BREAKING
October 19, 2025

ဆောင်းပါး

ဗြိတိန်နိုင်ငံသားကောင်းဆုရ လူလိမ် သူရဲကောင်းရေပိုက်ပြင်သမား

Dawei Watch

May 22, 2024

၂၀၁၉ ခုနှစ်မှာ ဗြိတိန်နိုင်ငံ ဘန်လေမြို့က လူတစ်ယောက်ဟာ ဆိုရှယ်မီဒီယာပေါ်ကို ဓာတ်ပုံတစ်ပုံတင်လိုက်ပါတယ်။ သွေးကင်ဆာရောဂါဝေဒနာရှင်အမျိုးသမီးတစ်ယောက်ရဲ့ နေအိမ်မှာ အပူပေးစနစ် ပြင်ဆင်ပေးပြီး ဘာအခကြေးငွေမှ မယူတဲ့အကြောင်း ပြထားတဲ့ ငွေလက်ခံပြေစာလေးရဲ့ ပုံကို ရိုက်ပြီး တင်ထားခဲ့တာပါ။ အဲဒီဓာတ်ပုံမှာ သူစာတစ်ကြောင်း ရေးလိုက်ပါသေးတယ်။ “ဘယ်လိုအခြေအနေမျိုးမှာမဆို ဒီအမျိုးသမီးအတွက် အခမဲ့…..” သူ တင်လိုက်တဲ့ ဓာတ်ပုံဟာ ဆိုရှယ်မီဒီယာပေါ်မှာ တော်တော်လေး ပျံ့နှံ့သွားပြီး အင်မတန်မွန်မြတ်လှစွာသော သူ့ရဲ့ စေတနာကို လူတွေက ဝိုင်းဝန်းချီးကျူးအားပေးခဲ့ကြပါတယ်။ ဗြိတိန်နိုင်ငံရဲ့ လူနေမှုစရိတ်ကြီးမြင့်ဒဏ်ကို အလူးအလဲခံနေရတဲ့ မပြေလည်တဲ့ မိသားစုနေအိမ်တွေမှာ ရေပိုက်ပြင်ပေးတာ၊ အပူပေးစနစ်ပြုပြင်တပ်ဆင်ပေးတာမျိုးလို ဝန်ဆောင်မှုတွေ အခမဲ့လုပ်ပေးနေတဲ့ သူ့ရဲ့ လုပ်ရပ်တွေကို ဆိုရှယ်မီဒီယာပေါ်မှာ မြင်တွေ့နေရတဲ့ ဗြိတိန်ပြည်သူတွေက နှစ်ထောင်းအားရ ကျေနပ်လေးစားခဲ့ကြပါတယ်။ ၂၀၁၉ ခုနှစ်ကနေ စပြီး သူနဲ့ […]

