ကျောင်းသား သပိတ် ရန်ကုန်မရောက်ရန် ဆောင်ရွက်မည်ဟု အစိုးရကြေညာ

ကျောင်းသား သပိတ်စစ်ကြောင်းများ ရန်ကုန်တိုင်းဒေသကြီး အတွင်း မ၀င်ရောက်ရန် ဥပဒေနှင့် အညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာ အစိုးရ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ြပန်လိုက်သည်။   ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် လေးပွင့်ဆိုင်တွေ့ဆုံခဲ့ပြီး ကျောင်းသားများ၏ တောင်းဆိုချက် သဘောတူပြီးဖြစ်ကြောင်း၊ သဘောတူညီချက်များကို ပြန်လည် အကောင်အထည်ဖော်ရန် ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင်...

ဖုန်ကြားရှင် တပ်ပေါင်းစုနှင့် သုံးရက်တာ တိုက်ပွဲအတွင်း တပ်မတော်မှ ၄၇ ဦးကျဆုံး

ဖုန်ကြားရှင်၏ ကိုးကန့်လက်နက်ကိုင်အဖွဲ့နှင့် အခြားတိုင်းရင်းသား တပ်ပေါင်းစုတို့ ပါဝင်သော လက်နက်ကိုင်များနှင့် တပ်မတော်တို့ ဖြစ်ပွားသော သုံးရက်တာ တိုက်ပွဲအတွင်း မြန်မာ့ တပ်မတော်မှ အရာရှိ ၅ ဦး၊ စစ်သည် ၄၂ ဦးကျဆုံးခဲ့ကြောင်း မြန်မာ့ အစိုးရ က သတင်းထုတ်ပြန်သည်။ ဖေဖော်ဝါရီ ၉ ရက်နေ့မှ...
Dawei Watch, Dawei News, Dawei News Media

ဗယ်လင်တိုင်းဒေးမှာ ထိုင်းဆယ်ကျော်သက်တွေ လိင်မှုဖွယ်ရာ ရှောင်ဖို့ နှိုးဆော်

ဖေဖော်ဝါရီ ၁၄ ရက်နေ့တွင် ကျရောက်သည့် ဗယ်လင်တိုင်းဒေးတွင် ထိုင်း ဆက်ကျော်သက်များ လိင်မှုရေးရာများ ရှောင်ကျဉ်ကြရန် ထိုင်း စာရိတ္တမြှင့်တင်ရေး စင်တာက နှိုးဆော်လိုက်သည်။ ချစ်သူများနေ့ဟု မြန်မာနိုင်ငံတွင် ခေါ်ဝေါ်ကြသော ဗယ်လင်တိုင်းဒေးတွင် အန္တရာယ်များသည့် အပြုအမူများကို ရှောင်ရှားသည့် အနေနှင့် ထိုင်းဆက်ကျော်သက်များသည် ညနေစာ အတူစား ချိန်းတွေရုံဖြင့်...

NLD နှင့် မွန်ပါတီ ကျောင်းသားသပိတ်တွင် မပါရန် မွန် နယ်/လုံဝန်ကြီး သတိပေး

အမျိုးသားပညာရေး ဥပဒေအား သပိတ်မှောက်နေကြသည့် ကျောင်းသားအဖွဲ့များနှင့် ပူးပေါင်းပါဝင်မှုမပြုရန်  မွန်အမျိုးသားပါတီနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) တို့အား လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဌေးမြင့်အောင်က ခေါ်တွေ့ သတိပေးခဲ့ကြောင်း မွန်အမျိုးသားပါတီထံမှ သိရသည်။ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသတို့မှ ကျောင်းသားများဦးဆောင်ပြီး ဖေဖော်ဝါရီ ၉ ရက်နေ့က မော်လမြိုင်မြို့၌...

မြိတ် သပိတ်မှောက်ကျောင်းသား မိဘကို လက်မှတ်ထိုးခိုင်းမှု ပြန်တောင်းပန်

မြိတ်တက္ကသိုလ် ပါမောက္ခချုပ်၏ အမိန့်ဖြင့်ဟုဆိုကာ ကျောင်းသားများဆန္ဒပြနေသည်ကို မိဘများ သိရှိခြင်း ရှိမရှိ လက်မှတ်ရေးထိုးခိုင်းခဲ့မှုကို မြိတ်တက္ကသိုလ်ကပြန်လည် တောင်းပန်ခဲ့ကြောင်း ကျောင်းသား မိဘများထံမှ သိရသည်။ မြိတ်တွင် သပိတ်မှောက်ကျောင်းသားများအား ဆက်လက် ဆန္ဒပြခြင်းမလုပ်ရန် ဖေဖော်ဝါရီလ ၉ ရက်နေ့ ညက သပိတ်စစ်ကြောင်းပါ ဆန္ဒပြကျောင်းသားကျောင်းသူများ၏ မိဘများကို ၀န်ခံဂတိ...

