ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ဆောင်းပါး

၁၂၉ – ၉၈ = မည်ကာမတ္တ ရွေးကောက်ပွဲ

Dawei Watch

December 31, 2025

တနင်္သာရီတိုင်းတွင် ရွေးကောက်ပွဲ အပိုင်း ၃ ၌မကျင်းပနိုင်သည့် ဒေသများကို စစ်ကော်မရှင်က ထုတ်ပြန်လိုက်ရာတွင် ကျေးရွာအုပ်စုပေါင်း ၁၀၇ စုတွင် ကျေးရွာအုပ်စု ၁၃ စုနှင့် မြို့ပေါ်ရပ်ကွက်အချို့တွင်သာ ကျင်းပနိုင်မည်ဟုဆိုသည်။ တနင်္သာရီတိုင်းမှ လောင်းလုံးမြို့နယ်၊ သရက်ချောင်းမြို့နယ်နှင့် ပုလောမြို့နယ်တို့တွင် ရွေးကောက်ပွဲအပိုင်း ၃ ကို ကျင်းပမည်ဟု စစ်ကော်မရှင်၏ ရွေးကောက်ပွဲကော်မရှင်က ကြေညာလိုက်သည်။ ယင်းဒေသများမှာ တော်လှန်ရေး အားကောင်းသည့် ဒေသများဖြစ်ပြီး တော်လှန်ရေးအဖွဲ့များက နယ်မြေအများစုကို စိုးမိုးထားသည်။ ယင်းကြောင့် ပုံမှန်အားဖြင့် ရွေးကောက်ပွဲ ကျင်းပနိုင်မည်မဟုတ်ပေ။ သို့သော် စစ်ကော်မရှင်၏ မူရင်းရည်ရွယ်ချက်မှာ မည်ကာမတ္တရွေးကောက်ပွဲ ကျင်းပရန်သာဖြစ်သည်။ တရားမျှတခြင်း၊ ဆန္ဒမဲပေးခွင့်ရှိသူ အားလုံးပါဝင်နိုင်ခြင်း၊ လွတ်လပ်စွာမဲပေးနိုင်ခြင်းတို့ကို အလေးထားခြင်း မရှိသည်ကိုလည်း ယခုရွေးကောက်ပွဲ အပိုင်း ၃ တွင် ထင်ရှားစွာတွေ့မြင်နိုင်သည်။ ယင်းကြောင့် […]

နိုင်ငံတကာမျက်လုံးထဲက မဟုတ်တမ်းတရားတို့ ကဇာတ်ရုံ

Dawei Watch

December 29, 2025

မြန်မာစစ်တပ်ရဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ နိုင်ငံတကာမီဒီယာတွေမှာ အတွင်ကျယ်ဆုံး ကိုးကားဖော်ပြခံရတဲ့ စကားတစ်ခွန်းကတော့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေး ကိုယ်စားလှယ် တွမ်အင်ဒရူးစ်ရဲ့ စကားပါ။ ဒီရွေးကောက်ပွဲနဲ့ ပတ်သက်လို့ သူ ပြောခဲ့တာက ဒီလိုပါ။ “သေနတ်ပြောင်းထိပ်ဝက မဟုတ်တမ်းတရားတို့ ကဇာတ်ရုံ” မြန်မာစစ်အုပ်စုက သူတို့ရဲ့ ရွေးကောက်ပွဲရဲ့ ပထမအဆင့်ကို ဒီဇင်ဘာလ ၂၈ ရက်မှာ စတင်လိုက်ပါပြီ။ ဒါပေမဲ့ ဒီရွေးကောက်ပွဲဟာ တရားမဝင်ဘူး ၊ စစ်အာဏာရှင်စနစ်အုပ်ချုပ်မှုကို ခိုင်မာအောင် လုပ်ဆောင်တာသာ ဖြစ်တယ်လို့ နိုင်ငံတကာ သတင်းမီဒီယာတွေက ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြနေကြပါတယ်။ ဒီရွေးကောက်ပွဲဟာ ‘အတုအယောင်သက်သက်’သာ ဖြစ်တယ်လို့ လှောင်ပြောင်ဝေဖန်ခံနေရပြီး အနောက်နိုင်ငံတွေရဲ့ အသိအမှတ်ပြုမှုကို ရဖို့ မဖြစ်နိုင်ဘူးလို့ ရိုက်တာသတင်းဌာနက ဆိုပါတယ်။ အလားတူပဲ AP သတင်းဌာနကလည်း ဒီရွေးကောက်ပွဲဟာ စစ်ကောင်စီအတွက် […]

