ပူတယ်လေ ဆယ်နေကဲ-တောင်အာရှတစ်ခွင် ဘာဖြစ်နေလဲ
Dawei Watch
May 5, 2024၁၇ ရာစုမှာ ပီရူးနိုင်ငံက တံငါသည်တွေဟာ သမုဒ္ဒရာထဲမှာ သဘာဝတရားရဲ့ ထူးခြားတဲ့ အခြင်းအရာတစ်ခုကို တွေ့ရှိခဲ့ကြတယ်။ သူတို့ တွေ့ရှိလိုက်တဲ့ အခြင်းအရာဟာ အနာဂတ်မှာ ကမ္ဘာကြီးကို ဘယ်လိုဒုက္ခပေးတော့မယ်ဆိုတာကို အဲဒီအချိန်က ပီရူးတံငါသည်တွေ သိခဲ့ကြလောက်မယ် မဟုတ်ပါဘူး။ ခရစ္စမတ်ကာလနားရောက်လာပြီဆိုရင် ပစိဖိတ်သမုဒ္ဒရာ အရှေ့ဘက်အခြမ်းက ပင်လယ်ရေတွေဟာ သိသာထူးကဲစွာ ပူနွေးလာပြီး ရာသီဥတုပုံသဏ္ဍန်လည်း ပြောင်းလဲမှုတွေ ရှိလာတယ်။ သူတို့အဖို့ ငါးဖမ်းရတာလည်း ပိုခက်ခဲလာတယ်။ သမုဒ္ဒရာထဲက ဒီလို ဖြစ်တတ်တဲ့ အခြင်းအရာကို ပီရူးတံငါသည်တွေက နာမည်တစ်ခုပေးခဲ့ကြတယ်။ “El Niño de Navidad” “အယ်နီညို” စပိန်ဘာသာစကားနဲ့ဆိုရင် “ဘုရားသခင်ရဲ့ သားတော်လေး” လို့ အဓိပ္ပါယ်ရတယ်။ ခရစ္စမတ်ကာလ အနားတဝိုက်မှာ ဒါကို ပထမဆုံး သတိပြုမိခဲ့ကြပြီး သမုဒ္ဒရာထဲမှာ ဒီအခြင်းအရာဖြစ်ပေါ်လာတိုင်း ပင်လယ်ရေတွေ […]