ဗိုလ်ချုပ်မွေးနေ့ နှစ်တစ်ရာပြည့် ပြည်သူ့ရင်ပြင်တွင် သုံးရက်ဆက် ကျင်းပမည်

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဗဟိုကော်မတီမှ ဦးဆောင်၍ ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ နှစ် ၁၀၀ ပြည့် အခမ်းအနားများကို ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှ ၁၄ ရက်နေ့ အထိ ရန်ကုန်မြို့ရှိ ပြည်သူ့ရင်ပြင်တွင် သုံးရက်ဆက်ကျင်းပမည်ဖြစ်ကြောင်း အဖွဲ့ချုပ်က ထုတ်ပြန်သည်။ ဓာတ်ပုံပြခန်း၊ ပန်းချီနှင့် ကာတွန်းပြခန်းများ၊ သံချပ်ပြိုင်ပွဲများ၊...

Total ကုမ္ပဏီ အလုပ်သမား ဥပဒေချိုးဖောက်ဟု ဆန္ဒပြ အလုပ်သမားများပြော

လူ့အခွင့်အရေးနှင့် အလုပ်သမားအခွင့်အရေးကို   လေးစားလိုက်နာရမည့်   ပြင်သစ်အခြေစိုက် Total ကုမ္ပဏီက အလုပ်သမား  အခွင့်အရေးများကို ချိုးဖောက်နေကြောင်း ဖေဖော်ဝါရီလ ၁၀ ရက်နေ့က ထားဝယ်ခရိုင်၊ ကံပေါက် ဒေသ၌ပြုလုပ်သည့် ကုမ္ပဏီကို ဆန္ဒပြသည့် ဟောပြောပွဲ ဆန္ဒပြ အလုပ်သမားများ က ပြောဆို...

မြိတ်- ရန်ကုန် အဝေးပြေးယာဉ်လိုင်းတချို့ ယာဉ်ထွက်ခွာချိန် ပြောင်း

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့မှ ရန်ကုန် မြို့သို့ ပြေးဆွဲနေသော အဝေးပြေးမှန်လုံ ခရီးသည်တင်ယာဉ်လိုင်း တချို့သည် ယခုနှစ် နှစ်ဆန်းပိုင်းမှ စပြီး အချိန်ပြောင်း ပြေးဆွဲလာကြကြောင်း အဆိုပါ ယာဉ်လိုင်းများ ထံမှ သိရသည်။ ယခင်က နံနက် ၃ နာရီတွင် မြိတ်မြို့မှ ထွက်ခွာလေ့ရှိသည့် ယာဉ်လိုင်းများသည် လက်ရှိတွင်...

မြိတ် ကျောင်းသား သပိတ်ကို မီးသတ်ကားဖြင့် အာရုံပြောင်း

မြို့ပေါ်လူထု အာရုံထွေပြားသွားစေရန် မြိတ်တက္ကသိုလ်ကျောင်းသားများ ဖေဖော်ဝါရီလ ၉ ရက်နေ့ နံနက်ပိုင်းက စတင် ဆန္ဒပြနေစဉ် မီးလောင်နေသည်ဟု အာရုံပြောင်းခံရကြောင်း ကျောင်းသားသပိတ်နှင့် အတူလိုက်ပါသည့် ဒေသခံများထံမှ သိရသည်။ သပိတ်မှောက် ကျောင်းသားများ မြိတ်တက္ကသိုလ်ကျောင်းဝင်းအတွင်းမှ ပြန်ထွက်စဉ် မီးလောင်နေသည်ဟုဆိုကာ ခရိုင်မီးသတ်တပ်ဖွဲ့မှူးရုံးမှ မီးသတ်ကား လေးစီး ဥသြဆွဲကာရောက်လာခဲ့ပြီး ကျောင်းအရှေ့တွင် ဟောပြောရန်...
Dawei Watch, Dawei News, Dawei News Media

ယင်လပ် ပြည်ပခရီးသွားခွင့် မရ

ဆန်စပါးဝယ်ယူရေး အစီအစဉ်ကြောင့် တရားရင်ဆိုင်နေရသော ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်လပ်ရှင်နာဝပ်ကို ထိုင်းအာဏာသိမ်း စစ်အစိုးရကောင်စီက ခရီးသွားလာခွင့် ငြင်းပယ်လိုက်သည်။ ယင်လပ်သည် ဖေဖော်ဝါရီလ ၈ ရက်နေ့က ဟောင်ကောင်သို့ ခရီးသွားခွင့် တင်ပြရာ တရားရင်ဆိုင်နေရသဖြင့် ခွင့်မပြုနိုင်ဟု ဆိုကာ ထိုင်းစစ်အစိုးရ၏ ငြိမ်းချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး အမျိုးသား ကောင်စီ (NCPO) က...