ကော့သောင်းတွင် ရက်ဆက်လောင်ကျွမ်းနေသည့်တောမီး ငြှိမ်းသတ်နိုင်ပြီဟုဆို

ကော့သောင်းမြို့ ၁၁၉၉ တောင်ကုန်းပေါ်တွင် ‌ငါးရက်ဆက်လောင်ကျွမ်းနေသည့် တောမီးအား ယနေ့ ဇန်နဝါရီလ ၁၀ ရက်တွင် မီးငြှိမ်းသတ်နိုင်ပြီဖြစ်ကြောင်း မီးသတ်ရာတွင်ပါဝင်သည့် ပရဟိတအသင်းအချို့ထံမှ သိရသည်။ ဇန်နဝါရီလ ၇ ရက်မှစပြီး လောင်ကျွမ်းနေသည့်တောမီးအား မီးသတ်တပ်ဖွဲ့ဝင်များနှင့် ပရဟိတအသင်းအဖွဲ့...

ထိုင်းမြောက်ပိုင်းတွင် ရွှေခိုးယူသွားသော ထိုင်းသူခိုးကို မြန်မာဘက်တွင်ဖမ်းမိ

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်ခရိုင်တွင် ရွှေဆိုင်တစ်ဆိုင်မှ ရွှေခိုးယူခဲ့ပြီး မြန်မာနိုင်ငံဘက်သို့ ထွက်ပြေးလွတ်မြောက် သွားသော ထိုင်းသူခိုးကို ဇန်နဝါရီလ ၈ ရက်နေ့ ညပိုင်းတွင် ဖမ်းမိကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထား သည်။ ထိုင်းနိုင်ငံရဲတပ်ဖွဲ့သည် မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ပူးပေါင်းကာ...

လက်နက်ကြီးကျည်ထိမှန်သဖြင့် ကျိုက်ထိုဒေသခံ လူငယ်တစ်ဦးသေဆုံး၊ ရှစ်ဦးဒဏ်ရာရ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် ကျေးရွာနှစ်ရွာတွင် လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် လူငယ်တစ်ဦး သေဆုံးပြီး ကလေးငယ်တစ်ဦးအပါအဝင် ရှစ်ဦးဒဏ်ရာရကြောင်း ဒေသခံများနှင့် KNU တို့ထံမှ သိရသည်။ ကရင်အမျိုးသားအစည်းအရုံး KNU ထိန်းချုပ်နယ်မြေအတွင်း တပ်စွဲထားသော စစ်ကောင်စီတပ်ရင်းများက လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့်...

ထိုင်းဘတ်ဈေး ဆက်တိုက်တက်နေပြီး ဆက်လက်မြင့်တက်နိုင်

လချီငြိမ်နေသည့် ထိုင်းဘတ်ငွေဈေးမှာ ယခုလဆန်းမှစတင်ကာ တရွေ့ရွေ့တက်လာနေကြောင်း ဈေးကွက်အတွင်းမှ သိရသည်။ ပြီးခဲ့သည့်နှစ် အောက်တိုဘာလဆန်းမှစကာ ငြိမ်သက်နေသည့်ဘတ်ဈေးသည် လေးလခန့်အကြာတွင် တဖြည်းဖြည်း ပြန်လည်မြင့်တက်လာခြင်းဖြစ်သည်။ ဘတ်ဈေးငြိမ်စဉ်က ထိုင်းငွေတစ်ဘတ်လျှင် ၇၄ ကျပ်ခန့်...

ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား အမှတ် (၁) ဇန်နဝါရီ ၁၂ ရက်တွင် ထိုင်းဘက်က ဖွင့်မည်

ကိုဗစ်ကပ်ရောဂါကြောင့် သုံးနှစ်နီးပါးပိတ်ထားခဲ့သော ထိုင်း-မြန်မာနယ်စပ် မြဝတီ-မဲဆောက် အမှတ် (၁) ချစ်ကြည်ရေးတံတားကို ဇန်နဝါရီလ ၁၂ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်မည်ဖြစ်ကြောင်း မဲဆောက်ဒေသ အုပ်ချုပ်ရေး တာဝန်ရှိသူများက ထုတ်ပြန်သည်။ နယ်စပ်ဂိတ်ဖွင့်ပွဲကို တက်ရောက်ရန်အတွက် မဲဆောက်အုပ်ချုပ်ရေးမှူးက သက်ဆိုင်ရာရုံးအဖွဲ့အစည်းများထံသို့...

ပုလော မီးလောင်ချောင်းရွာသားများ ရွာမပြန်နိုင်သေး၊ ဥယျာဉ်ခြံလုပ်ငန်းများ ပစ်ထားရ

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ မီးလောင်ချောင်းကျေးရွာတွင် နှစ်ဖက်တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေကြသည့် ဒေသခံများ နေရပ်မပြန်နိုင်ကြသေးကြောင်း ဒေသခံများထံမှ သိရသည်။ မီးလောင်ချောင်းရွာတွင် ဇန်နဝါရီလ ၈ ရက်နေ့ နံနက် ၅ နာရီမှ နံနက် ၁၀ နာရီအထိ...

