ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ဆောင်းပါး

ပိတ်ဆို့ခံနေရသည့် ဆေးကုသခွင့်

Dawei Watch

September 1, 2023

လူနာတင်ဆောင်လာသည့် အရေး‌ပေါ်လူနာတင်ယာဉ်တစ်စီး ဂိတ်ဖြတ်ခွင့်ရရေးအတွက် မေးခွန်းများစွာကို ဖြေဆိုနေရသည်။ ကားပေါ်ပါလာသည့် လူနာအတွက် အသက်ရှင်ရေးမှာ စက္ကန့်နှင့်အမျှ အရေးကြီးနေသည်။ ယင်းကြောင့်လည်း ထားဝယ်-ရန်ကုန်ကားလမ်းတစ်လျှောက် တတ်နိုင်သမျှ အရှိန်ပြင်းပြင်းဖြင့် ဒုန်းစိုင်းမောင်းနှင်လာ ခြင်းဖြစ်သည်။ ကျန်းမာရေးမကောင်းသည့် တနင်္သာရီတိုင်းသားတစ်ဦး ရန်ကုန်တွင်ဆေးသွားကုရန် အရေးပေါ်ကားဖြင့် ပို့ဆောင်နေခြင်းဖြစ်သည်။ သို့သော် ပရဟိတသမား ကိုအာကာ(အမည်လွှဲ) မောင်းလာသည့် အရေးပေါ်လူနာတင်ယာဉ်မှာ ထားဝယ်မြို့အထွက်ဖြစ်သည့် အိမ်ရှေ့ပြင်ဂိတ်မှာတွင်ပင် အချိန်အတော်လေး ကြာသွားသည်။ အကြောင်းမှာ စစ်ဆေးရေးဂိတ်ရှိ စစ်ကောင်စီတပ်သားများက အလွယ်တကူဖြတ်ခွင့်မပေးဘဲ အမျိုးမျိုးသော မေးခွန်းများ၊လူနာနှင့် ပတ်သက်သည့် အထောက်အထားများကို စုံစုံစေ့စေ့ စစ်ဆေးနေခြင်းကြောင့်ဖြစ်သည်။ ထိုကြောင့်လည်း အဆိုပါ စစ်ဆေးရေးဂိတ်တစ်ခုတည်းတွင်ပင် မိနစ်သုံးဆယ်ခန့် အချိန်ပေးလိုက်ရသည်။ မွန်ပြည်နယ်အစပ် မလွှဲတောင်ဂိတ်မှ တနင်္သာရီတိုင်း ကော့သောင်းမြို့အထိ စစ်ကောင်စီတပ်၏ စစ်ဆေးရေးဂိတ်ပေါင်း အနည်းဆုံး ၂၇ ခုရှိသည်။ အာဏာသိမ်းမှု […]

တရုတ်ရုပ်ရှင်များကြောင့် အရှေ့တောင်အာရှကို ခရီးသွားဖို့ကြောက်လာတဲ့ တရုတ်ပြည်သူတွေ

