ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ဆောင်းပါး

တနင်္သာရီ အတွက် 3CC

Dawei Watch

December 9, 2024

အပိုင်း (၁) 3CC ဆိုလို့ တောင်တွေးမြောက်တွေး မတွေးပါနဲ့။ အခုပြောမဲ့ 3CC က Control, Command ရယ် CoC လို့ အများ သိကြတဲ့ Chain Of Command နဲ့ နောက်ဆုံး C ဖြစ်တဲ့ Complain အကြောင်းပါ။ တိုင်းထဲက တော်လှန်ရေး ရဲဘော်တွေနဲ့ ခေါင်းဆောင်ဆိုသူတွေ လက်နက်ကိုင် တော်လှန်ရေး အစ ကတည်းက အမြဲပြောကြလေ့ရှိပြီး အမြဲအလိုလို ကြားကြရတဲ့ အရာကတော့ CoC အောက်ဝင်ဖို့လိုတယ်။ CoC တည်ဆောက် နိုင်ဖို့ အရေးကြီးတယ် ဆိုတာတွေပါ။ အခု တော်လှန်ရေး သုံးနှစ်ကျော် လေးနှစ်ထဲရောက်လာတော့မဲ့အချိန် ထိကို CoC ဆိုတာကြီး ပါလေရာ ငပိကျက်ဖြစ်နေတုန်း။ တချို့က CoC […]

ဘာရှာအာဆတ် ကျဆုံးခန်း

Dawei Watch

December 8, 2024

တစ်ခုသော တနင်္ဂနွေနေ့ရဲ့ မနက်အရုဏ်ဦးမှာ ဆီးရီးယားမြို့တော် ဒမတ်စကတ်ရဲ့ ကောင်းကင်ထဲ သေနတ်သံတွေ ပေါ်ထွက်လာတယ်။ သူပုန်တပ်ဖွဲ့တွေဟာ လျှပ်တပြက်ထိုးစစ်အရှိန်နဲ့ ဒမတ်စကတ်စ်မြို့တော်ကို ဝင်ရောက်သိမ်းပိုက်လိုက်တယ်။ ဆီးရီးယားနိုင်ငံကို မီးလောင်တိုက်သွင်းခဲ့တဲ့ အာဏာရှင်ဘာရှာအာဆတ်ဟာ ဒမတ်စကတ်စ်ကနေ ထွက်ပြေးသွားခဲ့ပြီ။ ဒဏ်ရာရသူပုန်တပ်သားတွေဟာ သေနတ်တွေ ကောင်းကင်ပေါ် ပစ်ဖောက်ရင်း “အလ္လာ အက္ဘာ” လို့ အော်ဟစ်အောင်ပွဲခံနေကြတယ်။ ဒမတ်စကတ်စ်မြို့ရဲ့ နိုင်ငံတော်ရုပ်မြင်သံကြားဌာနကနေ ကြေညာချက်တစ်ခု ထွက်ပေါ်လာတယ်။ “ယနေ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၈ ရက်နေ့တွင် ဆီးရီးယားနိုင်ငံအတွက် အမှောင်ခေတ်တစ်ခေတ် အဆုံးသတ်ပြီး ခေတ်သစ်တစ်ခု စတင်ပြီဖြစ်ကြောင်း ကျွန်ုပ်တို့ ကြေညာလိုက်သည်” ၂၀၂၂ ခုနှစ် မတ်လ ၁၁ ရက်နေ့မှာ ဖွားဖက်တော်အာရပ်နွေဦးနဲ့တူ မွေးဖွားလာခဲ့တဲ့ ဆီးရီးယားတော်လှန်ရေးဟာ ၂၀၂၄ ခုနှစ်ရဲ့ ဆောင်းရာသီအရုဏ်ဦးမှာမှ နွေဦးပေါက်ခဲ့ပြီ။ ဒမတ်စမတ်စ်မြို့ရဲ့ […]

