_admin

January 5, 2021

တနင်္ဂနွေယခုလအတွင်း မြေ မဝယ်ပါနှင့်။ လုပ်ငန်းများ တိုးတက်အောင်မြင်မည်။ ခရီးတစ်ခု သွားရမည်။ တီဗွီ၊ ရေခဲသေတ္တာ၊ အလှကုန်ပစ္စည်း တစ်ခုခုဝင်မည်။ ငွေကြေးများစွာ မထင်မှတ်ပဲဝင်လာမည်။ သင့်အိမ်ရှိမိခင်၊ အဒေါ် ကျန်းမာရေးဂရုပြုပါ။ သင်တန်းတက်ခြင်း၊ ပညာသင်ခြင်းကိစ္စများ ဖြစ်ထွန်းမည်။ ကျန်းမာရေးနှင့်ပတ်သက်၍ အဆုတ် ကျန်းမာရေးဂရုပြုပါ။ မေတ္တာရေးသည်ကား အသွင်တူ၍ အိမ်သူဖြစ်ရမည့် ကာလဖြစ်သည်။ ။အကျိုးပေးသော အရောင် ။ ။ အနက်ရောင်၊ ခဲရောင်အကျိုးမပေးသော အရောင် ။ ။ အဝါရောင်၊ ခရမ်းရောင်မစားသင့်သော အစားအစာ ။ ။ ဘဲသား၊ ပြောင်းဖူးယတြာ ။ ။ သစ္စာပန်းကို သောကြာနေ့၌ ဘုရားပန်းကပ်လှူပါ။ တနင်္လာရွှေ ဝင်မည်။ သားသမီးရတနာများ ရမည်။ စပ်တူရှယ်ယာများ အဆင်ပြေမည်။ သင့်အိမ်ရှိ နာရီများပျက်နေလျှင် […]

Diet ဆိုပြီး မိနေတဲ့ ချင်း (ဂျင်း) များ

diz_admin

January 3, 2021

ဆေးပညာပိုင်းဆိုင်ရာ တည်းဖြတ်သူ – Dr. Phyo Wai Lynn | ရေးသားသူ – Ye Zon Aung ကိုယ်အလေးချိန်လျှော့ချဖို့အတွက် Diet ဖြစ်အောင်စားကြမယ်လို့ လူအတော်များများက ပြောကြ လုပ်ကြ တယ်။ ဒါပေမယ့် Diet ဆိုတာကို ကြည့်လိုက်ရင် အစာလျှော့စားတာနဲ့ အာဟာရမပြည့်ဝတဲ့ ဟိုစပ်စပ်ဒီစပ်စပ် အစားအစာ လေးတွေချည်းဖြစ်နေတတ် ပါတယ်။ တကယ်တာ့ Diet ဆိုတာ ကျန်းမာရေးနဲ့ ညီညွတ်အောင်စားတာကို ဆိုလိုတာပါ။ အစားရှောင်ခိုင်းတာ မဟုတ်လိသု တိုစိတိုစိ နည်းနည်း နည်းနည်း စားခိုင်းတာလည်း မဟုတ် ပါဘူး။ Diet လို့ ခေါင်းစဉ်တပ်ပြီး မိနေတဲ့ ချင်း (ဂျင်း) တွေအများကြီးပါပဲ။ Diet စားပြီး ဝိတ်ချမယ်လို့ ကျွေးကြော်ပြီး […]

သားသမီးမဲ့ အမယ်အို၏ ဆည်းဆာချိန်

diz_admin

December 31, 2020

အသားဖြူဖြူ ရုပ်ရည်သန့်သန့် အမယ်အို တစ်ဦး တဲလေးတစ်လုံးရှေ့ထိုင်ကာ လမ်းသွား လမ်းလာသူများကို ငေးကြည့်နေသည်။ မြိတ်မြို့၊ ဇေယျာသီရိ (၁) ရပ်ကွက် အုန်းတော စာသင်ကျောင်းလမ်းအဆုံး ၁၀ ပေပတ်လည်ခန့်ရှိသည့် တဲကလေးတစ်လုံးတွင် ထိုင်ကာငေးကြည့် နေခြင်းဖြစ်သည်။ အမယ်အိုအမည်က “ဒေါ်ဖွားရှမ်း”။ အသက် ၉၅ နှစ်ရှိပြီဖြစ်သော်လည်း အရွယ်က အသက်လောက် မအိုစာသေးသလို ထိုင်ထသွားလာနိုင်သေးသည်။ ယခင်က သူ့တွင် သားသမီး တစ်ဒါဇင်ကျော် ရှိခဲ့ဖူးသည်။ သို့သော် ယခုအချိန်တွင် သားသမီးအားလုံး အိမ်ထောင်ရာသားကျနေကြပြီဖြစ်ပြီး မည်သည့်နေရာတွင် ရောက်ရှိနေကြသည်ဟု သူ မသိတော့။ မြို့ပေါ်တွင်လည်း တစ်ယောက်မှမရှိသလို အဆက်အသွယ်မရသည်မှာလည်း နှစ်ပေါင်းများစွာ ကြာပြီဟု အမယ်အိုကပြောပြသည်။ “နေမကောင်း၊ စားမကောင်းဖြစ်ရင် ကိုယ့်သားသမီးတွေကို ပိုသတိရတယ်။ တစ်ယောက်တစ်ယောက် ရောက်လာမလား၊ မျှော်နေရတာပေါ့” အမယ်အို၏ […]

