ထိုင်းတွင်ရောင်းချခွင့်ပိတ်ထားသော်လည်း ထားဝယ်တွင်လူကြိုက်များနေသည့် ထိုင်းဆေးလိပ်
Dawei Watch
June 22, 2023အာဏာသိမ်းပြီးနောက်ပိုင်းတွင် ထားဝယ်ဒေသအတွင် ထိုင်းနိုင်ငံထုတ် ဆေးလိပ်တစ်မျိုး ခေတ်စားလာသည်။ မြန်မာပြည်တွင် ရောင်းချနေသည့် ဆေးလိပ်များထက် ဈေးသက်သာသည့်အပြင် ထိုင်းနိုင်ငံထုတ်ဆိုသည့်အတွက် ဆေးလိပ်သမားများ၏ လက်စွဲဖြစ်လာသည်။ ယင်းဆေးလိပ်အမည်က ထိုင်းဘာသာစကားဖြင့် ကွန်ထစ် ဟုခေါ်ပြီး ထိုင်းနိုင်ငံတွင် ပြီးခဲ့နှစ်ပေါင်းများစွာကတည်းက နာမည်ကြီးခဲ့သော တံဆိပ်ဟုဆိုသည်။ အနီရောင်ဘူးခွံဖြင့် ထုတ်ပိုးထားသည့် ကွန်ထစ်(Kpong Thip) ဆေးလိပ်မှာ ဘူးခွံအပျော့နှင့်အမာဟူ၍ နှစ်မျိုးနှစ်စားရှိပြီး ဝယ်သူများ၍ ဆိုင်တိုင်းတွင် နေရာယူလာကြောင်း ထားဝယ်မြို့ခံအချို့က ဆိုသည်။ ထို့အပြင် ဘူးခွံတွင် Export Only (ပို့ကုန်သီးသန့်) ဟု ရေးသားထားသည်။ ထိုင်းမြန်မာနယ်စပ်ဖြစ်သည့် ထီးခီးနယ်စပ်ကုန်သွယ်ရေးစခန်းမှတစ်ဆင့် ဝင်ရောက်လာခြင်းဖြစ်သည်ဟု ကုန်သည်အချို့က ဆိုသည်။ သို့သော် မြန်မာနိုင်ငံသို့ဝင်နေသည့် ကွန်ထစ်ဆေးလိပ်မှာ ထိုင်းနိုင်ငံအတွင်း တရားဝင်ခြင်းမရှိဘဲ တာဝန်ရှိသူများ တွေ့ရှိပါက ဖမ်းဆီးလေ့ရှိသည်။ စက်ရုံမဲ့ ဆေးလိပ် ယင်းဆေးလိပ်ကို […]