Dawei Watch

August 31, 2023

ယခုနွေရာသီ၏ တရုတ် ထိပ်တန်းရုပ်ရှင် No More Bets ဇာတ်ကားတွင် တရုတ် နာမည်ကြီး အနုပညာရှင် တစ်ဦးဖြစ်သည့် Lay Zhang က အဓိကဇာတ်ကောင်အဖြစ် ပါဝင်သရုပ်ဆောင်ထားပြီး ၎င်း၏ ဇာတ်ကောင် သည် စင်ကာပူတွင် အတုအယောင်အလုပ်ကမ်းလှမ်းမှုကို လက်ခံပြီးနောက် စိတ်ကူးယဉ်ဆန်သော အရှေ့တောင်အာရှနိုင်ငံတစ်ခုတွင် ရာဇ၀တ်ဂိုဏ်းတစ်ခုအတွက် အဓမ္မအလုပ်ခိုင်းစေခြင်းခံခဲ့ရသည်။ အဆိုပါ ဇာတ်ကားနှင့် အပြိုင် ပြသသွားမည့် တရုတ် သည်းထိတ်ရင်ဖို ဇာတ်ကား Lost In The Stars မှာလည်း ခင်ပွန်းဖြစ်သူ နှင့်အတူ အရှေ့တောင်အာရှရှိ စိတ်ကူးယဉ်နိုင်ငံတစ်ခုသို့ ခရီးထွက်လာသူ အမျိုးသမီးတစ်ဦးသည် နောက်ဆုံးတွင် အသက်ဘေးနှင့် ရင်ဆိုင်ခဲ့ရသည့် ဇာတ်လမ်းကို တင်ဆက်ထားသည်။ ဇာတ်ကြောင်းကွဲပြားသော်လည်း ယင်း ဇာတ်ကား ၂ခုလုံးသည် အရှေ့တောင်အာရှတွင် ဇာတ်အိမ်တည်ထားသည် […]

ပိုက်ဆံမလို ဆန်သာလိုတဲ့ ပိတ်ဆို့ခံဒေသ

Dawei Watch

August 27, 2023

သူတို့အတွက် ပိုက်ဆံကအရေးမကြီးတော့။ ပိုက်ဆံက စားဝတ်နေရေးအတွက် လိုအပ်တာတွေ ဝယ်ယူစားသုံးဖို့ ကြားခံတစ်ခုမဟုတ်လား။ ဒီလိုဝယ်လို့ မရတဲ့နေရာမှာတော့ ပိုက်ဆံက ဘာအသုံးဝင်နိုင်မလဲ။ ပိုက်ဆံဘယ်လောက်ရှိရှိ ကိုက်စားလို့ရတာမဟုတ်။ အချိန်တန်ရင် တဂွီဂွီနဲ့ ဆာလောင်လာတဲ့ အစာအိမ်ကိုဖြည့်ဖို့ ဆန်ရှိမှရမယ်မဟုတ်လား။ ဒီတော့ ထားဝယ်အရှေ့တောဒေသမှာ လုပ်အားခကို ဆန်နဲ့ရှင်းပေးဖို့ ပိုလိုလားနေကြတာဖြစ်ပါတယ်။ “နေ့စားခအတွက် ပိုက်ဆံမယူတော့ဘူး။ ဆန်ပဲလိုချင်တယ်ပြောပြီး ဆန်ပဲယူတယ်။ ဆန်အဓိကဖြစ်နေတာဆိုတော့ ပိုက်ဆံက ဘာမှသုံးလို့မဝင်တော့ဘူး” ဒီလိုပြောလိုက်တာက တောခုတ်၊ ခြံရှင်း ကျပန်းလုပ်သမားဖြစ်တဲ့ ဟိန္ဒားပြင်ရွာသား ကိုထွန်းထွန်း(အမည်လွှဲ)ပါ။ သူရတဲ့ တစ်နေ့ လုပ်အားခ တစ်သောင်းကျပ်နဲ့ဆိုရင် ဆန်ကြမ်းတစ်ပြည်ပဲရတယ်လို့ ဆိုပါတယ်။ လုပ်အားခကျသင့်ငွေကို ပိုက်ဆံမယူတော့ဘဲ ဆန်ကိုပဲတောင်းဆိုနေတာက အရှေ့တောဒေသမှာ ဆန်ဝယ်ယူရ ဘယ်လောက်ခက်ခဲနေတယ်ဆိုတာကို ညွှန်ပြနေတာပါ။ စစ်အာဏာသိမ်းမှုနဲ့ အတူပေါ်ပေါက်လာတဲ့ လက်နက်ကိုင်တော်လှန်ရေးက မြန်မာနိုင်ငံအနှံ့မှာ အားကောင်းကောင်းနဲ့ ဖြစ်ပွားနေပါတယ်။ […]