ပေါက်ကွဲပစ်ခတ်မှုများဖြင့် ထားဝယ်မြို့နယ်က ရွေးကောက်ပွဲ

Dawei Watch

December 28, 2025

လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲဖြစ်ရန် အာမခံထားသောကြောင့် နာမည်ပျက်မခံဟု စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့မဲပေးအပြီးတွင် မီီဒယာများကို ပြောဆိုလိုက်သည်။ သို့သော် ပဋိပက္ခများအကြား၊ ဖိအားပေးမှုများအကြား လက်နက်ကိုင် တရုန်းရုန်းဖြင့် ကျင်းပခဲ့သော ရွေးကောက်ပွဲမှာ တရားမျှတမှု၊ လွတ်လပ်မှုများ မရှိဟု ပြည်သူအများစုက ဆိုကြသည်။ ယနေ့ ဒီဇင်ဘာလ ၂၈ ရက်တွင် တနင်္သာရီတိုင်းအတွင်း၌လည်း မြို့နယ် ၄ ခုတွင် ရွေးကောက်ပွဲပြုလုပ်ခဲ့ပြီး ထားဝယ်မြို့နယ်တွင်တော့ ထားဝယ်အရှေ့တောဒေသ(ထိုင်းမြန်မာနယ်စပ်) တစ်ခွင်လုံးနှင့် မြို့ဝန်းကျင် ကျေးရွာအုပ်စုနှစ်ခုမှအပ မြို့ပေါ်ရပ်ကွက်အားလုံးနှင့် စစ်အုပ်စုလက်လှမ်းမီသမျှ ကျေးရွာအုပ်စုများတွင် မဲရုံများ ဖွင့်လှစ်ထားသည်။ ထားဝယ်မြို့နယ်တွင် မဲပေးခွင့်ရှိသူ ကိုးသောင်းကျော်ရှိပြီး မဲရုံ ၄၉ ရုံဖြင့် ရွေးကောက်ပွဲပြုလုပ်နေကြောင်း တိုင်းရွေးကောက်ပွဲကော်မရှင်ထံမှ သိရသည်။ စစ်ကော်မရှင်၏ ယနေ့ရွေးကောက်ပွဲတွင် မဲပေးသူ အထိုက်အလျှောက်ရှိခဲ့ပြီး […]

သမိုင်းတပတ် အလည်ခံမလား၊ ဖောက်ထွက်ကြမလား

Dawei Watch

December 24, 2025

မြန်မာနိုင်ငံရဲ့ သမိုင်းကြောင်းကို ပြန်ကြည့်လိုက်ရင် တော်တော်လေး စိတ်မောစရာကောင်းတဲ့ ပုစ္ဆာတစ်ပုဒ်ကို တွေ့ရပါလိမ့်မယ်။ အဲဒါကတော့ ‘စစ်တပ်ဟာ ပြိုလဲလုနီးပါး ဖြစ်တိုင်း ဘာလို့ ပြန်ရှင်လာသလဲ’ ဆိုတဲ့ မေးခွန်းပါပဲ။ ဒီမေးခွန်းဟာ ဒီနေ့ခေတ် နွေဦးတော်လှန်ရေးရဲ့ အလှည့်အပြောင်းကာလမှာ ကျွန်တော်တို့အားလုံး အလေးအနက် စဉ်းစားရမယ့်အချက် ဖြစ်လာပါတယ်။ လွန်ခဲ့တဲ့ နှစ် ၇၀ ကျော်၊ ၁၉၄၉ ခုနှစ်ဝန်းကျင်ကို ပြန်သွားကြည့်ရအောင်ပါ။ အဲဒီအချိန်က ဖဆပလအစိုးရဟာ ရန်ကုန်မြို့တစ်ဝိုက်ကိုပဲ စိုးမိုးထားနိုင်တဲ့အထိ အခြေအနေ ဆိုးရွားခဲ့ဖူးပါတယ်။ ကွန်မြူနစ်တွေ၊ ကရင်တော်လှန်ရေးတပ်တွေရဲ့ ထိုးစစ်အောက်မှာ အစိုးရစစ်တပ်ဟာ တကယ့်ကို သေလုမြောပါး ဖြစ်ခဲ့တာပါ။ လူတွေက ‘ရန်ကုန်အစိုးရ’ လို့တောင် ပြောင်လှောင်ခေါ်ခဲ့ကြတယ်။ စစ်ရေးအမြင်အရ ကြည့်ရင် စစ်တပ်ဟာ ကျဆုံးဖို့ သေချာသလောက်ပါပဲ။ ဒါပေမဲ့ သမိုင်းက မျက်လှည့်ပြလိုက်သလိုပါပဲ။ […]