ကျေးလက်မှသည် မြို့ပြဆီသို့ – တနင်္သာရီတိုင်း၏ စစ်ရေးအပြောင်းအလဲ

Dawei Watch

May 20, 2024

လက်လုပ်သေနတ်များဖြင့် စတင်ခဲ့သော တနင်္သာရီတိုင်းက တော်လှန်ရေးမှာ ယနေ့အချိန်တွင် စခန်းသိမ်းတိုက်ပွဲများအထိ ခရီးပေါက်လာနေပြီဖြစ်သည်။ ပြည်တွင်း၊ ပြည်ပက ပြည်သူများ၏ တစ်ခဲနက်ထောက်ပံ့မှုတို့ဖြင့် မောင်းပြန်သေနတ်မှသည် RPG ကဲ့သို့သော လက်နက်များအထိ ကိုင်ဆောင်တိုက်ပွဲဝင်လာနေကြသည်မှာ နေရာအနှံ့ပင်။ ကျေးလက်ကို အခြေပြု မြို့ပြကိုဝိုင်းဆိုသည့် တော်လှန်ရေးတပ်တို့၏ ပြောက်ကျားစစ်ဗျူဟာနှင့် နယ်မြေကျွမ်းကျင်မှု၊ ပြည်သူ့ထောက်ခံမှုတို့ဖြင့် ပေါင်းစပ်လိုက်သောအခါ ထိရောက်သည့် ဗျူဟာတစ်ခုဖြစ်လာပြီး စစ်ကောင်စီတပ်ကို အကြီးအကျယ် အထိနာစေခဲ့သည်။ အာဏာသိမ်းကာစ ရပ်ကွက်၊ ကျေးရွာများကို ဝင်ချင်တိုင်းဝင်၊ ထွက်ချင်တိုင်းထွက်ပြီး ပြည်သူ့ အသက်အိုးအိမ်များကို ဖျက်ဆီးခဲ့ကြသည့် စစ်ကောင်စီတပ်မှာ အင်အားရာဂဏန်းမျှမရှိလျှင် တပ်ပြင်ပကို မထွက်ဝံ့တော့။ တော်လှန်ရေးတပ်များဘက်ကမူ တစ်ဆင့်ပြီးတစ်ဆင့် ကျေးလက်ဆီမှ မြို့ပြသို့ တက်လှမ်းလာနေသည်။ “ကျွန်တော်တို့ တောရွာမှာ နေရာကနေ တဖြည်းဖြည်း မြို့ပေါ်မှာရှိတဲ့ လမ်းမကြီးတွေပေါ်ကိုရောက်လာပြီ။ နောက်လမ်းမကြီးပေါ်မှာ ကျွန်တော်တို့ […]

အသီးဘုရင်ရဲ့ ကောင်းကျိုးဆိုးပြစ်

Dawei Watch

May 19, 2024

အသီးတကာတို့ရဲ့ ဘုရင်အဖြစ်သတ်မှတ်တင်စားခံထားရတဲ့ ဒူးရင်းသီးဟာဆိုရင် အီဆိမ့်တဲ့အရသာကြောင့် ချစ်ခင်မြတ်နိုးစွာ စားသုံးကြတဲ့သူတွေ များလှသလို အနံ့မခံနိုင်တာကြောင့် မနှစ်သက်တဲ့သူတွေလည်း ရှိပါတယ်။ ဒူးရင်းသီးကို အရှေတောင်အာရှနိုင်ငံတွေဖြစ်တဲ့ မလေးရှား၊ ထိုင်းနဲ့ အင်ဒိုနီးရှားစတဲ့နိုင်ငံတွေမှာ အများအပြား စိုက်ပျိုးကြပြီး မြန်မာ၊ ဖိလစ်ပိုင်နဲ့ စင်ကာပူတို့မှာလည်း စိုက်ပျိုးကြပါတယ်။ သူ့ရဲ့ထူးခြားတဲ့ အနံ့ကြောင့် လေဆိပ်တွေနဲ့ ဟိုတယ်အများစုက ဧရိယာအတွင်းကို ယူဆောင်သွားလာတာကို ပိတ်ပင်ထားတတ်ကြပါတယ်။ ဒူးရင်းသီးရဲ့ အသွင်အပြင်မှာလည်း တခြားသော အသီးတွေနဲ့မတူ တမူထူးခြားတာကြောင့် သယ်ယူတင်ပို့ရာမှာလည်း အခက်တွေ့ပါတယ်။ ဒူးရင်းသီးကို စွဲစွဲလမ်းလမ်း ကြိုက်နှစ်သက်စားသုံးတဲ့ အမာခံပရိသတ်တွေရှိသလို တခြားတစ်ဖက်မှာလည်း “အဆိပ်သီး” ကို စားလေသလားလို့ ဝေဖန်တာတွေလည်း ယနေ့ခေတ် ဆိုရှယ်မီဒီယာမှာ ခေတ်စားလျက်ရှိပါတယ်။ ဒူးရင်းသီးရဲ့ ကောင်းကျိုး ဆိုးပြစ်တွေက ဘယ်လိုရှိပါသလဲ။ ကင်ဆာဖြစ်နိုင်ခြေကို လျှော့ချပေးတယ် ယနေ့ခေတ် အစားအသောက်တွေမှာပါဝင်တဲ့ […]