ကိုယ့်ဒေသ ကိုယ်အုပ်ချုပ်မယ် 

Dawei Watch

August 27, 2023

ကိုယ့်ဒေသ ကိုယ်အုပ်ချုပ်ခွင့်လို့ ပြောလိုက်ရင် စိတ်ပူတတ်ကြတာရှိပါတယ်။ ခွဲထွက်ဖို့ စိတ်တောင်မကူးပါ။ အတူနေတိုင်းရင်းသားတွေနဲ့ အေးအတူပူအမျှ နေမှာပါ။ အခြားဒေသတွေနဲ့ ရန်ဖြစ်ဖို့ မရည်ရွယ်သလို ကိုယ်တတ်နိုင်သမျှ ကူညီဖို့ လုပ်မှာပါ။ ဒီမိုကရေစီကို မြည်းစမ်းခွင့်ရတဲ့ ၂၀၁၁ နဲ့ ၂၀၂၀ ကြား အုပ်ချုပ်ရေးစနစ်ကို အရွယ်ရောက်သူတိုင်းသိကြပါတယ်။ ရပ်/ကျေးအုပ်ချုပ်ရေးက သဘောတရားအရ ဒီမိုကရေစီဆန်တယ်။ ဖြစ်စဉ်၊ ကျင့်စဉ်မှာတော့ ပြောစရာတွေ ရှိမပေါ့။ မြို့နယ်အဆင့် အုပ်ချုပ်ရေး (ထွေအုပ်ကစပြီး ဌာန ၃၀ကျော်) ကို ဗဟိုကပဲ ခန့်ပါတယ်။ ခရိုင်အဆင့်လည်း အလားတူပါ။  ဒီနေရာမှာ ထားဝယ်ကိုပဲ စဉ်းစားတဲ့အတွက် ခရိုင်အဆင့်အထိပဲ ဆွေးနွေးထားဦးပါမယ်။  ပြောချင်တာက မြို့နယ်-ခရိုင်အဆင့်မှာ ထားဝယ်ပြည်သူက ရွေးချယ်ခန့် ထားတဲ့သူ တစ်ယောက်မှမပါပါဘူး။ ဒီအဆင့်ကလူတွေနှိပ်စက်လို့ ပြည်သူကရင်ဆိုင်ရင် သူပုန်သတ်မှတ်တော့တာပဲ။ ကန့်လန့်တိုက်သူ၊ […]

ပိုမိုဆိုးရွားလာသော လေထုညစ်ညမ်းမှု နှင့် ဂျကာတာ

Dawei Watch

August 24, 2023

မကြာသေးမီလများအတွင်း အင်ဒိုနီးရှားနိုင်ငံမြို့တော် ဂျကာတာတွင် ဆိုးရွားစွာ ဖြစ်ပေါ်နေသည့် လေထုညစ်ညမ်းမှုကြောင့် မြို့တော်တွင်း ဝန်ထမ်းများ၏ လုပ်ငန်းဆောင်တာ များနှင့် ကျောင်းသားများအတွက် သင်ကြားရေးလုပ်ငန်းစဉ်များကို နေအိမ်မှသာ ဆောင်ရွက်ရန် ဂျကာတာ အစိုးရက တိုက်တွန်း ဆောင်ရွက်နေသည်။ အဆိုပါ အမိန့်ထုတ်ပြန်မှု သည် မြို့တော်ကို ကာလအတန်ကြာ အသက်ရှုကြပ်စေ​သော ပြင်းထန် လေထုညစ်ညမ်းမှုကို တားဆီးရန် ရည်ရွယ်သည့် လှုပ်ရှားမှုတစ်ရပ် အဖြစ်  လာမည့် စက်တင်ဘာလတွင် ကျင်းပမည့် အာဆီယံထိပ်သီးအစည်းအဝေး မတိုင်မီတွင် အကောင်အထည်ဖော်သွားမည် ဖြစ်သည်။ ဆွစ်ဇာလန် လေထုအရည်အသွေး နည်းပညာကုမ္ပဏီ IQAir မှ ပြုစုထားသော အချက်အလက်များအရ ဂျကာတာသည် ကမ္ဘာတစ်ဝှမ်း လေထုညစ်ညမ်းမှု အရှိဆုံး မြို့ ဆယ်မြို့ တွင် မေလမှစတင်၍ ယခုအချိန်အထိ ဆက်တိုက်ပါဝင်နေသည်။ ကာလကြာရှည်လာသည့် […]

