သဘော့ဆိပ်ရွာတွင် အမျိုးသားတစ်ဦးပစ်သတ်ခံရ

0
2927

လောင်းလုံးမြို့နယ်၊ သဘော့ဆိပ်ရွာတွင် ယနေ့(ဇန်နဝါရီ ၉) မွန်းလွဲ ၂ နာရီခန့်က အမျိုးသားတစ်ဦး ပစ်သတ်ခံရသည်ဟု ဒေသခံတစ်ဦးကပြောသည်။

ပစ်သတ်ခံရသူမှာ အသက် ငါးဆယ်ကျော်အရွယ်ရှိ စစ်မှုထမ်းဟောင်းတစ်ဦးဖြစ်ပြီး ယင်းကျေးရွာ အောင်ချမ်းသာရပ်ကွက်တွင် နေထိုင်သည့် ဦးကျော်လွင်ဆိုသူ ဖြစ်သည်ဟု ဒေသခံတစ်ဦးကပြောသည်။

“သူ့အိမ်မှာပဲ သုံးချက်လာပစ်သွားတယ်”ဟု ၎င်းကပြောသည်။

အဆိုပါအမျိုးသားကို မည်သူတို့က မည့်သည့်အတွက်ကြောင့် လာရောက်ပစ်ခတ်သွားသည် ဆိုသည်ကို အသေးစိတ်မသိရသေးပေ။

ယနေ့ညနေ လေးနာရီထိ ယင်းအမျိုးသား၏ရုပ်အလောင်းမှာ နေအိမ်တွင်ပင်ရှိနေသေးသည်ဟု ဒေသခံများ၏ ပြောကြားချက်အရသိရသည်။

ယနေ့မနက်ပိုင်းက လည်း ကမြောကင်းရွာတွင် လူဦးရေ စာရင်းကောက်ယူသည့်အဖွဲ့ ပစ်ခတ်ခံရပြီး လုံခြုံရေးလိုက်ပါလာသည့် ဒုရဲအုပ်တစ်ဦး ပစ်သတ်ခံရ‌ သေးသည်။

ယင်းလုပ်ဆောင်ချက်ကို လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (လောင်းလုံး-ပကဖ)နှင့် Dawei Guerrilla Revolutionary Force -DGRF (ထားဝယ်-ပကဖ) တို့ ပူပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ယင်းအဖွဲ့နှစ်ဖွဲ့၏ ထုတ်ပြန်ချက်အရသိရသည်။