မြန်မာရွေးကောက်ပွဲက ထိုင်းနိုင်ငံကို ဘယ်လို သက်ရောက်မလဲ

Dawei Watch

December 13, 2025

“ထိုင်းအစိုးရက မြန်မာစစ်တပ်နဲ့ ဘယ်တုန်းကမှ ဆက်ဆံရေး ဖြတ်တောက်ခဲ့တာမျိုး မရှိခဲ့ဘူး။ မြန်မာစစ်တပ်က ပြည်သူတွေအပေါ် ဒုက္ခတွေ ဘယ်လောက်ပေးပေး၊ ပြစ်မှုတွေ ဘယ်လောက်ကျူးလွန် ကျူးလွန် ဂရုမစိုက်ခဲ့ဘူး” ဟု ဆုက ပြောသည်။ ဆုသည် မန္တလေးဇာတိဖြစ်ပြီး အိန္ဒိယအနွယ် မြန်မာမွတ်စလင်အမျိုးသမီးတစ်ဦးဖြစ်ပြီး လက်ရှိ ထိုင်းတွင် တက္ကသိုလ်တက်နေသူဖြစ်သည်။ ထိုင်းအစိုးရသည် ၂၀၂၅ ခုနှစ် ဧပြီလက ကျင်းပခဲ့သော BIMSTEC အစည်းအဝေးတွင် စစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို တက်ရောက်ခွင့် ပေးခဲ့သည်။ မင်းအောင်လှိုင်ကို မည်သည့် အာဆီယံထိပ်သီးအစည်းအဝေးများတွင်မှ တက်ရောက်ခွင့် မပြုထားပေ။ ယင်းအစည်းအဝေးမှတစ်ဆင့် ထိုင်းအစိုးရနှင့် မြန်မာစစ်တပ်ဆက်ဆံရေးက ရေရှည်ဆက်ဆံရေးတစ်ခုဖြစ်သည်ကို တွေ့မြင်လာရသဖြင့် ထိုင်းက အိမ်နီးချင်းနိုင်ငံများနှင့် နောက်ကွယ်က သံတမန်ဆက်ဆံရေးကို ပုံဖော်ထားသည်ဟု ဆုက ပြောသည်။ ၂၀၂၁ ခုနှစ် […]

ရွေးကောက်ပွဲနီးချိန် ထားဝယ်ကို စစ်မီးမြှိုက်လာသည့် စစ်အုပ်စု

Dawei Watch

December 13, 2025

စစ်အုပ်စုက ရွေးကောက်ပွဲကျင်းပရန် နှစ်ပတ်သာလိုတော့ချိန်တွင် တနင်္သာရီတိုင်း၊ ထားဝယ်မြို့ပတ်ပတ်လည်၌ တိုက်ပွဲများ ပြင်းထန်လာနေသည်။ ထားဝယ်မြို့မှ မြောက်ဘက်ရှိ ရေဖြူမြို့နှင့် တောင်ဘက်ရှိ လောင်းလုံးမြို့နယ်အနီးဝန်းကျင်တို့တွင် တော်လှန်ရေးအဖွဲ့များ ၏ စစ်ရေးလှုပ်ရှားမှုများ အားကောင်းလာပြီး စစ်အာဏာရှင်တပ်က တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ် လျက် ရှိသည်။ ထို့အပြင် မြို့၏အရှေ့ဘက်ခြမ်း ဝင်ပေါက်မှ တော်လှန်ရေးတပ်များ ချဉ်းကပ်လာနိုင်သည်ဟု ယူဆရသည့် ကျေးရွာချင်းဆက်တံတား ငါးခုကိုလည်း ရွေးကောက်ပွဲနီးကပ်လာချိန်တွင် စစ်အာဏာရှင်တပ်က ဖျက်ဆီးပစ်ခဲ့သည်။ ထားဝယ်မြို့နယ်တွင် ရွေးကောက်ပွဲကျင်းပရန် အားခဲထားသည့် စစ်အုပ်စုက ရွေးကောက်ပွဲ အထိအခိုက်မရှိစေရန် ပြည်သူလူထု၏ အသက်အိုးအိမ်စိမ်းစည်များကို ရန်ပြုကာ အသည်းအသန် ကြိုးပမ်းနေသည်။ စစ်အုပ်စု၏ ထားဝယ်မြို့နယ် ရွေးကောက်ပွဲခြေလှမ်းက မည်သို့ ရှိနေပါသနည်း။ စစ်အုပ်စု ရွေးကောက်ပွဲအခြေအနေ စစ်အုပ်စုက ဒီဇင်ဘာလ ၂၈ ရက်တွင် […]