ထားဝယ်စီမံကိန်းအတွက် ရုရှားကို ရွေးချယ်မှု တရုတ် စိတ်ပျက်ဒေါသထွက်

Dawei Watch

May 18, 2024

မြန်မာစစ်ကောင်စီဟာ ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းတည်ဆောက်ရေးအတွက် ရင်းနှီးမြှုပ်နှံစေဖို့ ရုရှားကို မကြာသေးခင်ကပဲ ရွေးချယ်လိုက်ပါတယ်။ ဒီဆုံးဖြတ်ချက်ကြောင့် ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းကို စိတ်ဝင်စားမှု ပြထားတဲ့ တရုတ်နဲ့ မြန်မာစစ်ကောင်စီအကြား ဆက်ဆံရေးတင်းမာလာခဲ့ပါတယ်။ ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းဟာ တနင်္သာရီတိုင်းဒေသကြီး ၊ ရေဖြူမြို့နယ် ၊ နဘုလယ်ဒေသ ကမ်းရိုးတန်းမှာ တည်ရှိပါတယ်။ ထိုင်းကုမ္ပဏီ အီတာလျံထိုင်း နဲ့ မြန်မာအစိုးရကြား နှစ်နှိင်ငံစီးပွားရေးပူးပေါင်းဆောင်ရွက်မှုတစ်ရပ်အနေနဲ့ ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းကို ၂၀၀၈ ခုနှစ်က စတင်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ မြန်မာနဲ့ ထိုင်း နှစ်နိုင်ငံ အစိုးရကြားက စီမံကိန်း အဖြစ် ပြောင်းသွားခဲ့ပါတယ်။ တရုတ်ရဲ့ လွှမ်းမိုးမှုကို တန်ပြန်ဖို့ ရုရှားနဲ့ ဆက်ဆံရေး မြှင့်တင်ဖို့ ကြိုးစားနေတဲ့ မြန်မာစစ်ကောင်စီဟာ ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းနဲ့ ပတ်သက်ပြီး ရုရှားနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နေပါတယ်။ တန်ချိန် ၁၀ သန်း ခံနိုင်ဝန်ရှိတဲ့ […]

ခွေးချစ်သူ လမ်းဘေးက ဂီတသမား စင်ကာပူဝန်ကြီးချုပ်သစ်

Dawei Watch

May 16, 2024

လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်ကျော်က အမေရိကန်နိုင်ငံ ဝင်စကွန်ဆင်ပြည်နယ် မက်ဒီဆင်မြို့ကို ပြန်သွားကြည့်လိုက်ရင် လမ်းပေါ်မှာ ဂစ်တာတီးသီချင်းဆိုနေတဲ့ စင်္ကာပူနိုင်ငံသား လူငယ်လေးတစ်ယောက်ကို တွေ့ရမှာပါ။ မိခင်နိုင်ငံ စင်္ကာပူကနေ သူ ရူးသွပ်တဲ့ အနုပညာရှင်တွေရှိတဲ့ အမေရိကန်ပြည်ထောင်စုက ဝင်စကွန်ဆင်တက္ကသိုလ်မှာ ဘောဂဗေဒဘာသာရပ်နဲ့ ကျောင်းလာတက်နေတဲ့ လောရင့်ဝေါင်းဆိုတဲ့ အဲဒီကောင်လေးဟာ အနာဂတ်မှာ စင်္ကာပူနိုင်ငံရဲ့ စတုတ္ထမြောက်ဝန်ကြီးချုပ် ဖြစ်လာခဲ့မယ်ဆိုတာကို အဲဒီအချိန်က ဘယ်သူမှ ထင်ခဲ့ကြမှာ မဟုတ်ပါဘူး။ ၂၀၂၄ ခုနှစ် မေလ ၁၅ ရက်နေ့မှာ ဝန်ကြီးချုပ်လီရှန်လွန်း အနားယူလိုက်တယ်။ အဲဒီနောက် ရိုးရိုးသာမန်မိသားစုကနေ ပေါက်ဖွားလာတဲ့ လောရင့်ဝေါင်းက စင်္ကာပူနိုင်ငံရဲ့ စတုတ္ထမြောက်ဝန်ကြီးချုပ်သစ်အဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့ပါတယ်။ ဒါဟာ စင်္ကာပူနိုင်ငံကို တည်ထောင်ခဲ့တဲ့ ဝန်ကြီးချုပ်လီကွမ်းယုရဲ့ အကြီးဆုံးသားဖြစ်သူ လီရှန်လွန်းက ဝန်ကြီးချုပ်အဖြစ် အနှစ်နှစ်ဆယ်ကြာ တာဝန်ထမ်းဆောင်ခဲ့ပြီးနောက်မှာ ပထမဆုံးပေါ်ပေါက်လာတဲ့ အာဏာအလွှဲအပြောင်း […]

