နိုင်ဂျာစစ်အစိုးရနှင့် သံတမန်ရေးလမ်းကြောင်း
Dawei Watch
August 19, 2023နိုင်ဂျာ၏ အာဏာသိမ်းခေါင်းဆောင်များအနေနှင့် သံခင်းတမန်ခင်းအရ လမ်းဖွင့်ထားကြောင်း နိုင်ဂျီးရီးယား အကြီးတန်း အစ္စလာမ္မစ် ပညာရှင်အဖွဲ့တစ်ဖွဲ့က နီယာမေမြို့တွင် စစ်အစိုးရနှင့် တွေ့ဆုံပြီးနောက် ဩဂုတ် ၁၃ ရက်နေ့တွင် ပြောကြားခဲ့သည်။ ဇူလိုင် ၂၆ ရက်က နိုင်ဂျာနိုင်ငံတွင် သမ္မတ မိုဟာမက် ဘာဇိုအွမ် ဖြုတ်ချခံရပြီးနောက် အနောက် အာဖရိကနိုင်ငံများ၏ စီးပွားရေးအသိုက်အဝန်း (Ecowas)သည် နိုင်ဂျာတွင် အရပ်သားအုပ်ချုပ်ရေးကို ပြန်လည်ထူထောင်နိုင်ရန် စစ်ရေးအရ စွက်ဖက်မှုအပါအဝင် နည်းမျိုးစုံဖြင့် ကြိုးပမ်းနေသည်။ ယင်းအနောက်အာဖရိက၏ ဒေသဆိုင်ရာ အစုအဖွဲ့နှင့် သဘောထားကွဲလွဲမှုကို ဖြေရှင်းရန်အတွက် ပံ့ပိုးပေးနိုင်မှုများကို စူးစမ်းရှာဖွေရန် နိုင်ဂျီးရီးယားပညာရှင်များအဖွဲ့က နိုင်ဂျာသို့ ရောက်ရှိလာခြင်းဖြစ်သည်။ နိုင်ဂျာ၏ အာဏာသိမ်းဖြစ်စဉ်သည် သုံးနှစ်တာ ကာလအတွင်း အနောက်နှင့် အလယ်ပိုင်း အာဖရိကဒေသများတွင်း ခုနစ်ကြိမ်မြောက် အာဏာသိမ်းမှု ဖြစ်သည်။ Ecowas […]