ဘုံဆိုင်မရှိတဲ့ ဒုက္ခ
Dawei Watch
June 30, 2024မြန်မာပြည်တောင်ပိုင်းက နာမည်ကျော် ကမ်းခြေတခု၏ သဲမွမွ၊ ရေပြာပြာ၊ လှိုင်းဖြူဖြူများ နှင့် အရိပ်ကောင်းသော ပင်လယ်ကဗွီးပင်များက သူ့နေရာနှင့် သူ နေသားတကျ လောကကို အလှဆင်နေ၏။ ပီဘိ လှသောကမ်းခြေပင်။ နေဝင်ချိန်များ ဆိုလျှင် နေလုံးနီနီ ပင်လယ်ထဲ မြုပ်သွားသည်ကို ကမ်းခြေသဲသောင်၌ထိုင်၍ ငေးကြည့်ရသည်မှာ မရိုးနိုင်။ ထိုကမ်းခြေတွင် အိမ်ကလေးတစ်လုံးရှိလျှင် စိတ်ချမ်းမြေ့ရမည်ဟု တွေးမိသူများ ရှိပေမည်။ ကမ်းခြေ၏ မြောက်ဘက် စွန်းစွန်း၌ ပင်လယ်ကမ်းခြေအတွင်း ဒီတော ဒီချောင်းကလေးအကြား မထင်မရှား ရွာကလေးတရွာရှိသည်။ ထိုတံငါရွာ ကလေးသည်လည်း တချိန်ကဆိုလျှင် ကမ်းခြေနှင့်ပင်လယ်ပြင်ကြီး၏ အလှကို အချိန်မရွေး မြင်နိုင်တွေ့နိုင် ခံစားနိုင်သော အရပ်၌ ရှိနေခဲ့ပါသည်။ သို့ရာတွင်ယခုအခါတွင်မူ ထိုရွာမှ လူများသည် ကမ်းခြေ၏အလှအပများကို အလွယ်တကူအချိန်မရွေး ခံစားပိုင်ခွင့်များ ကန့်သတ် ရုပ်သိမ်းခံလိုက်ရပြီဖြစ်သည်။ […]