ရာသီဥတုထိပ်သီးညီလာခံအတွက် အမေဇုန်တောကို ခုတ်ထွင်ခြင်း
Dawei Watch
March 20, 2025ဘရာဇီးနိုင်ငံ ဘဲလင်မြို့မှာ ကျင်းပမယ့် COP30 ရာသီဥတုထိပ်သီးညီလာခံအတွက် လေးလမ်းသွား အဝေးပြေးလမ်းမတစ်စင်းကို ဖောက်လုပ်နေပါတယ်။ ထိန်းသိမ်းစောင့်ရှောက်ထားရတဲ့ အမေဇုန်တောအုပ်ကြီးထဲမှာ ဧကပေါင်းသောင်းနဲ့ချီ ခုတ်ထွင်ရှင်းလင်းပြီး ဖောက်လုပ်နေတာပါ။ ဘဲလင်မြို့ကိုသွားတဲ့လမ်းမှာ ယာဉ်ကြောပိတ်ဆို့မှု သက်သာစေဖို့ ရည်ရွယ်ဖောက်လုပ်နေတာပါ။ လာမယ့် နိုဝင်ဘာမှာ ကျင်းပမယ့် COP30 ရာသီဥတုထိပ်သီးညီလာခံအတွက် ကမ္ဘာအနှံ့က ခေါင်းဆောင်တွေပါဝင်တဲ့ လူပေါင်း ၅၀,၀၀၀ ကျော်ကို အိမ်ရှင်အနေနဲ့ ဘဲလင်မြို့က ဧည့်ခံပေးသွားရမှာ ဖြစ်ပါတယ်။ ပြည်နယ်အစိုးရကတော့ ဒီအဝေးပြေးလမ်းမရဲ့ ရေရှည်တည်တံ့တဲ့ ကောင်းကွက်တွေကို ချီးကျူးပါတယ်။ ဒါပေမဲ့ ဒေသခံအချို့နဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားတွေကတော့ ဒီအဝေးပြေးလမ်းရဲ့ သဘာဝပတ်ဝန်းကျင်ကို ဆိုးကျိုးသက်ရောက်လာမယ့်အရေးကို ဒေါသထွက်နေကြပါတယ်။ အမေဇုန်မိုးသစ်တောကြီးဟာ ကမ္ဘာကြီးအတွက် ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့စုပ်ယူပေးပြီး ဇီဝမျိုးစိတ်စုံလင်ကွဲပြားမှုကို ထောက်ပံ့ပေးထားတဲ့နေရာမှာ အင်မတန်အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ရှိပါတယ်။ အမေဇုန်မိုးသစ်တောကြီးထဲ ခုတ်ထွင်ရှင်းလင်းပစ်မှုဟာ သဘာဝပတ်ဝန်းကျင်ထိပ်သီးညီလာခံရဲ့ တကယ့်ရည်ရွယ်ချက်နဲ့ […]


