သတင်းစာတို့ရဲ့ အလုပ်
diz_admin
June 15, 2020ဦးစော နန်းရင်းဝန်ကြီးဖြစ်တော့ မြန်မာ့အလင်းသတင်းစာကို သတင်းတစ်ပုဒ်နဲ့ပတ်သက်ပြီး ရက်အကန့်အသတ် မရှိပိတ်တယ်။ အဲ့လို ပိတ်ရကောင်းလားဆိုပြီး သတင်းစာတွေက ဦးစောကိုဝိုင်းပြီး တွယ်ကြတယ်။ ခုခေတ်စကားနဲ့ဆိုရင် ကျီးကန်းလို ဝိုင်းအာကြတယ်ပေါ့။ နောက်တော့ ဦးစောက မြန်မာ့အလင်းတာဝန်ခံ အယ်ဒီတာဦးသန်းတင် (စာရေးဆရာဓူဝံ)ကိုခေါ်တွေ့ပြီး ၁၅ ရက်ကြာရင် သတင်းစာပြန်ထုတ်ခွင့် ပြုပါမယ်လို့ ပြောရတယ်။ဒါပေမဲ့ဦးစောပဲ။ ဒီတိုင်းတော့ဘယ်ရလိမ့်မလဲ။ ၁၁ ရက် မြောက်လောက်ကျတော့ ဦးသန်းတင်ကို အိမ်ခေါ်တွေ့တယ်။ တွေ့တဲ့အခါ ဗြိတိသျှဘားမားဦးညွန့်တို့၊ မြန်မာ့အလင်းအယ်ဒီတာချုပ်ဦးစိမ်း၊ ဦးဘိုးဘတို့ကို သက်သေအရာခေါ်ထားတယ်။ တွေ့တော့ ဦးစောက “၎င်းကိုဝေဖန် ရေးသား ချင်သလို ဝေဖန်ရေးသားပါ။ ကောင်းတာလုပ်ရင်လည်း ချီးကျူး ရေးသားပါ။ မဟုတ်မမှန်လုပ်ကြံ သတင်းများကိုတော့ မရေးဖို့” မေတ္တာရပ်ခံပြီး ကတိတောင်းတယ်။ ဒီတော့ဦးသန်းတင်က “ပထမအချက်ဖြစ်တဲ့ ရေးချင်သလို ဝေဖန်ရေးသားပါ ဆိုတာလက်ခံတယ်။ အဲ…ဒါပေမဲ့ […]

 
                     
                     
                     
                     
                     
                    
