BREAKING
October 19, 2025

ဆောင်းပါး

အခါပျက်ချိန် ထားဝယ်မြို့သစ် မြေလုသူများ

Dawei Watch

June 17, 2024

[Dawei Watch ကစုံစမ်းဖော်ထုတ် ရေးသားသည်] ထားဝယ်မြို့နှင့် အနီးဝန်းကျင်များတွင် စစ်ပူနေချိန် လူတစ်စုမှာ မြို့ပေါ်မြေလုရင်း အလုပ်များလျက်ရှိသည်။ တရားစွဲဖျက်ဆီးခံရသူများမှာ ရှေ့နေရှေ့ရပ်ပင် ငှားရန် အခွင့်မသာ ကြုံနေရသည်။ ထားဝယ်မြို့သစ်ရှိ တောင်သူများပိုင်မြေများဖြစ်သော ဒေါ်ရီရီထွေး မိသားစု၏မြေကို DDPC (ထားဝယ်ဖွံ့ဖြိုးရေးအများပိုင်ကုမ္ပဏီ) လည်းကောင်း၊ ဦးကြူလွင်၏မြေကို ကရင်လက်နက်ကိုင်အဖွဲ့ တစ်ခုဖြစ်သည့် DKBA အဖွဲ့ကလည်းကောင်း၊ ဦးတိုးမောင်၏မြေကို စီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးတစ်ဦးကလည်းကောင်း ၎င်းတို့ပိုင်ဟုဆိုကာ တရားစွဲထားသည်။ စစ်ကောင်စီခန့် တနင်္သာရီတိုင်း ကရင်တိုင်းရင်းသားရေးရာဝန်ကြီး စောမာတင်လူသာကလည်း မြို့သစ် ၇ လမ်းအနောက်ဘက် ထားဝယ်မြစ်နှင့် ကပ်လျက်ရှိသည့် မြေနေရာတစ်ခုကို သူပိုင်ဆိုင်သည်ဟုဆိုကာ သိမ်းယူရန် ကြိုးစားနေသည်။ အဓမ္မအပိုင်သိမ်းနိုင်ရန် အားထုတ်ကြိုးစားနေသည့် ယင်းနေရာတွင် ဟိုတယ်လုပ်ငန်း လုပ်ကိုင်ရန်လည်း ပြင်ဆင်လျက်ရှိသည်။ စစ်ကောင်စီလက်ဝေခံများ၏ မြေအရှုပ်တော်ပုံ ၂၀၁၀ ပြည့်နှစ် […]

အိန္ဒိယ မဘသ မိုဒီ

Dawei Watch

June 13, 2024

၂၀၂၄ ခုနှစ် ဧပြီလနေ့တစ်နေ့။ အိန္ဒိယနိုင်ငံ အနောက်ပိုင်းဒေသတစ်နေရာက ညကောင်းကင်အောက်မှာ ဆယ်ကျော်သက်ကောင်လေးတစ်စုဟာ သူတို့ ကိုးကွယ်ယုံကြည်တဲ့ ဟိန္ဒူဘာသာကို ကာကွယ်ဖို့ သက္ကတဘာသာစကားနဲ့ ဆုတောင်းစကားကို ရွတ်ဆိုနေကြပါတယ်။ “ဟိန္ဒူဘာသာဝင်အားလုံးသည် မိခင်အိန္ဒိယ၏ ရင်သွေးများ ဖြစ်သည်။ ကျွန်ုပ်တို့ ဟိန္ဒူဘာသာဝင်အချင်းချင်း တစ်ဦးအပေါ် တစ်ဦး တန်းတူညီမျှစွာ ဆက်ဆံရန် သစ္စာအဓိဌာန်ပြုပါ၏။ ကျွန်ုပ်တို့၏ ဟိန္ဒူဘာသာကို ကာကွယ်ရန် သစ္စာအဓိဌာန်ပြုပါ၏” ညကောင်းကင်အောက်က ကောင်လေးတွေဟာ သူတို့ မိခင်အဖွဲ့အစည်းဖြစ်တဲ့ ဟိန္ဒူလက်ယာစွန်းအမျိုးသားရေး အဖွဲ့တစ်ဖွဲ့ကနေ နှုတ်တိုက်ချပေးထားတဲ့ သစ္စာအဓိဌာန်ကို ရွတ်ဆိုနေကြတာ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ အနှစ် ၇၀ ကျော်က အိန္ဒိယနိုင်ငံမှာ တနိုင်ငံလုံးကို တုန်လှုပ်ချောက်ချားသွားစေတဲ့ နိုင်ငံတော်လုပ်ကြံမှုကြီး ဖြစ်ပွားခဲ့ပါတယ်။ အိန္ဒိယနိုင်ငံလွတ်လပ်ရေးရပြီး ငါးလအကြာ…။ ၁၉၄၈ နှစ်ဆန်းပိုင်းရဲ့ သွေးစွန်းသောကြာ နေ့တစ်နေ့…။ ဟိန္ဒူအမျိုးသားရေးအစွန်းရောက်ဝါဒီတစ်ယောက်ဟာ […]