စစ်သည်တော်တို့၏ တကယ့် လက်နက်

Dawei Watch

August 20, 2023

စစ်ကောင်စီတပ်၏ ဗိုလ်ကြီးတစ်ဦး၏ ဇနီးနှင့် ခြောက်လအရွယ်ကလေးကို တနင်္သာရီမြို့နယ်က တော်လှန်ရေးတပ်ဖွဲ့တစ်ခုက ဖမ်းဆီးခဲ့သည်။ သို့သော် ဖမ်းဆီးပြီး ၂ ရက်အကြာတွင် ပြန်လွှတ်ပေးလိုက်သည်။ “ဖမ်းထားတဲ့နှစ်ရက်အတွင်း ဗိုလ်ကြီးဇနီးနဲ့ကလေးကို ကျွန်တော်တို့က လက်ဖျားနဲ့တောင်မထိဘူး။ ကလေးနေမကောင်းဘူးဆိုလို့ ဆေးခန်းတောင်ပြပေးလိုက်သေးတယ်”ဟု ယင်းဗိုလ်ကြီး၏ ဇနီးနှင့်ကလေးကို ဖမ်းဆီးခဲ့သော တနင်္သာရီမြို့နယ်အခြေစိုက် ဘက်မလိုက်ပြောက်ကျားအဖွဲ့မှ ပြန်ကြားရေးတာဝန်ယူထားသည့် ရဲဘော်ကိုဟိန်း ပြောဆိုလိုက်သည်။ ပြီးခဲ့သည့် ဇွန်လ ၁၄ ရက်နေ့က မြိတ်ခရိုင်တပ်ရင်း (၂) နှင့်အတူ ပူးတွဲဖွင့်လှစ်ထားသည့် ဘန်လောရွာလမ်းဆုံ စစ်ဆေးရေးဂိတ်တွင် စစ်ကောင်စီတပ် ဗိုလ်ကြီး၏ ဇနီးနှင့်ခြောက်လအရွယ် ကလေးတစ်ဦးအပါအဝင် မြိတ်မြို့နေ အရန်မီးသတ်တပ်ဖွဲ့ဝင် နှစ်ဦးကို ဖမ်းဆီးခဲ့သည်။ အရန်မီးသတ်နှစ်ဦးကို အနည်းငယ်စစ်ဆေးခဲ့ပြီး ယင်းနေ့တွင်ပင် ပြန်လွှတ်ပေးခဲ့သည်။ သို့သော်  တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းရွာ အခြေစိုက် (၅၆၁)တပ်ရင်း၏ ဗိုလ်ကြီးဇနီးနှင့် ကလေးကိုမူ […]

