ကျောင်းသား သပိတ်စစ်ကြောင်းများ ရန်ကုန်တိုင်းဒေသကြီး အတွင်း မ၀င်ရောက်ရန် ဥပဒေနှင့် အညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာ အစိုးရ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ြပန်လိုက်သည်။

ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် လေးပွင့်ဆိုင်တွေ့ဆုံခဲ့ပြီး ကျောင်းသားများ၏ တောင်းဆိုချက် သဘောတူပြီးဖြစ်ကြောင်း၊ သဘောတူညီချက်များကို ပြန်လည် အကောင်အထည်ဖော်ရန် ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် လေးပွင့်ဆိုင်ထပ်မံတွေ့ဆုံရန် ရှိကြောင်း ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် ထုတ်ပြန်သော ယင်းထုတ်ပြန်ချက် အရသိရသည်။
ထားဝယ် သပိတ်မှောက် ကျောင်းသားများ စစ်ကြောင်းသည် ဖေဖော်ဝါရီညနေပိုင်းတွင် မွန်ပြည်နယ်မှ ပဲခူးတိုင်းသို့ ၀င်ရောက်လာပြီး ညပိုင်းတွင် ပဲခူးမြို့တွင် ညအိပ်ရပ်နားရန် စီစဉ်ထားသည်။
မန္တလေးမှ ချီတက်လာသော ပင်မကျောင်းသား သပိတ်စစ်ကြောင်းသည် ယနေ့တွင် ရွှေတောင်မှ ပေါင်းတည်ကို ကျော်ဖြတ်လာပြီဖြစ်သည်။
ကျောင်းသား သပိတ်စစ်ကြောင်းများ ရန်ကုန်မရောက်နိုင်ရေး လုံခြုံရေးတင်ကြပ်စွာချထားကြောင်းလည်း ကမာရွတ် အွန်လိုင်းမီဒီယာတွင် ဖော်ပြထားသည်။