မြန်မာ့အရေး ထိုင်းမူဝါဒ မှန်ကူကွက်များ

Dawei Watch

May 13, 2024

ပြီးခဲ့တဲ့ ဧပြီလက ထိုင်း-မြန်မာနယ်စပ်မျဉ်းပေါ်က အဓိကကုန်သွယ်ရေးမြို့ဖြစ်တဲ့ မြဝတီမြို့ကို တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ပြီးနောက်မှာ ထိုင်းဝန်ကြီးချုပ် Serttha Thavisin ဟာ အစိုးရထိပ်တန်းအရာရှိတွေနဲ့ အရေးပေါ်အစည်းအဝေးတစ်ခု ခေါ်ယူလိုက်ပါတယ်။ အဲဒီအစည်းအဝေးကနေ မြန်မာအရေးနဲ့ ပက်သက်တဲ့ အထူးလုပ်ငန်းကော်မတီတစ်ရပ်ကို ဖွဲ့စည်းလိုက်ပါတယ်။ ကော်မတီရဲ့ တာဝန်က မြန်မာပြည်တွင်းပဋိပက္ခကို လေ့လာစိတ်ဖြာပြီး ဝန်ကြီးချုပ်နဲ့ အမျိုးသားလုံခြုံရေးကောင်စီကို အကြံပေးဖို့ ဖြစ်ပါတယ်။ အဆိုပါ အထူးကော်မတီကို ဦးဆောင်ဖို့ တာဝန်ပေးခံခဲ့ရသူကတော့ အဲဒီအချိန်က ထိုင်းနိုင်ငံရဲ့ ဒုတိယဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ Parnpree Bahiddha-nukara ပါ။ ထိုင်းနိုင်ငံခြားရေးဝန်ကြီးအပြောင်းအလဲ ဒါပေမယ့် ဧပြီလကုန်ပိုင်းမှာ ထိုင်းအစိုးရအဖွဲ့ကို ပြန်လည်ရွေးချယ်တာဝန်ပေးအပ်ချိန်မှာတော့ Parnpree ဟာ ဒုတိယဝန်ကြီးချုပ်တာဝန်ကနေ ရပ်ဆိုင်းခံရပြီး နိုင်ငံခြားရေးဝန်ကြီးတာဝန်တစ်ခုကိုပဲ ပေးအပ်ခံခဲ့ရပါတယ်။ ဒုတိယဝန်ကြီးချုပ်ရာထူးကနေ အနားပေးခံရပြီးနောက်မှာ Parnpree က နိုင်ငံခြားရေးဝန်ကြီးရာထူးကနေ နုတ်ထွက်သွားခဲ့ပါတယ်။ […]

