ဆင်ရန်ကြောင့် ခေါက်ယိုင် အမျိုးသားဥယျဉ် ဖွင့်ချိန်လျော့

ဆင်များနှင့် ထိပ်တိုက်တိုးလာမှုကြောင့် ထိုင်းနိုင်ငံရှိ တတိယ အကြီးဆုံး ခေါက်ယိုင် အမျိုးသားဥယျာဉ် ဖွင့်လှစ်ချိန်ကို လျော့ချသွားမည်ဖြစ်ကြောင်း အမျိုးသားဥယျာဉ် တာဝန်ရှိသူများက ပြောကြားလိုက်သည်။ ဥယျာဉ်မူ ဖွင့်ချိန် နံနက် ၆ နာရီမှ ည ၉ နာရီ အစား နံနက် ၆ နာရီမှ ညနေ...

ထားဝယ် စီမံကိန်း မဖြစ်လာရန် နိုင်ငံ အချို့ သွေးထိုးဟုဆို

ထားဝယ် အထူးစီးပွားရေးဇုန်နှင့် ရေနက်ဆိပ်ကမ်း မဖြစ်လာစေရန် နိုင်ငံအချို့က သွေးထိုးနေကြောင်း ဖေဖော်ဝါရီလ ၃ ရက်နေ့က ထားဝယ်စီမံကိန်း ထောက်ခံကြောင်း  ဆန္ဒပြသည့် ခေါင်းဆောင်အချို့က ပြောကြားလိုက်သည်။ ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်အမြန်ဆုံး အကောင်အထည်ဖော်ဆောင်ရွက်ရေး ဖေဖော်ဝါရီလ ၃ ရက်နေ့ကပြုလုပ်သည့် ဆန္ဒထုတ်ဖော်ပွဲဟောပြောရာ၌ ဧကနိကျေးရွာမှ ဦးနိုင်ဦးက ပြောဆိုခဲ့ခြင်းဖြစ်သည်။ သို့သော် မည်သို့သော နိုင်ငံများဖြစ်သည်ကိုမူ...

မွန်အမျိုးသားပါတီကို မဟာမိတ်အဖြစ် ပူပေါင်းမည်ဟု မွန်ပြည်သစ်ပါတီဥက္ကဋ္ဌပြော

မွန်အမျိုးသားပါတီသည် မွန်ပြည်သစ်ပါတီနည်းတူ မွန်လူမျိုးအကျိုးအတွက် တိုက်ပွဲဝင်နေသည့် နိုင်ငံရေးပါတီတစ်ခုဟု ရှုမြင်သဖြင့် မဟာမိတ်ပါတီအဖြစ် အသိအမှတ်ပြုကာ လက်တွဲပူးပေါင်းလုပ်ဆောင်သွားမည်ဟု မွန်ပြည်သစ်ပါတီ ဥက္ကဋ္ဌက ပြောသည်။ ဇန်န၀ါရီလ ၂၈ ရက်နေ့မှ စပြီး မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ မွန်အမျိုးသားပါတီ ဗဟိုဌာနချုပ် ရုံးနေရာတွင် စတင်ကျင်းပနေသည့် မွန်အမျိုးသားပါတီ၏ ပထမဆုံးအကြိမ် ညီလာခံတွင်...

ကော့တောင်ကျွန်း လူသတ်မှု တရားခံ သက်သေများ လိုက်လံစုဆောင်း

ထိုင်းနိုင်ငံ၊ ကော့တောင်ကျွန်းတွင် ဗြိတိန်နိုင်ငံသားနှစ်ဦးကို သတ်သည်ဟု စွပ်စွဲခံထားရသော မြန်မာနှစ်ဦး၏ အမှုအတွက် ထွက်ဆိုပေးရန်  သက်သေများကို လိုက်လံ ရှာဖွေစုံစမ်းလျှက်ရှိကြောင်း ယင်းအမှုအား လိုက်ပါဆောင်ရွက်ပေးနေသည့် မြန်မာသံရုံးမှ အထူးစုံစမ်းရေးအဖွဲ့ထံမှ သိရသည်။ အမှုနှင့် ပတ်သက်၍ နှစ်ဖက် လျှောက်လဲချက်ပေးနိုင်ရန် ၂၀၁၅ ခုနှစ် ဇူလိုင်လ ၈ ရက်မှ...

ပုလောမီးလောင်မှု နေအိမ် ၇၀ ကျော် ဆုံးပါး

မြိတ်ခရိုင် ပုလောမြို့နယ်တွင် အမှတ်(၁)ရပ်ကွက်၊ မြ၀တီလမ်းနှင့် ဗိုလ်အောင်ချိုလမ်းရှိ နေအိမ်တစ်လုံးတွင် အိမ်နောက်ဖေး မီးဖိုချောင်မှ တဆင့် ဖေဖော်ဝါရီလ ၁ ရက်နေ့ ညနေ ၃ နာရီခွဲအချိန်က မီးလောင်မှုဖြစ်ပွားခဲ့ရာ လူနေအိမ် ခုနှစ်ဆယ်ကျော် ပါသွားကြောင်း ပုလောမြို့ခံများထံမှ သိရသည်။ ပုလောမြို့နယ် အမှတ်(၁) ရပ်ကွက်၊ မြ၀တီလမ်းနှင့်...