စပါးပေါ်ချိန် သောက

Dawei Watch

December 5, 2024

စပါးပေါ်ချိန် တောင်သူပျော်ချိန်တဲ့… အခုတော့သည်လို မဟုတ်တော့ပါဘူး။ “ဆုပ်လည်းစူး စားလည်းရူးဆိုသလိုပါပဲ။ ဒီစပါးတွေကို အခုချိန် ရောင်းလည်း မရောင်းချင်သေးဘူး။ လက်ထဲမှာလည်း မထားရဲဘဲဖြစ်‌နေတယ်” လို့ ဦးဟန်ဝင်းက ညည်းတွားပြောဆိုလိုက်ပါတယ်။ မှည့်ဝင်းနေပြီဖြစ်တဲ့ စပါးခင်းကိုကြည့်ပြီး ဆုံးဖြတ်ချက် မချနိုင်ဘဲဖြစ်နေတဲ့ လယ်သမားတွေက ဦးဟန်ဝင်း တစ်ယောက်ထဲတော့ မဟုတ်ပါဘူး။ စပါးဈေးကကျ၊ တစ်ဖက်မှာ စစ်ဘေးပူနေရချိန်မှာ ဒီစပါးတွေကို ထုတ်ပဲရောင်းရမလား။ ကျီထဲပဲ သိမ်းထားရမလား ဝေခွဲမရဖြစ်နေကြတာပါ။ ဇွန်လလောက်တုန်းက စပါးကြမ်းတစ်တင်းကို ၂၆၀၀၀ ကျပ်လောက်အထိ ဈေးမြူးခဲ့ပေမယ့် အခုစပါးပေါ်ချိန်ကျတော့ တစ်တင်းမှ ၁၆၀၀၀ ကျပ်ဝန်းကျင်ပဲရတော့တာပါ။ ကမာကြည်ဆိုလည်း ဇွန်လတုန်းက ၃၀၀၀၀ ကျပ်အထိရ‌ပေမယ့် အခုကတော့ ၂၀၀၀၀ ကျပ်လောက်ပဲ ကျန်ပါတော့တယ်။ ထားဝယ်ပေါ်ဆန်းဆိုရင် ၃၅၀၀၀ ကျပ်ကနေ ၂၈၀၀၀ ကျပ်ပဲ စျေးရတော့တာပါ။ စပါးပေါ်စ […]

တောင်ကိုရီးယားရဲ့ ၆ နာရီကြာ အာဏာလွန်ဆွဲပွဲ

Dawei Watch

December 4, 2024

သူတို့သမ္မတကို ရာထူးကနေ နုတ်ထွက်ပေးဖို့ တောင်ကိုရီးယားပြည်သူတွေ တောင်းဆိုနေကြပါပြီ။ မနေ့က အင်္ဂါနေ့ရဲ့ ညကြီးမင်းကြီးအချိန်မှာ တောင်ကိုရီးယားသမ္မတ ယွန်းဆွတ်ယိုးလ်က တိုင်းပြည်ကို စစ်အုပ်ချုပ်ရေးကြေညာခဲ့ပါတယ်။ ဒီလိုကြေညာအပြီးမှာတော့ တောင်ကိုရီးယားရဲ့ ညမှောင်မှောင်မှာ အာဏာလွန်ဆွဲမှုတွေ ၆ နာရီကြာ ပြင်းပြင်းထန်ထန် ဖြစ်ပေါ်ခဲ့ပါတယ်။ ဒီနေ့ တောင်ကိုရီးယားစံတော်ချိန် မနက် ၄ နာရီခွဲမှာတော့ သမ္မတယွန်းက သူ ပူပူနွေးနွေး ကြေညာထားတဲ့ အရေးပေါ် စစ်အုပ်ချုပ်ရေးဥပဒေကို ပြန်ရုတ်သိမ်းလိုက်ရပါတယ်။ အခုတော့ သမ္မတကို ရာထူးကနေဖယ်ရှားဖို့ ပြည်သူတွေကကော၊ နိုင်ငံရေးအစုအဖွဲ့ အသီးသီးကကော အင်တိုက်အားတိုက် လုပ်ဆောင်နေပါပြီ။ ၆ နာရီကြာ အာဏာလွန်ဆွဲမှုတွေမှာ ဘာတွေဖြစ်ပေါ်ခဲ့တာလဲ။ ဘာကြောင့်ဒီလိုအခြေအနေအထိ ဆိုက်ရောက်ခဲ့တာပါလဲ။ စစ်အုပ်ချုပ်ရေးအမိန့် ပြည်သူအများစု အိပ်စက်အနားယူချိန်၊ လွှတ်တော်အမတ်တွေ လွှတ်တော်ထဲမရှိတဲ့ညအချိန်မှာ တောင်ကိုးရီးယား သမ္မတက အရေးပေါ်စစ်အုပ်ချုပ်ရေး ကြေညာလိုက်ပါတယ်။ […]

