ပလမြို့အနီးတဝိုက်တွင် တိုက်ပွဲဆက်ဖြစ်၊ ကျေးရွာသုံးရွာတွင် မီးလောင်

မြိတ်ခရိုင်၊ ပလမြို့အနီးတစ်ဝိုက်တွင် တိုက်ပွဲများ ယနေ့ မွန်းလွဲ ၃ နာရီခွဲအထိဆက်လက်ဖြစ်ပွားနေသေးပြီး နေအိမ်မီးလောင်သည့် နေရာများလည်း ထပ်တိုးလာကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့ ဒီဇင်ဘာလ ၃၀ ရက် နံနက် ၁၀ နာရီမှစတင်ပြီး...

သရက်ချောင်း၊ ဘုတ်တောင်ရွာအနီး စစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရ

သရက်ချောင်းမြို့နယ်၊ ဘုတ်တောင်ရွာအနီး ၄၇ မိုင်နှင့် ၄၈ မိုင်အကြားတွင် စစ်ကောင်စီတပ် ခြေလျင်စစ်ကြောင်း ဒီဇင်ဘာလ ၂၉ ရက် ညနေ ၄နာရီဝန်းကျင်တွင် မိုင်းဆွဲတိုက်ခိုက်ခံရကြောင်း ဒေသခံအချို့က ပြောသည်။ အင်အား ၇၀ ခန့်ရှိသည့်...

ပလ၊ တိုရွာတွင် ပစ်ခတ်သံများထွက်ပြီးနောက် မီးလောင်နေ

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ပလမြို့ အမှတ် (၂) ရပ်ကွက် တိုရွာတွင် ပစ်ခတ်သံများ ထွက်ပေါ်လာပြီးနောက် မီးစတင်လောင်ကျွမ်းနေကြောင်း ဒေသခံများထံမှ ကနဦးသိရသည်။ ယနေ့ နံနက် ၁၀ နာရီဝန်းကျင်တွင် ပစ်ခတ်သံများ စတင်ကြားရခြင်းဖြစ်ကြောင်း ဒေသခံများက...

တက်ရိပ်ပြနေသည့် ကဏန်းမဲဈေး ပြန်လည်ကျဆင်း

မောတောင်နယ်စပ်ဂိတ်ပြန်ဖွင့်သဖြင့် တက်ရိပ်ပြနေသည့် မြိတ်ဒေသထွက် ကဏန်းမဲဈေးနှုန်းတို့သည် ဒီဇင်ဘာလ လလယ်ခန့်မှစပြီး ပြန်လည်ကျဆင်းနေကြောင်း ကဏန်းဖမ်းလုပ်ငန်းလုပ်ကိုင်နေသူတို့ထံမှ သိရသည်။ ဒေသထွက် ကဏန်းမဲတို့အား ထိုင်းသို့တင်ပို့နေကျဖြစ်သည့် တနင်္သာရီမြို့နယ်ရှိ မောတောင်နယ်စပ်ဂိတ်အား ပြီးခဲ့သည့် မေလအတွင်းက စစ်ရေးအခြေအနေကြောင့် ပိတ်ခဲ့ပြီး ဩဂုတ်လ...

ထားဝယ်ခရိုင်တွင် အလုပ်သမားခ ဈေးတက်

ထားဝယ်ခရိုင်တွင် အလုပ်သမားရှားပါးလာမှုနှင့် ကုန်ဈေးနှုန်း အဆမတန် မြင့်တက်မှုတို့ကြောင့် အလုပ်သမား ငှားရမ်းခ ဈေးလည်း လိုက်တက်လာကြောင်း ဒေသခံများထံမှ သိရသည်။ ယခုပွင့်လင်းရာသီတွင် ရော်ဘာ၊ ကွမ်းသီး၊ ဥယျာဉ်ခြံလုပ်ငန်းနှင့် လယ်ယာ၊ ဆား၊ ဆောက်လုပ်ရေးလုပ်ငန်းများ အတွက်...