ထားဝယ်တွင် စက်ဘီးသူခိုးများ သောင်းကျန်းလာ

ထားဝယ်မြို့တွင် စက်ဘီး အခိုးခံရမှုများလာကြောင်း မြို့ခံအချို့ထံမှ သိရသည်။ လမ်းဘေးတွင် ရပ်ထားသည့် စက်ဘီးအခိုးခံရသည့်အပြင် ဆိုင်တွင်ရောင်းချနေသည့် စက်ဘီးများကိုပါ ခိုးယူလာကြကြောင်း ထားဝယ်မြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။ ထားဝယ်တွင် ကျန်းမာရေးအတွက်...

ပြိုင်ပွဲထိုးသတ်ဖို့အတွက် ဘန်ကောက်မြို့ကို အောင်လအန်ဆန်း ရောက်ရှိနေပြီ

ကချင်တိုင်းရင်းသား ကိုယ်ခံပညာစုံ တိုက်ခိုက်ရေးသမား အောင်လအန်ဆန်းဟာ စိန်ခေါ်ပွဲထိုးသတ်ဖို့အတွက်ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ကို ရောက်ရှိနေပြီလို့ သိရပါတယ်။ အောင်လအန်ဆန်းဟာ သူ့အသင်းနဲ့အတူ ဘန်ကောက်မြို့ဆီကို ရောက်ရှိလာတာပဲဖြစ်ပါတယ်။  “ကျွန်တော့်ရဲ့လူထုတွေကို ကိုယ်စားပြုခွင့်ရရှိတဲ့အတွက် ဘုရားသခင်၊ ကျွန်တော့်ရဲ့မိသားစုနဲ့ ကျွန်တော့်ရဲ့အသင်းကို ကျေးဇူးတင်ပါတယ်”လို့ အောင်လအန်ဆန်းက သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာထက်မှာ ရေးသားဖော်ပြထားပါတယ်။ အောင်လအန်ဆန်းဟာ အစောပိုင်းက တရုတ်ကိုယ်ခံပညာစုံတိုက်ခိုက်ရေးသမား ဖန်ရောင်းနဲ့ထိုးသတ်ဖို့ ပွဲစီစဉ်ထားခဲ့ပေမယ့် ပြိုင်ပွဲထိုးသတ်ဖို့ ၁၀ ရက်သာ လိုတော့တဲ့အချိန်ကိုရောက်မှ ဖန်ရောင်းက ကိုဗစ်ကူးစက်မှုခံထားရကြောင်း သိရှိလိုက်ရတဲ့အတွက် ပြိုင်ဘက်ပြောင်းလဲလိုက်ရပါတယ်။ လာမယ့် ဇန်နဝါရီလ ၁၄ ရက်နေ့ကိုရောက်ရင် အောင်လအန်ဆန်း ရင်ဆိုင်ရမယ့်ပြိုင်ဘက်က ဘရာဇီးကိုယ်ခံပညာစုံတိုက်ခိုက်ရေးသမား ဂီလ်ဘာတို ဂယ်လ်ဗာအို ဖြစ်ပြီး သူတို့နှစ်ယောက်ဟာ CATCHWEIGHT တန်းပွဲစဉ်အဖြစ်ထိုးသတ်ကြလိမ့်မယ်လို့ သိရပါတယ်။ ဒီပွဲစဉ်ကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာရှိတဲ့ Impact Arena မှာ ကျင်းပသွားဖို့ စီစဉ်ထားပါတယ်။

ထားဝယ် ပကဖ ဗျူဟာမှူး၊ ဥဩစစ်ကြောင်းမှူး ဖထီးစိုးဝင်းကျဆုံး

ထားဝယ်ပြောက်ကျားတော်လှန်ရေးတပ်ဖွဲ့ (DGRF) ၏ လက်ဦးဆရာလည်းဖြစ်၊ ဗျူဟာမှူးလည်းဖြစ်ပြီး ဥဩစစ်ကြောင်း၏ စစ်ကြောင်းမှူးလည်းဖြစ်သူ ဖထီးစိုးဝင်း ဘဲ့မတပ်တောင်တိုက်ပွဲတွင် ကျဆုံးသွားကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အချို့၏ အတည်ပြုချက်နှင့် DGRF ၏ ထုတ်ပြန်ချက်တို့အရ သိရသည်။ ဖထီးစိုးဝင်မှာ အသက် ၆၅နှစ်အရွယ်ဖြစ်သဖြင့်...

သဘော့ဆိပ်ရွာတွင် အမျိုးသားတစ်ဦးပစ်သတ်ခံရ

လောင်းလုံးမြို့နယ်၊ သဘော့ဆိပ်ရွာတွင် ယနေ့(ဇန်နဝါရီ ၉) မွန်းလွဲ ၂ နာရီခန့်က အမျိုးသားတစ်ဦး ပစ်သတ်ခံရသည်ဟု ဒေသခံတစ်ဦးကပြောသည်။ ပစ်သတ်ခံရသူမှာ အသက် ငါးဆယ်ကျော်အရွယ်ရှိ စစ်မှုထမ်းဟောင်းတစ်ဦးဖြစ်ပြီး ယင်းကျေးရွာ အောင်ချမ်းသာရပ်ကွက်တွင် နေထိုင်သည့် ဦးကျော်လွင်ဆိုသူ ဖြစ်သည်ဟု...