နိုင်ဂျာစစ်အစိုးရနှင့် သံတမန်ရေးလမ်းကြောင်း

Dawei Watch

August 19, 2023

နိုင်ဂျာ၏ အာဏာသိမ်းခေါင်းဆောင်များအနေနှင့် သံခင်းတမန်ခင်းအရ လမ်းဖွင့်ထားကြောင်း နိုင်ဂျီးရီးယား အကြီးတန်း အစ္စလာမ္မစ် ပညာရှင်အဖွဲ့တစ်ဖွဲ့က နီယာမေမြို့တွင် စစ်အစိုးရနှင့် တွေ့ဆုံပြီးနောက် ဩဂုတ် ၁၃ ရက်နေ့တွင် ပြောကြားခဲ့သည်။ ဇူလိုင် ၂၆ ရက်က နိုင်ဂျာနိုင်ငံတွင် သမ္မတ မိုဟာမက် ဘာဇိုအွမ် ဖြုတ်ချခံရပြီးနောက် အနောက် အာဖရိကနိုင်ငံများ၏ စီးပွားရေးအသိုက်အဝန်း (Ecowas)သည် နိုင်ဂျာတွင် အရပ်သားအုပ်ချုပ်ရေးကို ပြန်လည်ထူထောင်နိုင်ရန် စစ်ရေးအရ စွက်ဖက်မှုအပါအဝင် နည်းမျိုးစုံဖြင့် ကြိုးပမ်းနေသည်။ ယင်းအနောက်အာဖရိက၏ ဒေသဆိုင်ရာ အစုအဖွဲ့နှင့် သဘောထားကွဲလွဲမှုကို ဖြေရှင်းရန်အတွက် ပံ့ပိုးပေးနိုင်မှုများကို စူးစမ်းရှာဖွေရန် နိုင်ဂျီးရီးယားပညာရှင်များအဖွဲ့က နိုင်ဂျာသို့ ရောက်ရှိလာခြင်းဖြစ်သည်။ နိုင်ဂျာ၏ အာဏာသိမ်းဖြစ်စဉ်သည် သုံးနှစ်တာ ကာလအတွင်း အနောက်နှင့် အလယ်ပိုင်း အာဖရိကဒေသများတွင်း ခုနစ်ကြိမ်မြောက် အာဏာသိမ်းမှု ဖြစ်သည်။ Ecowas […]

အလှုပ်အရမ်းများသော တနင်္သာရီနတ်ကိုင်း

Dawei Watch

August 17, 2023

အာဏာသိမ်းပြီး ရက်ပေါင်း ၉၀၀ ကျော်လာချိန်အထိ ထိန်းချုပ်နိုင်စွမ်းမဲ့နေသည့် စစ်ကောင်စီသည် တောင်ပိုင်းတနင်္သာတိုင်းတွင် ဖြုတ်ထုတ်လုပ်ပြီး ကစားပွဲဗျူဟာ ပြောင်းလဲလာသည်။ စစ်ဌာနချုပ် ဒုတိုင်းမှူး၊ လုံနယ်ဝန်ကြီး၊ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှူးတို့ကို ဖြုတ်ထုတ်လုပ်ပြီး လူပြောင်းကစားလာခြင်း ဖြစ်သည်။ အလှုပ်အရမ်းများသော တနင်္သာရီနတ်ကိုင်းတွင် အုပ်စိုးသူတို့ မကြာခဏ အပြောင်းအလဲ လုပ်လေ့ရှိပြီး ယင်းနှင့် ပတ်သက်၍ ဆက်စပ်အကြောင်းအရာများကိုပါ ကောက်ကြောင်းခြစ်ထားပါသည်။ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် ဒုတိုင်းမှူး ဗိုလ်မှူးချုပ် သစ်လွင်ထူး၊ အမှတ် (၂၀) စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်မှူး ဗိုလ်မှူးချုပ် ဝင်းကျော်သူနှင့် တနင်္သာရီတိုင်း လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးသိန်းလင်းတို့ကို ဇူလိုင်လ ၂၆ ရက်နေ့က ဖမ်းဆီးခဲ့သည်ဟု ပြည်တွင်းသတင်းများက ဖော်ပြသည်။ အတည်မပြုနိုင်သည့် သတင်းများအရ အဆိုပါစစ်ဘက်အရာရှိသုံးဦး ဖမ်းဆီးစစ်ဆေးခံရခြင်းမှာ ထားဝယ်မြို့ရှိ အစိုးရဝန်ကြီးများအိမ်ရာ လက်နက်ကြီးဖြင့် အကြိမ်ကြိမ်အပစ်ခံရခြင်း အပါအဝင် […]