လောင်းကစားရုံသာ ထောင် လိုက်ပါတော့

မြင်ကွင်း (တစ်) နာမည်ကျော်ကမ်းခြေ မောင်းမကန်- မျှော်ရစ်ဘုရားလမ်းမှ အနောက် ဘက်လမ်းခွဲလေးသို့ ချိုးကွေ့လိုက်သော အခါ တန်ဆာမဆင်ရသေးသော ဇာတ် စင်ကြီးတစ်ခုနှင့် ယာယီစားသောက် ဆိုင်များကို လှမ်းတွေ့ရလေသည်။ ထိုဆိုင်များ၏ နောက်ဘက်တွင် ဂိုးတိုင် စိုက်ထားသော ကွင်းတစ်ခု။ နံနက် ၁၁ နာရီခွဲ ကျဲကျဲတောက်နေရောင် အောက်တွင်...

ထိုင်းနယ်စပ် ပါချန်မြစ်အတွင်း ဂတ်စ်အိုးပေါက်ကွဲ၊ စက်လှေ မီးလောင်

ထိုင်း-မြန်မာ နယ်စပ် ကော့သောင်းမြို့နယ် အုန်းကျွန်းအနီး ပါချန်မြစ်လယ်တွင် ဖေဖော်ဝါရီလ ၂ ရက်နေ့ ည ၉ နာရီခန့်တွင် ငါးကဲ့လှေတစ်စီး ဂတ်စ်အိုး ပေါက်ကွဲသဖြင့် လှေမီးလောင်ကာ အလုပ်သမား ၃ဦး ဒဏ်ရာရရှိခဲ့ကြောင်း လှေအလုပ်သမားများထံမှ သိရသည်။ ထမင်းချက်ရာတွင် အသုံးပြုသည့် ဂတ်စ်အိုး မှ ဂတ်စ်များစိမ့်ထွက်ပြီး...

လာမည့်ရွေးကောက်ပွဲ တနင်္သာရီတိုင်းတွင် မွန်ဝန်ကြီးတစ်ဦးရွေးချယ်ရေး စိစစ်

လာမည့် ရွေးကောက်ပွဲတွင် တနင်္သာရီတိုင်းဒေသကြီးအတွင်း မွန်တိုင်းရင်းသားဝန်ကြီး ရွေးချယ်နိုင်ရန် အတွက် တိုင်းဒေသကြီးအစိုးရ၊ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် တို့ထံ တိုင်းအတွင်းရှိ မွန်လူဦးရေစာရင်းကို တင်ပြထားသဖြင့် စိစစ်နေကြောင်း တိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲနှင့် မွန်လူဦးရေစာရင်း ကောက်ခံရေးအဖွဲ့တို့ထံမှသိရသည်။ ၂၀၁၄ ဇန်နဝါရီလမှ နိုဝင်ဘာလအထိ ကောက်ခံရရှိသည့်စာရင်းအရ တနင်္သာရီတိုင်း ဒေသကြီးအတွင်း မွန်လူဦးရ...

ဆင်ရန်ကြောင့် ခေါက်ယိုင် အမျိုးသားဥယျဉ် ဖွင့်ချိန်လျော့

ဆင်များနှင့် ထိပ်တိုက်တိုးလာမှုကြောင့် ထိုင်းနိုင်ငံရှိ တတိယ အကြီးဆုံး ခေါက်ယိုင် အမျိုးသားဥယျာဉ် ဖွင့်လှစ်ချိန်ကို လျော့ချသွားမည်ဖြစ်ကြောင်း အမျိုးသားဥယျာဉ် တာဝန်ရှိသူများက ပြောကြားလိုက်သည်။ ဥယျာဉ်မူ ဖွင့်ချိန် နံနက် ၆ နာရီမှ ည ၉ နာရီ အစား နံနက် ၆ နာရီမှ ညနေ...

ထားဝယ် စီမံကိန်း မဖြစ်လာရန် နိုင်ငံ အချို့ သွေးထိုးဟုဆို

ထားဝယ် အထူးစီးပွားရေးဇုန်နှင့် ရေနက်ဆိပ်ကမ်း မဖြစ်လာစေရန် နိုင်ငံအချို့က သွေးထိုးနေကြောင်း ဖေဖော်ဝါရီလ ၃ ရက်နေ့က ထားဝယ်စီမံကိန်း ထောက်ခံကြောင်း  ဆန္ဒပြသည့် ခေါင်းဆောင်အချို့က ပြောကြားလိုက်သည်။ ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်အမြန်ဆုံး အကောင်အထည်ဖော်ဆောင်ရွက်ရေး ဖေဖော်ဝါရီလ ၃ ရက်နေ့ကပြုလုပ်သည့် ဆန္ဒထုတ်ဖော်ပွဲဟောပြောရာ၌ ဧကနိကျေးရွာမှ ဦးနိုင်ဦးက ပြောဆိုခဲ့ခြင်းဖြစ်သည်။ သို့သော် မည်သို့သော နိုင်ငံများဖြစ်သည်ကိုမူ...