ပုလော၊တပိုတွင် စစ်ယာဥ်တန်း မိုင်းဆွဲခံရ

မြိတ်ခရိုင်၊ပုလောမြို့နယ်၊ တပိုကျေးရွာအနီးတွင် စစ်ယာဥ်တန်းမိုင်းဆွဲခံရပြီး ထိခိုက်မှုရှိနိုင်ကြောင်း ဒေသခံများနှင့် တောကြီးမြွေဟောက်အဖွဲ့ ထံမှသိရသည်။ မြိတ်မှပုလောဘက်သို့တက်လာသည့် စစ်ကောင်စီယာဥ်တန်းအား တပိုရွာအနီးတွင် ယနေ့ နေ့လယ် ၃ နာရီ ၄၅ မိနစ်ဝန်းကျင်က တောကြီးမြွှေဟောက်အဖွဲ့မှ ပဒေသာမိုင်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း...

ထားဝယ်နာရေးကူညီမှုအသင်း အတွင်းရေးမှူး ဦးအောင်နိုင်ဦးနှင့်ဇနီး ပြန်လွတ်

ထားဝယ်နာရေးကူညီမှုအသင်း၏ အတွင်းရေးမှူးဖြစ်သူ ဦးအောင်နိုင်ဦးနှင့် ဇနီးဖြစ်သူတို့ ယနေ့ (ဒီဇင်ဘာ ၂၉)နေ့လယ်ပိုင်းတွင် ပြန်လည်လွတ်မြောက်လာပြီဖြစ်ကြောင်း ၎င်းတို့နှင့် နီးစပ်သည့် အသိုင်းအဝိုင်းက ပြောဆိုသည်။ ဒီဇင်ဘာ ၂၇ ရက်နေ့ညက ထားဝယ်မြို့၊ ကြက်စားပြင်ရပ်ကွက်ရှိ နေအိမ်တွင် စစ်ကောင်စီတပ်က...

တနင်္သာရီဂျာနယ် ပင်တိုင်ဆောင်းပါးရှင် အောင်လွင်(ကံပေါက်သား) ထောင်ဒဏ် ငါးနှစ်ချခံရ

တနင်္သာရီတိုင်းအခြေစိုက် ထုတ်ဝေခဲ့သည့် တနင်္သာရီဂျာနယ်၏ ပင်တိုင်ဆောင်းပါးရှင်တစ်ဦးဖြစ်သည့် အောင်လွင် (ကံပေါက်သား) ကို ဒီဇင်ဘာလ ၂၉ ရက် တွင် ထောင်ဒဏ် ၅ နှစ်ချခံလိုက်သည်။ ဆောင်းပါးရှင် အောင်လွင်(ကံပေါက်သား) အား အကြမ်းဖက်မှုတိုက်ဖျက်ရေးဉပဒေပုဒ်မ- ၅၂...

ထားဝယ်တွင် နေအိမ် ဖောက်ထွင်းခံရ

ထားဝယ်မြို့ ဝဲကျွန်းမြို့သစ်ရပ်ကွက် (၇) လမ်းတွင် ဒီဇင်ဘာလ ၂၇ ရက်နေ့က တိုက်အိမ်တစ်လုံး ဖောက်ထွင်း ခံရကြောင်း နေအိမ်ပိုင်ရှင်မိသားစုဝင်များထံမှ သိရသည်။ သစ်သားကုလားထိုင် ငါးလုံး၊ သစ်သားစားပွဲတစ်လုံး၊ ၆ ပေ ၃ပေ ဗီရိုတစ်လုံး၊...

တနင်္သာရီ၊ တကူတွင် မိုင်းကိုထုရာမှ ပေါက်ကွဲပြီး မိန်းကလေးတစ်ဦးသေဆုံး၊ နှစ်ဦးဒဏ်ရာရ

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ တကူကျေးရွာတွင် လက်လုပ်မိုင်းကို ထုဖျက်ရာမှ ပေါက်ကွဲပြီး အသက် ၁၅နှစ်အရွယ် မိန်းကလေးတစ်ဦး သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ တကူကျေးရွာအုပ်စု၊ သံတိုက်ရပ်ကွက်တွင် ဒီဇင်ဘာလ ၂၆ ရက်က ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများထံမှ...