အတ္တလောင်းရိပ်မိ ပန်းကလေးများ
Dawei Watch
July 4, 2024မိုးရာသီ ကောင်းကင်တစ်ခွင်လုံး တိမ်မည်းတွေအုပ်ဆိုင်းနေပေမယ့် ဒေါ်ထွေးရီရဲ့ ကမ္ဘာလေးမှာတော့ ကြည်လင်သာယာလွန်းတဲ့ တိမ်ပြာပြာနေ့တစ်နေ့ပါပဲ။ ရွာမှာရှိတဲ့ ဘကကျောင်းမှာ ကလေးတွေကျောင်းတက်ခွင့်ရတော့မှာဆိုတဲ့ အသိက သိန်းထီပေါက်တာထက်ကို သူမကို ပျော်ရွှင်စေခဲ့တာပါ။ “ကျောင်းဖွင့်တော့မယ်ဆိုတော့ ဝမ်းပန်းတသာနဲ့ ကျောင်းသွားအပ်ထားတာ…” လို့ ဒေါ်ထွေးရီကဆိုပါတယ်။ ဒါပေမဲ့ သူ့ရဲ့ မျှော်လင့်ချက်က ၄၈ နာရီတောင် မခံလိုက်ပါ။ စစ်ကျွန်ပညာရေးဆိုတဲ့ ခေါင်းစဉ်အောက်မှာ ချနင်းဖျက်ဆီးခံလိုက်ရပါတော့တယ်။ “အခုတော့ ကျောင်းမဖွင့်တော့ဘူးဆိုတော့ ငါတို့ဘာမှလုပ်လို့မရတော့ဘူးလေ။ ငါတို့က သူများတွေလို မြို့တွေမှာလည်း ထားနိုင်တဲ့သူတွေမဟုတ်ဘူး” ဖုန်းထဲကတစ်ဆင့် ကြားနေရတဲ့ ဒေါ်ထွေးရီရဲ့အသံ တိမ်ဝင်ပျောက်ကွယ်သွားပါတယ်။ သူတို့တစ်ရွာလုံးလည်း ဝမ်းနည်း စိတ်မကောင်းဖြစ်တာကလွဲလို့ ဘာမှမလုပ်နိုင်ကြ။ ပြန်မပြောရဲကြ။ ကျောင်းနေအရွယ်ကလေးတိုင်း စာသင်ကြားပိုင်ခွင့်ရှိနေစေဖို့ အပြည်ပြည်ဆိုင်ရာ ကလေးသူငယ်များအခွင့်အရေးဆိုင်ရာ သဘောတူညီချက်မှာ ပြဋ္ဌာန်းထားပြီး အဖွဲ့ဝင်နိုင်ငံများအနေနဲ့ အခြေခံပညာရေးကို အခမဲ့သင်ကြားပေးဖို့ ပြဋ္ဌာန်းထား ပါတယ်။ […]