မွန်အမျိုးသားပါတီကို မဟာမိတ်အဖြစ် ပူပေါင်းမည်ဟု မွန်ပြည်သစ်ပါတီဥက္ကဋ္ဌပြော

မွန်အမျိုးသားပါတီသည် မွန်ပြည်သစ်ပါတီနည်းတူ မွန်လူမျိုးအကျိုးအတွက် တိုက်ပွဲဝင်နေသည့် နိုင်ငံရေးပါတီတစ်ခုဟု ရှုမြင်သဖြင့် မဟာမိတ်ပါတီအဖြစ် အသိအမှတ်ပြုကာ လက်တွဲပူးပေါင်းလုပ်ဆောင်သွားမည်ဟု မွန်ပြည်သစ်ပါတီ ဥက္ကဋ္ဌက ပြောသည်။ ဇန်န၀ါရီလ ၂၈ ရက်နေ့မှ စပြီး မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ မွန်အမျိုးသားပါတီ ဗဟိုဌာနချုပ် ရုံးနေရာတွင် စတင်ကျင်းပနေသည့် မွန်အမျိုးသားပါတီ၏ ပထမဆုံးအကြိမ် ညီလာခံတွင်...

ကော့တောင်ကျွန်း လူသတ်မှု တရားခံ သက်သေများ လိုက်လံစုဆောင်း

ထိုင်းနိုင်ငံ၊ ကော့တောင်ကျွန်းတွင် ဗြိတိန်နိုင်ငံသားနှစ်ဦးကို သတ်သည်ဟု စွပ်စွဲခံထားရသော မြန်မာနှစ်ဦး၏ အမှုအတွက် ထွက်ဆိုပေးရန်  သက်သေများကို လိုက်လံ ရှာဖွေစုံစမ်းလျှက်ရှိကြောင်း ယင်းအမှုအား လိုက်ပါဆောင်ရွက်ပေးနေသည့် မြန်မာသံရုံးမှ အထူးစုံစမ်းရေးအဖွဲ့ထံမှ သိရသည်။ အမှုနှင့် ပတ်သက်၍ နှစ်ဖက် လျှောက်လဲချက်ပေးနိုင်ရန် ၂၀၁၅ ခုနှစ် ဇူလိုင်လ ၈ ရက်မှ...

ပုလောမီးလောင်မှု နေအိမ် ၇၀ ကျော် ဆုံးပါး

မြိတ်ခရိုင် ပုလောမြို့နယ်တွင် အမှတ်(၁)ရပ်ကွက်၊ မြ၀တီလမ်းနှင့် ဗိုလ်အောင်ချိုလမ်းရှိ နေအိမ်တစ်လုံးတွင် အိမ်နောက်ဖေး မီးဖိုချောင်မှ တဆင့် ဖေဖော်ဝါရီလ ၁ ရက်နေ့ ညနေ ၃ နာရီခွဲအချိန်က မီးလောင်မှုဖြစ်ပွားခဲ့ရာ လူနေအိမ် ခုနှစ်ဆယ်ကျော် ပါသွားကြောင်း ပုလောမြို့ခံများထံမှ သိရသည်။ ပုလောမြို့နယ် အမှတ်(၁) ရပ်ကွက်၊ မြ၀တီလမ်းနှင့်...

ဘားအံတွင် ဗိုလ်ကြီး တစ်ဦးအပါအ၀င် မူးယစ်ဆေးပြား ကိုးထောင်ကျော် ဖမ်းဆီးရမိ

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် ဇန်နဝါရီ ၃၁ ရက်နေ့ တစ်ရက်တည်းတွင် အမှတ် (၂၀၁) ခြေမြန်တပ်ရင်းမှ ဗိုလ်ကြီးတဦးလည်း အပါအ၀င် မူးယစ်ဆေးဝါး ၉၂၂၉ ပြား ဖမ်းဆီးရမိခဲ့ပြီး ၄င်းတွင် ခရရ(ဘအ) အထူးမှုခင်းနှိမ်နင်းရေးအဖွဲ့မှ သိရသည်။   ဖြစ်စဉ်မှာ ဇန်နဝါရီ ၃၁ ရက်နေ့က အထူးမှုခင်းနှိမ်နင်းရေးအဖွဲ့ဝင်များ၊ မှုခင်း...

သွေးခွဲဇာတ်ညွန်းဖြင့် ထားဝယ်စီမံကိန်း တကျော့ပြန်

ပြဿနာများကို ဦးစွာရှင်းရန် ဒေသခံများ၊ အဖွဲ့အစည်းများက အစဉ်တစိုက် တောင်းဆိုလာခဲ့သည်။ ထားဝယ်စီမံကိန်း ပြန်စရေး ထိုင်းနှင့် မြန်မာ ခေါင်းချင်းပြန်ဆိုင်ချိန်တွင် ထားဝယ်စီမံကိန်း အမြန်လာရန် လက်ယပ်ခေါ်မည့် အဖွဲ့များ အခြားမျက်နှာစာမှ ပေါ်လာပြန်သည်။ ထုံးစံအတိုင်း စီမံကိန်းနှင့် ပတ်သက်၍ ဒေသခံများ အပေါ် သွေးခွဲမည့် ဇာတ်ညွန်းများ ပါလာသည်။ ရှည်ကြာညောင်းစွာ...