ပြည်သူ့ငွေများ ခိုးယူခံလိုက်ရခြင်း

Dawei Watch

June 6, 2024

အာဏာသိမ်းပြီး ရက်ပေါင်း ၁၂၀၀ ကျော်လာချိန်တွင် ပြည်သူများမှာ ထမင်းနပ်မှန်အောင် မစားနိုင်ကြတော့။ အာဏာမသိမ်းခင်က ချောင်ချောင်လည်လည် နေနိုင်စားနိုင်ခဲ့သည့် အခြေခံပြည်သူများမှာ ယခုတွင်တော့ ထမင်းနပ်မှန်ဖို့ပင် မလွယ်တော့သည့် အခြေအနေကို ဆိုက်ရောက်လာနေသည်။ အချို့မှာ ယခင်ကဲ့သို့ အလုပ်ကိုယ်စီတော့ ရှိကြသည်။ အချို့မှာ ယင်းအချိန်တုန်းက ထက်ပင် လုပ်ခလစာပိုမိုရနေသော်လည်း ယခုထမင်းနပ်မမှန်တော့ပေ။ စစ်အာဏာသိမ်းပြီး ၃ နှစ်ကျော်ကြာလာချိန်တွင် အမေရိကန် တစ်ဒေါ်လာလျှင် မြန်မာကျပ်ငွေ ၄၆၀၀ ခန့်အထိ ရောက်ရှိသွားခဲ့သည်။ အာဏာမသိမ်းခင်က တစ်ဒေါ်လာ ကျပ် ၁၃၀၀ ကျော်သာရှိသည်ဖြစ်ရာ ၃ နှစ်အတွင်း မြန်မာကျပ်ငွေတန်ဖိုးမှာ ၄ ဆနီးပါးခန့် တန်ဖိုးကျသွားခဲ့သည်။ ယင်းကြောင့် အာဏာမသိမ်းခင်က အခြေခံလုပ်ခလစာမှာ တစ်ရက် ၄၈၀၀ ကျပ် (၃ ဒသမ ၆ ကန်ဒေါ်လာ)ဖြစ်ပြီး […]