3 Idiots သက်ရှိဇာတ်လိုက်နဲ့ လာဒတ်ပြည်နယ်ရရှိရေးတိုက်ပွဲ

Dawei Watch

December 6, 2025

အိန္ဒိယမြောက်ပိုင်း ဟိမဝန္တာတောင်တန်းတွေကြားက ကန္တာရဆန်ဆန် လာဒတ်ဒေသမှာ ငြိမ်းအေးမှုနဲ့ ဆိတ်ငြိမ်ခြင်းဟာ တစ်ပါးကို တစ်ပါး နမ်းနေတယ်။ ကြွယ်ဝတဲ့ ယဉ်ကျေးမှုဟာ လူဦးရေ သုံးသိန်းနီးပါးရှိတဲ့ လာဒတ်ဒေသရဲ့ ဝိညာဉ်ထဲမှာ ခိုကပ်နေတယ်။ ဗုဒ္ဓဘာသာဝင်နဲ့ မူဆလင်အများစုရှိပြီး ‘တိဘက်အသေးစားလေး’လို့လည်း လူသိများတဲ့ လာဒတ်ဒေသရဲ့ ဆိတ်ငြိမ်မှုကို ၂၀၂၅ ရဲ့ စက်တင်ဘာ ၂၄ ဟာ မကြုံစဖူး အကြမ်းဖက်မှုနဲ့ ကိုင်လှုပ်လိုက်တယ်။ လာဒတ်သားတွေ ဘယ်တော့မှ မမေ့သွားမယ့် နေ့။ ဒေါသတစ်ပါး မွေးဖွားခြင်း ၂၀၁၉ ခုနှစ် ၊ ဩဂုတ်လ ၅ ရက်နေ့မှာ အိန္ဒိယထိန်းချုပ်ထားတဲ့ ဂျမ်မူးနဲ့ ကက်ရှ်မီးယားပြည်နယ်ထဲမှာ ဆန့်ကျင်ဘက် ခံစားချက်နှစ်ခု ပေါက်ထွက်ခဲ့ပါတယ်။ ကက်ရှ်မီးယားဒေသခံတွေအဖို့ ဒေါသနဲ့ စိတ်ပျက်ခြင်း။ လာဒတ်ဒေသခံတွေအဖို့ ပျော်ရွှင်မှုနဲ့ ဆုတောင်းပြည့်ခြင်း။ အိန္ဒိယ […]

ထားဝယ်လေယာဉ်ကွင်း၊ အထူးစီးပွားရေးဇုန်နှင့် စစ်ခေါင်းဆောင်အကြံ

Dawei Watch

December 6, 2025

အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ထားဝယ်ခရီးစဉ်အပြီးတွင် လှုပ်လှုပ်ရှားရှား ဖြစ်လာသော စီမံကိန်းတစ်ခုမှာ ထားဝယ်လေယာဉ်ကွင်း အဆင့်မြှင့်တင်မည့် စီမံကိန်းဖြစ်သည်။ ထားဝယ်လေယာဉ်ကွင်းအား နိုင်ငံတကာအဆင့်မီ (Code 4D) လေယာဉ်ကွင်းအဖြစ် အဆင့်မြှင့်တင်ရန် စီမံကိန်း (Master Plan) ရေးဆွဲထားပြီး လက်ရှိတွင် ကနဦးမြေပြင်လုပ်ငန်းများ စတင်နေပြီဖြစ်သည်။ ယင်းစီမံကိန်းမှာ ၂၀၁၂ ခုနှစ်နှင့် NLD အစိုးရလက်ထက်တို့တွင် စတင်နိုင်ရန် နှစ်ကြိမ်တိုင်တိုင် ကြိုးပမ်းခဲ့သော်လည်း အကောင်အထည်မပေါ်လာခဲ့။ ၂၀၂၅ ခုနှစ် စက်တင်ဘာလတွင် ထားဝယ်ခရိုင်အတွင်း ကျေးရွာများအား လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ပြီးနောက် ရောက်လာသော စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ ထားဝယ်ခရီးစဉ်တွင် လေယာဉ်ကွင်းအဆင့်မြှင့်မည့် စီမံကိန်းကို အဓိကထား လုပ်ဆောင်ခဲ့ပုံရသည်။ ယင်းခရီးစဉ်အပြီး နှစ်လခန့်အကြာ နိုဝင်ဘာလထဲတွင် လေယာဉ်ကွင်းစီမံကိန်းအတွက် ဝန်ထမ်းအိမ်ရာများ ဆောက်လုပ်ရန် မြေနေရာရှင်းလင်းခြင်းအပါအဝင် […]