ပဲဒက်စခန်းကျသွား၍ စစ်ရေးအရထိခိုက်မှုကြီးမားခဲ့သည့် စစ်ကောင်စီ

Dawei Watch

May 11, 2024

စခန်းမကျရေးအတွက် ကြည်း၊ ရေ၊ လေ နည်းမျိုးစုံသုံးခဲ့သော်လည်း တော်လှန်ရေးအဖွဲ့များ၏ ထိုးစစ်ကို မယှဉ်နိုင်သည့်အဆုံး ပဲဒက်စခန်းကို စစ်ကောင်စီတပ်က လက်လွှတ်လိုက်ရပြီဖြစ်သည်။ လက်နက်သာသော်လည်း စိတ်ဓာတ်ပိုင်းအရ မယှဉ်နိုင်သဖြင့် လက်လွှတ်လိုက်ရသည့် ပဲဒက်စခန်း ပြန်ရရေးအတွက် စစ်ကောင်စီက အပြင်းအထန် ပြန်လည်ကြိုးစားလာနေသည်။ ပဲဒက်စခန်းပြန်ရရေးအတွက် စစ်သင်္ဘောဖြင့် ရေကြောင်းမှ စစ်ကူပို့လာသလို လေကြောင်းမှဗုံးကြဲ တိုက်ခိုက်ခြင်း အနီးဝန်းကျင်ကျေးရွာများကို မီးရှို့ဖျက်ဆီးခြင်းတို့ကို စစ်ကောင်စီက ဆက်တိုက်လုပ်ဆောင်လာနေသည်။ ရေကြောင်းမှ စစ်ကူထပ်ရောက်လာသည့် အင်အား ၁၀၀ ခန့်ရှိသည့် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်တို့ မေလ ၉ ရက်နေ့ကတည်းက တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်မှာ ယနေ့တိုင်ဖြစ်သည်။ စစ်ကူလာသည့် စစ်ကောင်စီတပ်မှာ မနေ့က (မေ ၁၀) နံနက် ၁၀ နာရီခန့်က ပဲဒက်ရွာကို ရောက်ရှိလာပြီး ဒေသခံများ၏‌ နေအိမ်များကို […]

မြန်မာ့အရေး သက်ဆင်ကြားဝင်မှု နိုင်ငံရေးလိုဘနဲ့ စီးပွားရေးလောဘကြောင့် ဖြစ်ဖို့များ

Dawei Watch

May 10, 2024

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာဟာ မြန်မာပြည်တွင်းစစ်အရေးမှာ ကြားဝင်ဖြန်ဖြေပေးနိုင်မယ့် အလားအလာရှိသူတစ်ယောက်အဖြစ် သူ့ကိုယ်သူ ပုံဖော်လိုက်ပါတယ်။ ဒါပေမယ့် သက်ဆင်ဟာ သူ့ရဲ့ ပုဂ္ဂလိကနိုင်ငံရေးရည်မှန်းချက်နဲ့ စီးပွားရေးအကျိုးအမြတ်အတွက်ဘဲ သူ့ကိုယ်သူ ဒီလိုပုံဖမ်းပြဖို့ စိတ်အားထက်သန်နေတာ ဖြစ်ဖို့ များပါတယ်။ သူ့နဲ့ မြန်မာစစ်တပ်ခေါင်းဆောင်တွေကြားက ရင်းနှီးပူးကပ်တဲ့ အတိတ်က ဆက်ဆံရေးတွေကြောင့် သက်ဆင်ဟာ ရိုးသားဖြောင့်မတ်တဲ့ အကျိုးဆောင်တစ်ယောက်ဖြစ်တယ်လို့ အမြင်ခံရဖို့ ခက်ခဲနေပါတယ်။ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) အပြင် မြန်မာဘက်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့က ကိုယ်စားလှယ်တွေနဲ့ သက်ဆင်နဲ့ တွေ့ဆုံခဲ့တယ်ဆိုတဲ့ သတင်းကို မြန်မာမီဒီယာတစ်ခုဖြစ်တဲ့ Salween Press က မေလ (၆) ရက်နေ့မှာ ဖော်ပြခဲ့ပါတယ်။ ပြည်ပြေးဘဝနဲ့ နိုင်ငံခြားမှာ အချိန်အကြာကြီး နေထိုင်ခဲ့ရာကနေ သက်ဆင်ဟာ မနှစ်က ဩဂုတ်လမှာ ထိုင်းနိုင်ငံထဲကို ပြန်လည်ဝင်ရောက်လာခဲ့ပြီးတဲ့နောက် ရဲဆေးရုံတစ်ခုမှာ […]