ထောင်နှုတ်ခမ်းနားက ထရမ့်ပ်တရားစီရင်ခန်း

Dawei Watch

June 5, 2024

၂၀၂၄ ခုနှစ် မေလ ၃၀ ရက်နေ့ ညနေပိုင်းက အမေရိကန်နိုင်ငံ နယူးယောက်မြို့ရဲ့ တရားရုံးခန်းမတစ်ခုထဲမှာ ဆံပင်ရွှေရောင်နဲ့ တရားခံတစ်ယောက်ဟာ သူ့ရဲ့ရှေ့နေတွေနဲ့ ရယ်ရယ်မောမော စကားပြောနေခဲ့ပါတယ်။ နောက်ထပ်တစ်နာရီအကြာ ဂျူရီအဖွဲ့ရဲ့ ဆုံးဖြတ်ချက်ကို ကြားလိုက်ရချိန်မှာတော့ သူ မရယ်နိုင်တော့ပါဘူး။ နှုတ်ခမ်းကို တင်းတင်းစေ့ပြီး ရှေ့တူရူကိုပဲ မလှုပ်မယှက် စိုက်ကြည့်နေခဲ့ပါတယ်။ သူ့ကို စွဲဆိုခံထားတဲ့ ရာဇဝတ်မှုစွဲချက်၃၄ ခုစလုံးမှာ ပြစ်မှုထင်ရှားတယ်လို့ ဂျူရီအဖွဲ့က ဆုံးဖြတ်လိုက်တာပါပဲ။ သူနဲ့ တိတ်တိတ်ပုန်းဇာတ်လမ်းရှိခဲ့ဖူးတဲ့ အပြာမယ်သရုပ်ဆောင်ဟောင်းတစ်ယောက်ကို နှုတ်ပိတ်ခပေးခဲ့တာကို ဖုံးကွယ်ဖို့ စာရွက်စာတမ်းအတုပြုလုပ်တာ၊ ပြီးခဲ့တဲ့ ၂၀၁၆ သမ္မတရွေးကောက်ပွဲရလဒ်ကို ကုလားဖန်ထိုးဖို့ တရားမဝင်လုပ်ဆောင်ကြိုးပမ်းတာအပါအဝင် စွဲချက်အားလုံးမှာ အပြစ်ရှိတယ်လို့ စီရင်ချက်ချခံလိုက်ရတာဖြစ်ပါတယ်။ ဒီအခိုက်အတန့်ဟာ အမေရိကန်သမိုင်းမှာ တခါမှ မကြုံဖူးတဲ့ သမိုင်းဝင်ဖြစ်ရပ် ဖြစ်လာခဲ့ပါတယ်။ စီရင်ချက်ချခံလိုက်ရသူကတော့ ထရမ့်ပ်။ ဒေါ်နယ်ထရမ့်ပ်။ […]

အိုဘယ့် ကြွက်ထောင်ချောက်

Dawei Watch

June 5, 2024

နိုင်ငံအတွင်းက ကြက်သီးမွေးညှင်းထဖွယ်ရာအခြေအနေတွေအကြောင်းကို မသွားခင်မှာ ‘ကြွက်ထောင်ချောက်’ ဆိုတဲ့ ပုံပြင်တစ်ပုဒ်နဲ့ စတင်ချင်ပါတယ်။ တစ်ခါတုန်းက လယ်သမားတစ်ယောက်ဟာ ကြွက်ထောင်ချောက်တစ်ခု ဝယ်လာခဲ့တယ်။ ဒါကို သူ့အိမ်မှာရှိတဲ့ ကြွက်က မြင်တဲ့အခါ တော်တော့်ကို တုန်လှုပ်သွားပါတယ်။ ထောင်ချောက်ရဲ့ ‘ဂျောင်း’ ခနဲ မောင်းပြုတ်သံကို နားထဲမှာ ကြားယောင်မိသလို သံကိုင်းကြားထဲမှာ ခြေကားယားလက်ကားယား ညှပ်မိနေတဲ့ သူ့ကို မြင်ယောင်မိပြီး ကျောချမ်းနေပါတော့တယ်။ အိမ်ရှင်ဝယ်လာတဲ့ ကြွက်ထောင်ချောက်ကို သတိထားဖို့အကြောင်း ကြွက်ဟာ လယ်သမားရဲ့အိမ်မှာ မွေးထားတဲ့ ကြက်မရယ်၊ ဝက်ရယ်၊ နွားရယ်တို့ကို ပြောပါတယ်။ တစ်ကောင်ကမှ ကြွက်ရဲ့ စကားကို အရေးမလုပ်ကြတဲ့အပြင် ရယ်သွမ်းသွေးကြပါတယ်။ ကြွက်ထောင်ချောက်ဆိုတာ ကြွက်တွေနဲ့ပဲဆိုင်တာမို့ သတိထားဖို့လိုသူက ကြွက်ဖြစ်တဲ့အကြောင်း ပြန်ပြောကြပါတယ်။ အဲဒီညသန်းခေါင်လောက်မှာပဲ ‘ဂျောင်း’ဆိုတဲ့ မောင်းပြုတ်သံဟာ မြည်ဟိန်းသွားပါတယ်။ ဒါကို ကြားတော့ […]

