ဗိုလ်ချုပ်မွေးနေ့ နှစ်တစ်ရာပြည့် ပြည်သူ့ရင်ပြင်တွင် သုံးရက်ဆက် ကျင်းပမည်

0
755

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဗဟိုကော်မတီမှ ဦးဆောင်၍ ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ နှစ် ၁၀၀ ပြည့် အခမ်းအနားများကို ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှ ၁၄ ရက်နေ့ အထိ ရန်ကုန်မြို့ရှိ ပြည်သူ့ရင်ပြင်တွင် သုံးရက်ဆက်ကျင်းပမည်ဖြစ်ကြောင်း အဖွဲ့ချုပ်က ထုတ်ပြန်သည်။

10923769_10152701717104296_2302276339136047824_n
အမေရိကန်ရောက် မြန်မာများ၏ ဗိုလ်ချုပ်မွေးနေ့ အခမ်းအနား ပိုစတာ

ဓာတ်ပုံပြခန်း၊ ပန်းချီနှင့် ကာတွန်းပြခန်းများ၊ သံချပ်ပြိုင်ပွဲများ၊ အခမဲ့ ဂီတဖျော်ဖြေပွဲများ၊ ကလေးကဗျာ ရွတ်ဆို ပြိုင်ပွဲများ၊ ဗိုလ်ချုပ် မိန့်ခွန်းပြောပြိုင်ပွဲများ၊ ရုပ်ရှင်သရုပ်ဆောင်များ၏ အနုပညာတင်ဆက်မှုများ၊ မေတ္တရွှေစင်အဖွဲ့၏ ပြဇာတ်နှင့် ဟာသများ စသည်ဖြင့် ဗိုလ်ချုပ် မွေးနေ့ နှစ် ၁၀၀ ပြည့်ပွဲကို ကျင်းပသွားမည်ဖြစ်ကြောင်း NLD က ထုတ်ပြန်ထားသည်။

ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်သည့် ပြည်ထောင်စုနေ့ အခမ်းအနားကိုမူ ယင်းနေ့ နံနက် ၁၀ မှ ၁၂ နာရီ အထိ ပြည်သူ့ ရင်ပြင် ကွင်းအမှတ် ၂ တွင် ကျင်းပမည်ဟုဆိုသည်။

ဗိုလ်ချုပ်အောင်ဆန်းကို ၁၉၁၅ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် ဖခင် ရှေ့နေ ဦးဖာနှင့် မိခင် ဒေါ်စု တို့က မကွေးတိုင်း၊ နတ်မောက်မြို့တွင် မွေးဖွားခဲ့သည်။

uuuu
ပြည်သူ့ရင်ပြင်တွင် ကျင်းပမည့် သုံးရက်တာ အခမ်းအနား အစီအစဉ်။