ထိုင်းနိုင်ငံ မြို့တော် ဘန်ကောက်ရှိ ဈေးဝယ်စင်တာတစ်ခုတွင် တနင်္ဂနွေနေ့ညက အသေးစား ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီးနောက် လုံခြုံရေးတိုးမြှင့်ထားလိုက်သည်။

ဘန်ကောက်မြို့နယ် ဆိုင်းယမ်းပါရာဂွန် ဈေးဝယ်စင်တာအနီး ဖြစ်ပွားခဲ့သော ယင်းပေါက်ကွဲမှုကြောင့် လူနှစ်ဦး အသေးစားဒဏ်ရာရရှိခဲ့သည်။
ယင်းဖောက်ခွဲမှုမှာ လူ့အသက်ကို ရန်ရှာရန်ထက် စိုးရိမ်ထိတ်လန့်မှုများဖြစ်အောင် လုပ်ဆောင်သည်ဟု ယူဆနိုင်ကြောင်း ရဲတပ်ဖွဲ့ အကြီးအကဲကဆိုသည်။
“(ဗုံးထောင်တဲ့) နေရာကော သုံးတဲ့ပစ္စည်းတွေကြည့်ရတာ လူတွေကို ထိခိုက်သေကြေစေဖို့ ရည်ရွယ်ထားပုံမရဘူး။ ခြိမ်းခြောက်ဖို့နဲ့ ကစဥ့်ကလျားဖြစ်အောင် လုပ်ဖို့ ဒီဇိုင်းချထားတာ”ဟု ၎င်းက ဆိုသည်။
ထိုင်းတွင် ယမန်နှစ် မေလ စစ်အာဏာသိမ်းကတည်းက ပထမဆုံးအကြိမ် ပေါက်ကွဲမှု ဖြစ်သည်။