တစ်ပတ်စာ ဗေဒင် (၂၈- ၁၂- ၂၀၂၀ မှ ၃- ၁-၂၀၂၁ ထိ)

diz_admin

December 28, 2020

တနင်္ဂနွေလုပ်ငန်းနှင့် ပတ်သက်၍ စိတ်တိုင်းမကျဖြစ်ရတတ်သော ကာလဖြစ်သည်။ လာဘ်လာဘကြီး တစ်ခုရမည်။ နာရီ ဝင်မည်။ မင်္ဂလာစုံတွဲ ကံစမ်းပါ။ ကျန်းမာရေး ဂရုပြုပါ။ အဓိဋ္ဌာန်ပြုဆုတောင်း က မုချအောင်မြင်မည့်ကာလ ဖြစ်သည်။ မေတ္တာရေးသည်ကား အထီးကျန်ဆန်လွန်းသောကာလကို ဖြတ်ကျော်နေရဦးမည်။ အကျိုးပေးသော အရောင် ။ ။ အနီရောင်၊ အညိုရောင်အကျိုးမပေးသော အရောင် ။ ။ လိမ္မော်ရောင်၊ ပန်းနုရောင်မစားသင့်သော အစားအစာ ။ ။ ဘဲသား၊ ပူတင်းယတြာ ။ ။ ဆွမ်းခံဘုန်းကြီးတစ်ပါးကို ဆွမ်းဟင်းလောင်းလှူပါ။ တနင်္လာသင်ရည်မှန်းထားသော ရည်ရွယ်ချက်များ အထမြောက်မည်။ ငွေကြေးများစွာ ပိုင်ဆိုင်ရမည့် ကာလ ဖြစ်သည်။ ခရီးတစ်ခု သွားရမည်။ ယာဉ် ဝင်မည်။ သားသမီးရတနာများ ရတတ်သည်။ မိတ်ဆွေများနှင့် သဘောထားချင်း ကွဲလွဲတတ်သည်။ […]

ကိုဗစ်ကာလ ပြည်တွင်းလေကြောင်း ခရီးသည်များ သတိထားရန်အချက်များ

diz_admin

December 27, 2020

ဆေးပညာပိုင်းဆိုင်ရာ တည်းဖြတ်သူ- Dr. Phyo Wai Lynn | ရေးသားသူ- Dr. Htet Htet Zaw Win ကိုဗစ် ကြောင့် စီးပွားရေးလုပ်ငန်းတွေ၊ ခရီးသည် သယ်ယူပို့ဆောင်ရေး လုပ်ငန်းတွေ အချိန်အတော်ကြာရပ်နားခဲ့ရာက စီးပွားရေးတွေပြန်ပြီး ခေါင်း ထောင်လာနိုင်ဖို့ ဒီဇင်ဘာ ၁၆ရက်နေ့ ကစပြီး ပြည်တွင်းလေကြောင်း လိုင်းတွေ ပြန်လည် ပျံသန်းခွင့်ပေးတော့မယ်လို့ ဆိုပါတယ်။ ဒီလိုအချိန်ကြာ ရပ်နားခဲ့ရာက ပြန်လည်ဖွင့်ပေးတဲ့အတွက် စီးပွားရေးအရရော၊ သာရေး နာရေး လူမှုရေး ကိစ္စတွေအတွက်ပါ သွားလို့လာလို့ ပိုအဆင်ပြေလာမှာ ကတော့ အမှန်ပါပဲ။ကိုဗစ် ကြောင့် စီးပွားရေးလုပ်ငန်းတွေ၊ ခရီးသည် သယ်ယူပို့ဆောင်ရေး လုပ်ငန်းတွေ အချိန်အတော်ကြာရပ်နားခဲ့ရာက စီးပွားရေးတွေပြန်ပြီး ခေါင်းထောင်လာနိုင်ဖို့ ဒီဇင်ဘာ ၁၆ရက်နေ့ ကစပြီး ပြည်တွင်းလေကြောင်း […]