ဆင်များနှင့် ထိပ်တိုက်တိုးလာမှုကြောင့် ထိုင်းနိုင်ငံရှိ တတိယ အကြီးဆုံး ခေါက်ယိုင် အမျိုးသားဥယျာဉ် ဖွင့်လှစ်ချိန်ကို လျော့ချသွားမည်ဖြစ်ကြောင်း အမျိုးသားဥယျာဉ် တာဝန်ရှိသူများက ပြောကြားလိုက်သည်။

ဥယျာဉ်မူ ဖွင့်ချိန် နံနက် ၆ နာရီမှ ည ၉ နာရီ အစား နံနက် ၆ နာရီမှ ညနေ ၆ နာရီသို့ ဖေဖော်ဝါရီလ ၅ ရက်နေ့မှ စတင် ပြောင်းလဲ ဖွင့်လှစ်သွားမည်ဟုဆိုသည်။
အကျယ်အ၀န်း ၁၈၆ မိုင်ပတ်လည်ရှိသည့် အဆိုပါ ဥယျာဉ်အတွင်း နှစ်သစ်ကူးကာလက ကမ္ဘာလှည့်ခရီးသွားများဖြင့် ပြည့်ကျပ်ခဲ့ပြီး တောအတွင်း လှည့်ပတ်လေ့လာရာ ဆင်များနှင့် မျက်နှာချင်းဆိုင် ထိပ်တိုက်တိုးခဲ့ကြောင်း The Nation သတင်းတွင် ဖော်ပြထားသည်။
ခရီးသွားများ၏ မော်တော်ယဉ်အချို့ကို ဆင်တို့က ရန်ပြုခဲ့သော်လည်း ထိခိုက်ဒဏ်ရာရမှုမရှိကြောင်း သတင်းက ဆိုသည်။
ယင်းကြောင့် ဆင်များအစာရှာထွက်ချိန် ညပိုင်းတွင် လည်ပတ်ချိန် ကန့်သတ်၍ ယင်းပြဿနာကို ဖြေရှင်းရန် အာဏာပိုင်များက ကြိုးစားလာခြင်းဖြစ်သည်။