တရားဝင်မြန်မာလုပ်သားများ လေးလကျော်ကြာထိ အလုပ်မရသဖြင့် ဘန်ကောက် မြန်မာသံရုံးရှေ့ဆန္ဒပြ

ထိုင်းနိုင်ငံသို့ နှစ်နိုင်ငံနားလည်မှုစာချွန်လွှာ (MoU) စနစ်အရ တရားဝင်လာရောက်လုပ်ကိုင်သော်လည်း လေးလကျော်ကြာသည်အထိ အလုပ်မရသဖြင့် မြန်မာအလုပ်သမား ၈၀ ကျော် ဘန်ကောက်မြို့ရှိ မြန်မာသံရုံးရှေ့တွင် ယနေ့ ဆန္ဒပြတောင်းဆိုကြကြောင်း အလုပ်သမားများက ပြောသည်။ ယနေ့ နေ့လယ် ၁၂နာရီဝန်းကျင်မှစတင်ကာ...

လောင်းလုံး တောမိုးတောင်ကြော စစ်ကြောင်းထိုးရှာဖွေနေ

လောင်းလုံးမြို့နယ်ရှိ တောမိုးတောင်နှင့်အနီးတစ်ဝိုက်ကို စစ်ကောင်စီတပ်များနှင့် ပျူစောထီး ပူးပေါင်းအဖွဲ့တို့က ယနေ့ နံနက်ပိုင်းမှစတင်ကာ စစ်ကြောင်းထိုးရှာဖွေနေကြောင်း ဒေသခံက ပြောသည်။ ယနေ့ ဒီဇင်ဘာလ ၂၂ ရက် နံနက်ပိုင်းကစပြီး စစ်ကောင်စီတပ်က တောမိုးတောင် အရှေ့ဘက်က တက်ရောက်ပြီး...

တိုက်ပွဲများကြောင့် ပလတွင် အုတ်လုပ်ငန်း မစနိုင်သေးဟုဆို

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ပလမြို့တွင် နှစ်ဖက်တိုက်ပွဲများကြောင့် အုတ်လုပ်ငန်းများ မစနိုင်သေးကြောင်း ပလမြို့ရှိ အုပ်လုပ်ငန်းရှင်အချို့ထံမှ သိရသည်။ ထို့ကြောင့် အုတ်ဈေးတက်ကာ ဈေးကွက်အတွင်း အုတ်များလည်း ပြတ်လပ်နေကြောင်း ၎င်းတို့က ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားအားလုံးပြန်လွှတ်ပေးရန်ပါရှိသည့် မြန်မာ့အရေး ဆုံးဖြတ်ချက် ကုလလုံခြုံရေးကောင်စီ သဘောတူဆုံးဖြတ်

မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုများ ချက်ချင်းရပ်တန့်ရေးနှင့် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသား အားလုံးကိုပြန် လွှတ်ပေးရန် စစ်ကောင်စီအား တိုက်တွန်းထားသည့် မြန်မာ့အရေးဆုံးဖြတ်ချက်ကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီက သဘောတူဆုံးဖြတ် အတည်ပြုလိုက်ပြီဖြစ်သည်။ မြန်မာပြည်တွင်းက အကြမ်းဖက်မှုများ ချက်ချင်းရပ်တန့်ရေး တောင်းဆိုမှုနှင့်...

ပလမြို့တွင် တိုက်ပွဲပြင်းထန်

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ပလမြို့တွင် နှစ်ဖက်တိုက်ပွဲပြင်းထန်နေကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့ နေ့လယ် ၁၂ နာရီခွဲဝန်းကျင်ကစတင်ပြီး မြို့တွင်းမှာ တိုက်ပွဲပြင်းထန်နေပြီး ဒေသခံများလည်း ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ဒေသခံများကပြောသည်။ “ပစ်ခတ်နေတဲ့...

မြိတ်တွင် အမျိုးသမီးတစ်ဦး ထီစုငွေ ကျပ်သိန်း‌ထောင်ချီ လိမ်လည်ပြီး တိမ်းရှောင်

မြိတ်မြို့ မြိတ်တောင်နယ်မြေ ထားဝယ်ကမ်း (၁) ရပ်ကွက်ရှိ ထီစုဒိုင် အမျိုးသမီးတစ်‌ဦးသည် ထီစုငွေ ကျပ်သိန်း‌ထောင်ချီ လိမ်လည်ကာ ဒီဇင်ဘာလ ၁၉ ရက်နေ့က ထွက်ပြေးတိမ်းရှောင်နေကြောင်း ယင်းရပ်ကွက်နေသူနှင့် ထီစုငွေ လိမ်လည်ခံရသူအချို့ထံမှ သိရသည်။ ထီစုငွေများအား...

မြိတ်ကမ်းနားလမ်းတွင် ကားတစ်စီး မြစ်ထဲထိုးကျ

မြိတ်မြို့ ကမ်းနားလမ်းရှိ မြိတ်ကုန်တိုက် (Myeik Shopping Center) အရှေ့တွင် ဒီဇင်ဘာလ ၂၀ ရက်‌ ည ၁ဝနာရီခန့်က ကားတစ်စီး မြစ်ထဲထိုးကျခဲ့ကြောင်း မြိတ်ခရိုင်မီးသတ်ဦးစီးဌာနထံမှ သိရသည်။ Hyundai ဟွန်ဒိုင်း အမျိုးအစားကားသည်...

ကော့သောင်းမှ ရနောင်းသို့ တရားမဝင် ဝင်သည့် မြန်မာလုပ်သားများ ဖမ်းဆီးခံရ

ကော့သောင်းမြို့မှ ထိုင်းနိုင်ငံ ရနောင်းခရိုင်အတွင်းသို့ တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသော မြန်မာ အလုပ်သမား ၁၁ ဦးနှင့် ကလေးတစ်ဦးအပါအဝင် ဗီဇာသက်တမ်းကုန်နေသော မြန်မာအလုပ်သမားလေးဦးတို့ကို ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် ဖမ်းမိခဲ့ကြောင်း အမှတ် (၂၅) ထိုင်းခြေမြန်တပ်ရင်းက ထုတ်ပြန်သည်။

ပလမြို့ တိုရွာတွင် လက်နက်ကြီးကျပြီး အရပ်သားငါးဦး ဒဏ်ရာရ၊ တစ်ဦးသေဆုံးဟု သတင်းထွက်

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ပလမြို့၊ တိုရွာတွင် ယနေ့ နံနက်ပိုင်းက လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲသဖြင့် အရပ်သား ငါးဦးဒဏ်ရာရကြောင်း ဒေသခံများထံမှ ကနဦးသိရသည်။ ယနေ့ ဒီဇင်ဘာလ ၂၁ ရက် နံနက် ၈ နာရီဝန်းကျင်က...

စစ်ကောင်စီတပ်ရင်း ၅၈၆ ကို ရေးဘီလူးအဖွဲ့ တိုက်ခိုက်

မွန်ပြည်နယ်၊ ရေးမြို့နယ်ရှိ စစ်ကောင်စီတပ်ရင်း ၅၈၆ ကို ဒီဇင်ဘာ ၂၀ ရက်နေ့ နေ့လယ် ၁၂ နာရီခန့်က ရေးဘီလူးအဖွဲ့က ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ယင်းအဖွဲက ထုတ်ပြန်သည်။ “၅၈၆ တပ်ရင်းကို ကျွန်တော်တို့ ရေးဘီလူးအဖွဲ့က...