ထားဝယ်ဈေးကွက်တွင် ယခုသီတင်းပတ်အတွင်း ဆန်ဈေးတက်နေသည်။
ပြီးခဲ့သည့် သီတင်းပတ် ဩဂုတ်လ ၂ ရက်တွင် ထားဝယ်ဈေးကွက်၌ အကယ်ဒမီ ရက်၉၀ ဆန်တစ်အိတ် ၁၃၇၀၀၀ကျပ်မှ ဩဂုတ်လ ၈ရက်တွင် ၁၄၁,၅၀၀ ကျပ်၊ အကယ်ဒမီအစိမ်း ပေါ်ဆန်းဆန်တစ်အိတ် ၂၀၀,၀၀၀ ကျပ်မှ ၂၂၀,၀၀၀ကျပ်နှင့် အကယ်ဒမီ နွေဖြူသန့် ဆန်တစ်အိတ် ၉၆,၀၀၀ကျပ်မှ ၁၀၀,၅၀၀ကျပ်သို့ ဈေးတက်သွားခြင်းဖြစ်သည်။
ထို့ကြောင့် တစ်ပတ်အတွင်း အကယ်ဒမီ ရက် ၉၀ ဆန်တစ်အိတ်လျှင် ၄,၅၀၀ကျပ်၊ အကယ်ဒမီ အစိမ်းရောင် ဆန်တစ်အိတ်လျှင်၂၀,၀၀၀ကျပ်နှင့် အကယ်ဒမီ နွေဖြူသန့် ဆန်တစ်အိတ်လျှင် ၄,၅၀၀ကျပ်စီ ဈေးတက်သွားသည်။
တိုင်းပြင်ပမှ တင်သွင်းသည့် အခြားဆန်အမျိုးအစားများလည်း ဈေးတက်နေသည်ကို ဇယားပါ ဈေးနှုန်းများအတိုင်း တွေ့ရမည်ဖြစ်သည်။
သို့သော် ဒေသထွက်ဆန်နှင့် စားဖိုဆောင်သီးနှံများမှာ ထားဝယ်ဈေးကွက်အတွင်း ဇယားပါအတိုင်း ဈေးနှုန်းများ ဆက်တိုက်ငြိမ်နေသည်။
အာလူးမှာမူ တစ်ပိဿာလျှင် ၅၀၀ကျပ် ဈေးတက်သွားသည်။
ဩဂုတ်လ ၂ ရက်က ထားဝယ်ဈေးကွက်တွင် အာလူးတစ်ပိဿာ ၅,၀၀၀ ကျပ်မှ ဩဂုတ်လ ၈ ရက်တွင် ၅,၅၀၀ ကျပ်သို့ ဈေးတက်သွားခြင်း ဖြစ်သည်။









