မြိတ်ကမ်းနားလမ်းတွင် ကားတစ်စီး မြစ်ထဲထိုးကျ

0
3048
ဓာတ်ပုံ - မြိတ်ခရိုင်မီးသတ်ဦးစီးဌာန

မြိတ်မြို့ ကမ်းနားလမ်းရှိ မြိတ်ကုန်တိုက် (Myeik Shopping Center) အရှေ့တွင် ဒီဇင်ဘာလ ၂၀ ရက်‌ ည ၁ဝနာရီခန့်က ကားတစ်စီး မြစ်ထဲထိုးကျခဲ့ကြောင်း မြိတ်ခရိုင်မီးသတ်ဦးစီးဌာနထံမှ သိရသည်။

Hyundai ဟွန်ဒိုင်း အမျိုးအစားကားသည် ရေပုန်းရပ်ကွက် သစ်စက်လမ်းမှ ကမ်းနားလမ်းဘက်သို့ မောင်းနှင်လာပြီး မြိတ်ကုန်တိုက်ဘက်သို့ ချိုးကွေ့ရာတွင် အရှိန်လွန်ကာ ပလက်ဖောင်းအားကျော်ပြီး မြစ်အတွင်း ထိုးကျခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

ကားပေါ်တွင် အသက် ၂၅ နှစ်ရှိ ကားမောင်းသူ အမျိုးသားအပါအဝင် အသက် ၂၃ နှစ်နှင့် ၂၅ နှစ်ရှိ အခြား အမျိုးသားနှစ်ဦး စုစုပေါင်း သုံးဦးပါရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရမှု မရှိခဲ့ကြောင်း အဆိုပါဌာနထံမှ သိရသည်။

မြစ်အတွင်းထိုးကျသည့် ကားနှင့် ကားပေါ်ပါသူတို့အား မြိတ်ခရိုင်မီးသတ်ဦးစီးဌာနက ကယ်ဆယ်ပေးခဲ့ကြောင်း ထုတ်ပြန်ထားသည်။