ကွမ်းသီးအဟောင်း တစ်ပိဿာ ရှစ်ထောင်ကျပ်အထိဖြစ်လာ

ထားဝယ်ခရိုင်တွင် ကွမ်းသီးခြောက်အဟောင်း အရည်အသွေးကောင်း (ပါကင်) တစ်ပိဿာ ငွေကျပ်ရှစ်ထောင်ခန့် အထိ ဈေးတက်လာကြောင်း ပွဲရုံအချို့ထံက သိရသည်။ ဩဂုတ်လ ၂၁ ရက်နေ့အထိ ကွမ်းသီးခြောက် တစ်ပိဿာလျှင် ၇၅၀၀ ကျပ်ခန့်သာ ဈေးရှိသော်လည်း ယခုရက်ပိုင်း...

မွန်တွင် လုပ်ငန်းရှင်များထံ ဖုန်းဖြင့်ခြိမ်းခြောက် ငွေညှစ်မှုများရှိနေ

မွန်ပြည်နယ် မြို့နယ်အချို့တွင် လုပ်ငန်းရှင်များထံ ဖုန်းဖြင့်ဆက်သွယ်ပြီး ခြိမ်းခြောက်ငွေညှစ်သည့်ဖြစ်စဉ်များ ယခုရက်ပိုင်းအတွင်း ဆက်တိုက်ဖြစ်ပွားနေကြောင်း လုပ်ငန်းရှင်အချို့က ပြောသည်။ မော်လမြိုင်မြို့ပေါ်ရှိ ရွှေဆိုင်များကို ဩဂုတ်လ ၂၀ရက်နေ့ကစပြီး ဖုန်းဆက်ကာ ခြိမ်းခြောက်ငွေညှစ်မှုများ ရှိနေကြောင်း လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

ဆလုံများနေထိုင်ရာ ဂျလန်းကျွန်းတွင် စွန့်ပစ်ပုလင်းခွံတို့ဖြင့် နားနေဆောင်ဆောက်

ကော့သောင်းမြို့နယ်အတွင်းရှိ ဆလုံတိုင်းရင်းသားများနေထိုင်ရာ ဂျလန်းကျွန်းတွင် စွန့်ပစ်ပုလင်းခွံတို့ဖြင့် နားနေဆောင်တစ်ခု ဆောက်လုပ်နေကြောင်း ဂျလန်းကျွန်းကျောင်းထိုင်ဆရာတော် ဒေါက်တာ အရှင်ပညာသီရိက မိန့်ကြားသည်။ စွန့်ပစ်ပုလင်းအမျိုးအစားအစုံ ပုလင်းခွံအလုံးရေ နှစ်ထောင်ကျော်ဖြင့် အလျား ၁၅ပေ၊ အနံ ၁၀ပေ၊ အမြင့် ၉ပေ ခန့်ရှိ...

ထိုင်းတွင် တစ်ရက်လုပ်အားခ တိုးမြှင့်သတ်မှတ်၊ မြန်မာလုပ်သားများလည်း ခံစားခွင့်ရမည်

ထိုင်းအစိုးရအဖွဲ့က နိုင်ငံ၏ တစ်ရက်အခြေခံလုပ်အားခကို တိုးမြှင့်သတ်မှတ်လိုက်ပြီး လာမည့် အောက်တိုဘာလ ၁ရက်တွင် စတင်ခံစားခွင့်ရမည်ဖြစ်ကြောင်း ထိုင်းအစိုးရက ယနေ့ (ဩဂုတ် ၂၆) ထုတ်ပြန်ကြေညာလိုက်သည်။ လက်ရှိ ပေးနေသည့်လုပ်အားခ၏ ပျမ်းမျှ ၅ ရာခိုင်နှုန်းကို တိုးမြင့်ခံစားခွင့်ရမည်ဖြစ်ကြောင်း...

တစ်ပတ်အတွင်း ကမ္ဘာ့ရေးရာ

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ သြဂုတ်လ ၂၀ ရက်နေ့မှ ၂၆ ရက်နေ့အထိ ထိုင်းဝန်ကြီးချုပ်ကို...

