ထားဝယ်နာရေးကူညီမှုအသင်း အတွင်းရေးမှူး ဦးအောင်နိုင်ဦးနှင့်ဇနီး ပြန်လွတ်

0
3023

ထားဝယ်နာရေးကူညီမှုအသင်း၏ အတွင်းရေးမှူးဖြစ်သူ ဦးအောင်နိုင်ဦးနှင့် ဇနီးဖြစ်သူတို့ ယနေ့ (ဒီဇင်ဘာ ၂၉)နေ့လယ်ပိုင်းတွင် ပြန်လည်လွတ်မြောက်လာပြီဖြစ်ကြောင်း ၎င်းတို့နှင့် နီးစပ်သည့် အသိုင်းအဝိုင်းက ပြောဆိုသည်။

ဒီဇင်ဘာ ၂၇ ရက်နေ့ညက ထားဝယ်မြို့၊ ကြက်စားပြင်ရပ်ကွက်ရှိ နေအိမ်တွင် စစ်ကောင်စီတပ်က လာရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်ဖုန်းဆက်လိုက်တာ အိမ်ပြန်ရောက်သွားပြီဆိုပြောတယ်။ ဦးအောင်နိုင်ဦးကိုပဲ ဆက်လိုက်တာ။ ဘာကြောင့် ဖမ်းသွားတယ်ဆိုတာတော့ မမေးစားဖြစ်ဘူး။ သူပြန်ရောက်ပြီလို့ပြောတယ်။ ရောက်ရင်ရပြီလို့ နောက်မှပဲ မေးစားတော့မယ်လို့ ကျွန်တော်အဲ့တိုင်းပဲ ပြောလိုက်တယ်” ဟု ၎င်းနှင့် နီးစပ်သူ အမျိုးသားတစ်ဦးက ပြောသည်။

ဦးအောင်နိုင်ဦးတို့ လင်မယားကို စစ်ကောင်စီက မည်သည့်အကြောင်းကြောင့် ဖမ်းဆီးသွားသည်ကို မေးမြန်းရန် ဖုန်းဆက်ခဲ့သော်လည်း ဖုန်းကိုင်ခြင်းမရှိသေးသဖြင့် အကြောင်းရင်းကို မသိရသေးပေ။