စစ်ပွဲ၊ ချစားမှု၊ ငွေစက္ကူအလွန်အကျွံ ရိုက်ထုတ်ခြင်း

Dawei Watch

May 30, 2024

ငွေကြေးအလွန်အမင်း ဖောင်းပွမှု ပေါင်မုန့်တစ်လုံးရဖို့ ငွေစက္ကူ တစ်အိတ်နဲ့ သယ်သွားဝယ်ရခဲ့တာမျိုး ကမ္ဘာ့ သမိုင်းစဉ် တစ်လျှောက် ကြုံဖူး ခဲ့ကြပါတယ်။ အထူးသဖြင့်တော့ စစ်ပွဲတွေအကြားမှာ ကြုံလေ့ရှိတာမျိုးပါ။ စစ်စရိတ်ထောင်းတာ၊ စစ်လျော်ကြေးပေးရတာတွေကြောင့်လည်း ပါပါတယ်။ ဂျာမနီမှာတော့ ပထမကမ္ဘာစစ်နဲ့ ဒုတိယ ကမ္ဘာစစ်ကြား အဲဒီလို ကြုံဖူးပါတယ်။ မီဒီယာစာမျက်နှာမှာ မျက်စိထဲ စွဲနေတတ်တာတစ်ခုကတော့ ၂၀၀၆ ခုနှစ်က ဇင်ဘာဘွေမှာ ဖြစ်ခဲ့တဲ့ ငွေကြေး အလွန်အမင်းဖောင်းပွမှုပါ။ စီးပွားရေးက မတည်ငြိမ်ဘူး။ အတက်အကျမြန်တယ်။ စျေးတွေက ခဏခြင်း ပြောင်းနေတယ်။ အိမ်ထောင်ဦးစီးတစ်ယောက်ဟာ မိသားစုဝင်တွေကို ကျွေးမွေးဖို့ မပြောနဲ့ ကိုယ်စားဖို့တောင် အနိုင်နိုင်ရယ်ပါ။ အစိုးရ ဒါမှမဟုတ် အုပ်စိုးသူတွေက ဘဏ္ဍာငွေကြေး အလွန်အကျွံသုံးစွဲတာ။ (ရတာထက် သုံးတာ အဆမတန် ပိုများနေတာ)၊ စစ်အသုံးစရိတ်၊ အကျင့်ပျက်ချစားမှုနဲ့ […]

ဝဿာန်ကို ကြိုချင်ပါသည် သို့သော်…..

Dawei Watch

May 25, 2024

စတင်ဝင်ရောက်လာပြီဖြစ်သည့် မုတ်သုန်မိုးနှင့်အတူ တနင်္သာရီတိုင်း၏ မိုးရာသီကာလကို ရောက်ရှိလာတော့မည်ဖြစ်သည်။ စံချိန်တင်သည်အထိ နေ့အပူချိန်မြင့်မားခဲ့မှုနှင့်အတူ လျှပ်စစ်မီးပုံမှန်မရရှိသည့်အတွက် မိုးကိုမျှော်နေကြသည်။ မုတ်သုန်မိုးနှင့်အတူ မိုးရာသီဝင်လာသဖြင့် နေ့အပူချိန်လျော့ကျတော့မည်ဖြစ်၍ ပျော်ကြရသော်လည်း မိုးရာသီရောက်မည်ကို ကြောက်ရွံ့နေသူများရှိနေသည်။ တနင်္သာရီတိုင်း၏ မိုးရာသီမှာ အခြားဒေသများနှင့်မတူ မိုးရွာသွန်းမှုများလေ့ရှိသလို လေပြင်းများလည်း တိုက်လေ့ရှိသည်။ ယင်းအခြေအနေကို ရှောင်လွှဲလို့မရဘဲ ခါးစည်းခံကြရမည့်သူများ တနင်္သာရီတိုင်းတွင် ရှိနေသည်။ ၎င်းတို့မှာ အသက်ဘေးကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရသည့် စစ်ဘေးရှောင်ပြည်သူများပင်။ အမိုးအကာ ခိုင်ခိုင်ခံ့ခံ့မရှိဘဲ ဖြစ်သလိုနေကြရသည့် စစ်ဘေးရှောင်များအတွက် မိုးပြင်း၊လေပြင်းကျပါက အခက်အခဲများစွာကြုံကြရမည်ဖြစ်သည်။ ယင်းအပြင်မိုးရွာသွန်းမှုများလာပြီဆိုပါက လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုများလည်း ကြုံကြရမည်ဖြစ်၍ ရိက္ခာနှင့် ဆေးဝါးအခက်အခဲများကလည်း ဆီးကြိုနေကြသည်။ တနင်္သာရီတိုင်းက စစ်ရှောင်များ တိုက်ပွဲများပြင်းထန်လာမှုနှင့်အတူ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများ၊ လက်နက်ကြီးဖြင့် ပစ်ခတ်မှုများ ဆက်တိုက်ပြုလုပ်လာမှုကြောင့် တနင်္သာရီတိုင်းတွင် စစ်ဘေးရှောင်အရေအတွက်မှာ ဆက်တိုက်မြင့်တက်လာနေသည်။ တိုက်ပွဲများ […]

စစ်ကောင်စီ အရှုံးကို တန်ပြန်ရန် လူမျိုးရေး ပဋိပက္ခကြီးဖြစ်ရန် သွေးထိုးနေသည်

Dawei Watch

May 25, 2024

The Red Flag နှင့် Dawei Watch ပူးပေါင်းတင်ဆက်သည် ရခိုင်တွင် စစ်ရေးအရ အကြီးအကျယ်အထိနာ ဆုံးရှုံးနေသည့် စစ်ကောင်စီသည် လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခ အသွင်ဆောင်သည့် လုပ်ရပ်များကို ဖန်တီးလာသည်။ ၁၀၂၇ စစ်ဆင်ရေးစတင်ပြီးနောက် နိုင်ငံတဝန်းတွင် စစ်ရှုံးပြီး စိုးမိုးနယ်မြေများစွာ လက်လွှတ်လိုက်ရသည့် စစ်ကောင်စီသည် စစ်သည်အင်အား ပြုန်းတီးမှုကို ပြန်လည်ဖြည့်တင်းရန် စစ်မှုထမ်းဥပဒေကို အသက်သွင်းခဲ့သည်။ ယင်းသို့ အသက်သွင်းပြီးနောက် ရခိုင်ပြည်နယ်တွင် မွတ်ဆလင်ရိုဟင်ဂျာ လူငယ် ရာထောင်ချီကို စစ်သင်တန်း အတင်းအဓမ္မပေးခဲ့သည်။ ရက်တို သင်တန်းပေးပြီးနောက် ရခိုင်ရှေ့တန်းစစ်မြေပြင်တို့တွင် အသုံးပြုလာခဲ့သည်။ ယင်းအပြင် ရက္ခိုင့်တပ်တော် (AA) ကို အလိုမရှိကြောင်း ရိုဟင်ဂျာများကို ဆန္ဒပြခိုင်းခဲ့သလို စစ်ရေးပြင်းထန်နေသည့် ဘူးသီးတောင်၊ မောင်တောမြို့နယ်တို့တွင် ရခိုင်လူမျိုးများနှင့် မွတ်ဆလင် မဟုတ်သည့် […]