ဟဲလို …. ဒီဇင်ဘာ

Dawei Watch

November 30, 2024

လာမဲ့ ၂၀၂၅ နှစ်သစ်အတွက် ကြိုတင်နှုတ်ဆက်ရင်း တနင်္သာရီရဲ့ စစ်ရေးအ‌ရွေ့ကို ခန့်မှန်း သုံးသပ်ကြရအောင်ပါ။ လက်ရှိ တရုတ်ရဲ့ ဖိအားဟာ အခုကနေ လာမဲ့ နှစ်အတွင်း ရှမ်းမြောက်စစ်မျက်နှာရဲ့ စစ်ရှိန်ကို လျော့ချသလို တောင်ပိုင်းရဲ့ စစ်ရှိန်ကိုလဲ လျော့ကျစေမှာပါ။ ၂၀၂၅ မှာ မြောက်ပိုင်းက ဝ၊ ကိုးကန့်၊ တအောင်း အဖွဲ့တွေအပေါ် တရုတ်ဖိအားနဲ့ စွက်ဖက်မှုက စစ်ဆင်ရေးအပြင် လက်နက်ကန့်သတ် ထိန်းချုပ်မှုတွေအထိ ပိုလုပ်လာမဲ့နှစ် ဆိုတော့ ကျည်တစ်တောင့်ချင်း ဝယ်ပြီး တိုက်နေရတဲ့ တောင်ပိုင်းစစ်မျက်နှာမှာ (၁၀၂၇) စစ်ဆင်ရေးလို မဟာဗျူဟာမြောက် ထိုးစစ်တွေ ပေါ်လာဖို့ဆိုတာ ဝေးပါ သေး တယ်။ ဒီလောက်ဆိုရင်ပဲ လာမဲ့နှစ် တနင်္သာရီရဲ့ စစ်ရေးအရွေ့ကို အေမီစျာန်လို ကြိုသိနိုင်ပါပြီ။ ဒါတင်ပဲသေးလား ဆိုတော့ မကသေးပါဘူး။ […]

ကမ္ဘာ့အကြီးဆုံးဒုက္ခသည်စခန်းများမှ ရိုဟင်ဂျာများ မြန်မာတွင် စစ်တိုက်ရန် လူစုနေသည်

Dawei Watch

November 28, 2024

ဇူလိုင်လ နေ့တစ်နေ့မှာ ရာဖစ်ခ်တစ်ယောက် ဘင်္ဂလားဒေ့ရှ်တောင်ပိုင်းက ကမ္ဘာ့အကြီးဆုံးဒုက္ခသည်စခန်းတစ်ခုကနေ တိတ်တဆိတ်ထွက်လာခဲ့ပါတယ်။ လှေငယ်တစ်စီးနဲ့ နယ်စပ်ကို ဖြတ်ကျော်ပြီး မြန်မာပြည်ထဲကို ဝင်ရောက်လာခဲ့တယ်။ သူ့ရဲ့ ပန်းတိုင်ဟာ ၂၀၁၇ ခုနှစ်တုန်းက သူ စွန့်ခွာထွက်ပြေးလာခဲ့ရတဲ့ နိုင်ငံရဲ့ အပျက်အစီးဒင်းကြမ်းပြည့်နေတဲ့ ပြည်တွင်းစစ်တစ်ခု။ အသက် ၃၂ နှစ်အရွယ် ရာဖစ်ခ်နည်းတူ ထောင်နဲ့ချီတဲ့ ရိုဟင်ဂျာလက်နက်ကိုင်သူပုန်များစွာဟာ ဒုက္ခသည်တစ်သန်းကို လက်ခံထားတဲ့ ကော့ဘဇားရဲ့ ဒုက္ခသည်စခန်းတွေဆီကနေ ပေါ်ထွက်လာနေပါတယ်။ အခုနှစ်အတွင်း ဒီဒုက္ခသည်စခန်းတွေမှာ စစ်သားစုဆောင်းမှုနဲ့ အကြမ်းဖက်မှုတွေ ပိုမြင့်တက်လာနေတယ်လို့ လက်ရှိပဋိပက္ခနဲ့ နီးစပ်တဲ့ လူပုဂ္ဂိုလ်လေးယောက်အပြင် လူသားချင်းစာနာမှုအကူအညီပေးရေးအေဂျင်စီနှစ်ခုက ဆိုပါတယ်။ “ကျွန်တော်တို့ရဲ့ နယ်မြေတွေကို ပြန်သိမ်းပိုက်ဖို့ ကျွန်တော်တို့ တိုက်ပွဲဝင်ဖို့ လိုတယ်” မူဆလင်ဝတ်ပြုဦးထုပ်ကို ဆောင်းထားတဲ့ မုတ်ဆိတ်မွေးနဲ့ ပိန်ပိန်ပါးပါး ရာဖစ်ခ်က ဆိုတယ်။ မြန်မာပြည်မှာ ရက်သတ္တပတ်အတော်ကြာအောင် […]