တနင်္သာရီတိုင်းတွင် အလုပ်သမားရှားပါးလာ

သွင်းအားစုဈေးနှုန်းများအဆမတန် မြင့်တက်နေသဖြင့် ညည်းတွားနေကြသည့် ရော်ဘာနှင့် လယ်ယာလုပ်ငန်း လုပ်ကိုင်သူတို့မှာ အလုပ်သမားရှားပါးသည့် အခက်အခဲနှင့်ပါ ရင်ဆိုင်လာနေရကြောင်း ဒေသခံတောင်သူများက ပြောဆိုကြသည်။ အာဏာသိမ်းပြီးနောက်ပိုင်း ပြည်တွင်း၌ အလုပ်အကိုင်ရှားပါးမှုနှင့် လုံခြုံရေးအခြေအနေတို့ကြောင့် ဒေသခံ အများအပြား အိမ်နီးချင်း ထိုင်းနိုင်ငံနှင့်...

ရေဖြူ ရလိုင်ရွာသား စိတ်ဝေဒနာရှင်တစ်ဦး ပစ်သတ်ခံရ

ရေဖြူမြို့နယ် ရလိုင်ရွာတွင် ဩဂုတ်လ ၂၄ရက်ညက စိတ်ဝေဒရှင်အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။ ည ၇နာရီခွဲခန့်က ရလိုင်ရွာသား ဦးဝင်းတင်ဆိုသူ၏နေအိမ်ရှေ့တွင် လက်နက်ကိုင်လူတစ်စုက ဦးဝင်းတင် အမည်ကို ခေါ်၍...

ကွမ်းရွက်ဈေး လေးဆခန့်တက်လာ

အာဏာမသိမ်းမီက ကွမ်းရွက်တစ်စည်း ကျပ်သုံးရာသာရှိခဲ့ရာမှ လက်ရှိတွင် ကျပ်တစ်ထောင့်နှစ်ရာ ပေးဝယ်နေရကြောင်း ကွမ်းယာရောင်းချနေသူများထံမှ သိရသည်။ ၂၀၂၁ ခုနှစ် စက်တင်ဘာလအထိ ယင်းနှုန်းထားအတိုင်းသာ ဈေးကွက်အတွင်း အရောင်းအဝယ်ရှိခဲ့ရာမှ အောက်တိုဘာလမှစပြီး ကွမ်းရွက်ဈေးများ စတင်တက်ရိပ်ပြလာကြောင်း ကွမ်းယာရောင်းချသူများက ပြောသည်။

မြိတ်တွင် ရှစ်လအတွင်း ရေတစ်ယူနစ်ဈေးနှုန်း နှစ်ဆနီးပါးမြင့်တက်လာ

မြိတ်မြို့ပေါ် ရပ်ကွက်အချို့တို့တွင် ယခုနှစ်အစမှစပြီး ဩဂုတ်လအထိ ရှစ်လအတွင်း ရေတစ်ယူနစ်ဈေးနှုန်း နှစ်ဆနီးပါးမြင့်တက်လာကြောင်း မြို့ပေါ်ရပ်ကွက်နေသူတို့မှ သိရသည်။ ယခင် ရေတစ်ယူနစ်လျှင် ၁၃၀၀ ကျပ်မှ ပြီးခဲ့သည့်ဇန်နဝါရီလအတွင်းက ၁၅၀၀ ကျပ်အထိ ဈေးတက်ခဲ့ပြီး‌ မတ်လ ဒုတိယအပတ်မှစကာ...

ကျိုက်ထိုတွင် လက်နက်ကြီးပစ်ခတ်ခံရမှုကြောင့် တိမ်းရှောင်နေရသူ နှစ်သောင်းကျော်ထိရှိလာ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်း လက်နက်ကြီးဖြင့် ပစ်ခတ်ခံရမှုကြောင့် စိုးရိမ်ထိတ်လန့်ကာ ထွက်ပြေး တိမ်းရှောင်နေရသူ ဒေသခံနှစ်သောင်းကျော်အထိ ရှိလာကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU က ထုတ်ပြန်ထားသည်။   ဩဂုတ်လ ၁၉ ရက်အထိ ထွက်ပြေးတိမ်းရှောင်လာသူ ၂၂၂၀၀...