ဧပြီလ ၂၅ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

0
152

Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • နှစ်သုံးဆယ်နီးပါးအကြာ စစ်ကောင်စီတပ်အခြေချခဲ့တဲ့ မောထစခန်းကို KNLA နဲ့ ပူးပေါင်းတပ်တွေ သိမ်းပိုက်လိုက်တာ
  • မောရဝတီရေတပ်က ဖမ်းထားတဲ့ ဖောင်းတောရွာသား သားအဖနှစ်ဦးအနက် အဖေဖြစ်သူသေဆုံး
  • စစ်ကောင်စီက ဓာတ်မြေဩဇာသယ်ယူခွင့် တင်းကျပ်ထားလို့ တောင်သူတွေအခက်ကြုံနေရတဲ့အကြောင်း
  • သရက်ချောင်း ဆင်ကျန်းကျေးရွာ တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်မှုရှိခဲ့တဲ့ အခြေအနေ
  • မွန်ပြည်သစ်ပါတီ AD နဲ့ မွန်ပြည်ဖက်ဒရယ်ကောင်စီတို့ စစ်ရေးနိုင်ငံရေး ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူလိုက်တဲ့ အကြောင်း
  • ဘန်ကောက်မှာ ဓာတ်လိုက်သေဆုံးသွားတဲ့ မြန်မာလုပ်သားအမှု နစ်နာကြေးဘတ်သုံးသိန်းနဲ့ ပြေလည်သွားတဲ့သတင်း
  • ပြစ်မှုကျူးလွန်တဲ့ ကိုးကန့်တပ်ဖွဲ့ဝင် သုံးဦးကို လူထုရှေ့မှာ သေဒဏ်ချ
  • ရွှေနဲ့ ထိုင်းဘတ်ဈေး အတက်အကျအခြေအနေ

စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။