ဘားအံတွင် ဗိုလ်ကြီး တစ်ဦးအပါအ၀င် မူးယစ်ဆေးပြား ကိုးထောင်ကျော် ဖမ်းဆီးရမိ

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် ဇန်နဝါရီ ၃၁ ရက်နေ့ တစ်ရက်တည်းတွင် အမှတ် (၂၀၁) ခြေမြန်တပ်ရင်းမှ ဗိုလ်ကြီးတဦးလည်း အပါအ၀င် မူးယစ်ဆေးဝါး ၉၂၂၉ ပြား ဖမ်းဆီးရမိခဲ့ပြီး ၄င်းတွင် ခရရ(ဘအ) အထူးမှုခင်းနှိမ်နင်းရေးအဖွဲ့မှ သိရသည်။   ဖြစ်စဉ်မှာ ဇန်နဝါရီ ၃၁ ရက်နေ့က အထူးမှုခင်းနှိမ်နင်းရေးအဖွဲ့ဝင်များ၊ မှုခင်း...

သွေးခွဲဇာတ်ညွန်းဖြင့် ထားဝယ်စီမံကိန်း တကျော့ပြန်

ပြဿနာများကို ဦးစွာရှင်းရန် ဒေသခံများ၊ အဖွဲ့အစည်းများက အစဉ်တစိုက် တောင်းဆိုလာခဲ့သည်။ ထားဝယ်စီမံကိန်း ပြန်စရေး ထိုင်းနှင့် မြန်မာ ခေါင်းချင်းပြန်ဆိုင်ချိန်တွင် ထားဝယ်စီမံကိန်း အမြန်လာရန် လက်ယပ်ခေါ်မည့် အဖွဲ့များ အခြားမျက်နှာစာမှ ပေါ်လာပြန်သည်။ ထုံးစံအတိုင်း စီမံကိန်းနှင့် ပတ်သက်၍ ဒေသခံများ အပေါ် သွေးခွဲမည့် ဇာတ်ညွန်းများ ပါလာသည်။ ရှည်ကြာညောင်းစွာ...

ဗုံးပေါက်ပြီး ဘန်ကောက်တွင် လုံခြုံရေးတိုးမြှင့်

ထိုင်းနိုင်ငံ မြို့တော် ဘန်ကောက်ရှိ ဈေးဝယ်စင်တာတစ်ခုတွင် တနင်္ဂနွေနေ့ညက အသေးစား ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီးနောက် လုံခြုံရေးတိုးမြှင့်ထားလိုက်သည်။   ဘန်ကောက်မြို့နယ် ဆိုင်းယမ်းပါရာဂွန် ဈေးဝယ်စင်တာအနီး ဖြစ်ပွားခဲ့သော ယင်းပေါက်ကွဲမှုကြောင့် လူနှစ်ဦး အသေးစားဒဏ်ရာရရှိခဲ့သည်။ ယင်းဖောက်ခွဲမှုမှာ လူ့အသက်ကို ရန်ရှာရန်ထက် စိုးရိမ်ထိတ်လန့်မှုများဖြစ်အောင် လုပ်ဆောင်သည်ဟု ယူဆနိုင်ကြောင်း ရဲတပ်ဖွဲ့ အကြီးအကဲကဆိုသည်။ “(ဗုံးထောင်တဲ့) နေရာကော သုံးတဲ့ပစ္စည်းတွေကြည့်ရတာ လူတွေကို...

ဘန်ကောက်တွင် မြန်မာ အမျိုးသမီး တစ်ဦး ကားလမ်းပေါ် ပြုတ်ကျသေဆုံး

ဘန်ကောက်မြို့ စရီနာခွန်ရင် လမ်းပေါ်သို့ လမ်းကူးခုံးကျော်တံတားပေါ်မှ မြန်မာ အမျိုးသမီး တစ်ဦး ပြုတ်ကျသေဆုံးသွားကြောင်း The Nation သတင်းတွင် ဖော်ပြထားသည်။   ဖေဖော်ဝါရီလ ၁ ရက်နေ့ ည ၁၁ နာရီခွဲအချိန်တွင် အရှိန်ဖြင့် မောင်းနေသော တက္ကစီယာဉ်ပေါ်သို့ လူကူးခုံးကျော်တံတားပေါ်မှ အမျိုးသမီး တစ်ဦး မော်တော်ကားဘောနပ်ပေါ်သို့...

ထားဝယ်စီမံကိန်း ထောက်ခံ ဆန္ဒပြမည်

ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်စီမံကိန်း အမြန်ဆုံး အကောင်အထည်ဖော်ရေးအတွက် နဘုလယ်ဒေသခံ အင်အား ၂၀၀၀ဦးဖြင့် ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် ထောက်ခံ ဆန္ဒပြမည်ဖြစ်ကြောင်း ယင်းဆန္ဒပြပွဲကို ဦးဆောင်မည့် ဦးရွှေဋ္ဌေးက ပြောကြားသည်။   ယင်းစီမံကိန်း အမြန်ဆုံးအကောင်အထည်ဖော်ရေးအတွက် ဖေဖော်ဝါရီလ ၁ ရက်နေ့၌ ဆန္ဒပြရန် ဇန်န၀ါရီလ ၂၇ ရက်နေ့တွင်...