လက်ချောင်းပြတ်သူ၊ အုန်းပင်တက် မွေးကင်းစကလေးအမေ – အန္တရာယ်ကြားမှ ထိုင်းရောက်အလုပ်သမများ

Dawei Watch

November 25, 2024

ထိုင်းကို ရောက်သည်မှာ ၂ နှစ်ကျော်သာရှိသေးသည့် အသက် နှစ်ဆယ်ကျော်အရွယ် မမြင့်တစ်ယောက် လက်ချောင်းနှစ်ချောင်း ဆုံးရှုံးထားရပြီဖြစ်သည်။ ရန်ကုန်တွင် အထည်ချုပ်လုပ်ခဲ့ဖူးသည့် မမြင့် (အမည်လွှဲ) က ပဲခူးတိုင်းဇာတိဖြစ်သည်။ ထိုင်းနိုင်ငံသို့ ရောက်လာပြီး တရားဝင်အထောက်အထားမရှိသေးသည့်အတွက် ပထုံဌာနီရှိ ရေခဲသေတ္တာထုတ်လုပ်ရေး စက်ရုံတစ်ခုတွင် စက်ဖြင့်သံပြားဖောက်ရသည့်အလုပ်ကို ဝင်လုပ်ခဲ့ရသည်။ အန္တရာယ်များသည့် လုပ်ငန်းခွင်ဖြစ်သော်လည်း စားဝတ်နေရေးအတွက် မဖြစ်မနေလုပ်ရမည့် အခြေအနေကြောင့် ငြင်းဆန်နိုင်စွမ်းမရှိခဲ့ပေ။ အလုပ်ဝင်ပြီး မကြာမီတွင်ပင် လုပ်ငန်းခွင် မတော်တဆမှုတစ်ခုအတွင်း လက်ချောင်းနှစ်ချောင်းဆုံးရှုံးလိုက်ရသည်။ “ကျွန်မအလုပ်က ခြေနင်းကို နင်းပြီး အပေါ်ကနေ စက်နဲ့ ရိုက်ချပြီး သံပြားတွေကို အပေါက်ဖောက်ရတာ။ အဲဒီမှာ စက်ချို့ ယွင်းပြီး မနင်းဘဲ သူ့ဘာသာသူကျလာတဲ့အချိန် လက်ကို ထိတာပဲ။ လက်က သုံးချောင်းထိတာ။ အဲဒီမှာ လက်နှစ်ချောင်းက ဖြတ်လိုက်ရတယ်။ တစ်ချောင်းက […]

မြစ်တို့ရဲ့ လျှောက်လဲချက်

Dawei Watch

November 23, 2024

မိုးသည်းသည်း မဟူရာည။ ပြောင်းခင်းကြားထဲ တိုးဝင်ပျောက်ကွယ်ရင်း။ ဓာတ်မီးရောင်တွေ တချက်ချက်ကြားရတယ်။ လူမမယ် ကလေးငယ်က နှစ်ဦး။ ဘေးမှာတော့ တဝေါဝါစီးဆင်းနေတဲ့ သောင်ရင်းမြစ်။ ဒီဘက်ကမ်းကို ရောက်ပြီ။ တနည်းနည်းနဲ့တော့ လွတ်မြောက်ပြီ။ စစ်အာဏာသိမ်းပြီးတဲ့နောက် နိုင်ငံအတွင်း နေရာပေါင်းများစွာမှာ ပုန်းခိုရင်း နောက်ဆုံး တဖက်ကမ်းကို ကူးလာတဲ့ ကျောင်းဆရာမ တစ်ဦး။ ဟုတ်တယ်။ ဒီဘက်ကမ်းမှာ ဆိုရင်တော့ အနည်းဆုံးတော့ အသက်ဘေးထိပါးမှုတော့ မရှိတော့ဘူး။ တစ်ကမ်းကူးလိုက်တာနဲ့ ဘ၀တွေ ခြားသွားတယ်။ အဲဒီအတွက် မြစ်တစ်စင်းမှာ အပြစ်မရှိပါဘူး။ နယ်ခြားပယ်ခြား နမိတ်ခြားဆိုတာ လူတွေ သတ်မှတ်ပြဌာန်းကြတာလေ။ သူ့မှာလည်း သူ့လျှောက်လဲချက်နဲ့သူ။ (က) မြစ်ဟာ သူ့အလုပ်သူလုပ်တယ်။ သူနှုန်းသူ နှင်တယ်။ အလျားလိုက်သွားချင်သွားမယ်၊ ဒေါင်လိုက်သွားချင်သွားမယ်။ အဲဒီလို သူ့ဘဝ သူကြောင်းနေနိုင်လား။ သိပ်တော့ မသေချာဘူး။ […]