ဓနိဖက်ထိုးသူရှားပါးလာ၍ လုပ်အားခ ဈေးတက်

ထားဝယ်ဒေသထွက် ဓနိဖက်ရာသီအစ လုပ်သားရှားပါးမှုကြောင့် လုပ်အားခဈေးပိုပေးနေရကြောင်း ဓနိဖက်လုပ်ငန်း လုပ်ကိုင်သူတို့ထံမှ သိရသည်။ ပြီးခဲ့သည့်နှစ်က ဓနိဖက်တံ အချောင်း တစ်ထောင်ကို ထိုးခအနေဖြင့် ကျပ် တစ်သောင်းခွဲခန့်ပေးရသော်လည်း ယခုနှစ်တွင် ကျပ်တစ်သောင်းရှစ်ထောင်ခန့်ပေးရကြောင်း ယင်းလုပ်ငန်းလုပ်ကိုင်သူတစ်ဦးက ပြောသည်။

DDPC ဈေးဝယ်စင်တာအနီး ဗုံးတွေ့

ထားဝယ်မြို့ DDPC ဈေးဝယ်စင်တာအနီးတွင် ယနေ့(ဇန်နဝါရီ ၃) မနက်ပိုင်းက ဗုံး ဟုယူဆရသည့်အရာတစ်ခု တွေ့ရှိခဲ့ပြီး စစ်ကောင်စီက လာရောက်ရှင်းလင်းခဲ့သည်ဟု မျက်မြင်တွေ့ရှိသူများထံမှသိရသည်။ ယနေ့နံနက်နက် ကိုးနာရီဝန်းကျင်ခန့်တွင် ထားဝယ်မြို့ ကမြောကင်းလမ်းနှင့် ကမ်းနားလမ်းထောင့် DDPC ဈေးဝယ်စင်တာအနီးတွင် စားအုန်းဆီပုံးဝါဖြင့် ထည့်ထားသော ဗုံးဟုယူဆရသည့် အရာဝတ္ထုတစ်ခုကို စစ်ကောင်စီတပ်သားများ...

ပုလော၊ မီးလောင်ချောင်းရွာအနီး တိုက်ပွဲကြောင့် ခရီးသည်ကားအများအပြားပိတ်မိနေ

ပုလောမြို့နယ်၊ မီးလောင်ချောင်းကျေးရွာအနီး တိုက်ပွဲဖြစ်နေသဖြင့် မြိတ်ဘက်သို့သွားသည့် ကုန်ကားအပါအဝင် ခရီးသည်တင်ကား အမြောက်အများ ပိတ်မိနေကြောင်း ခရီးသည်များထံမှ သိရသည်။ ရန်ကုန်မှဆင်းလာသည့်ကားများ ယခုည ၈ နာရီဝန်းကျင်တွင် မီးလောင်ချောင်းရွာအနီး ပိတ်မိနေခြင်းဖြစ်ပြီး ကားအစီးရေး ၈၀ ခန့်ရှိကြောင်း...

သရက်ချောင်း ရွာသုံးရွာက ဒေသခံလေးဦးဖမ်းဆီးခံရ၊ နှစ်ဦးသာပြန်လွတ်

သရက်ချောင်းမြို့နယ်၊ ညောင်ဇင်စံပြ၊ ရန်တောင်နှင့် သရက်နှစ်ခွကျေးရွာတို့က ဒေသခံလေးဦး ဖမ်းဆီးခံရပြီး နှစ်ဦးသာ ပြန်လွတ်လာသေးကြောင်း ဒေသခံများ၏ ပြောပြချက်အရသိရသည်။ ဇန်နဝါရီလ ၁ ရက် နေ့လယ် ၁၂ နာရီခန့်က ထားဝယ်-မြိတ်ကားလမ်းအတိုင်း ထားဝယ်ဘက်မှ သရက်ချောင်း...

တိုက်ပွဲများဖြစ်နေ၍ တနင်္သာရီမြို့ရှိ ဒေသခံများ စစ်ဘေးရှောင်နေရ

စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေပြီး တိုက်ပွဲများပြန်ဖြစ်နေ၍ တနင်္သာရီမြို့နယ်ရှိ ကျေးရွာများမှ ဒေသခံများမှာ စစ်ဘေးရှောင် ထွက်ပြေးနေရသည်။ ဇန်နဝါရီ ၁ ရက်နေ့ နံနက် ၆ နာရီခန့်က တနင်္သာရီမြို့၊ ဗောဓိကမ်းတံတားတွင် စစ်ကောင်စီတပ်သားတစ်ချို့ တိုက်ခိုက်ခံရပြီးနောက် နံနက်...

မဲဆောက်တွင် အသက် ၁၃ နှစ်အရွယ် မြန်မာမိန်းကလေး ကားတိုက်ခံရ

ထိုင်းနိုင်ငံ၊ တာခ့်ခရိုင် မဲဆောက်ဒေသတွင် အသက် ၁၃ နှစ်အရွယ် မြန်မာမိန်းကလေးတစ်ဦး လမ်းဖြတ်ကူးစဉ် ပစ်ကပ်ကားနှင့် တိုက်မိပြီး အပြင်းအထန်ဒဏ်ရာရရှိကာ သတိမရရှိတော့ဘဲ မေ့မြောနေကြောင်း ထိုင်းသတင်းဌာနများ၏ ဖော်ပြချက်အရသိရသည်။ နှစ်သစ်ကူးနေ့ ဇန်နဝါရီလ ၁ ရက်နေ့...

မြိတ်တွင် ထီကဲ့သို့လုပ်ထားသည့် မဲပြားစနစ်တစ်ခု ပေါ်ပေါက်၊ ထိုးသူများပြားနေ

မြိတ်မြို့တွင် ငွေငါးသောင်းကျပ်အထိ ပေါက်နိုင်သည့် ထီပုံစံမျိုးလုပ်ထားသော မဲပြားဆွဲစနစ်တစ်ခု ဒီဇင်ဘာလ လကုန်ခန့်မှစပြီး ခေတ်စားလာနေကာ ထိုးသူများနေကြောင်း ရပ်ကွက်နေသူများကဆိုသည်။ အဆိုပါ မဲပြားဆွဲစနစ်တွင် မဲတစ်ပြားလျှင် ငွေနှစ်ရာကျပ်နှုန်းပေးဝယ်ရပြီး သတ်မှတ် ပေါက်မဲဂဏန်းဖြင့် တူညီပါက သက်ဆိုင်ရာဆုကြေးကို ရရှိမည်ဖြစ်ကြောင်း၊...

လောင်းလုံး‌ရှိ ပျူစောထီးနေအိမ်အချို့နှင့် စခန်းကို PDF ဝင်ရောက်စီးနင်း

ထားဝယ်ခရိုင်၊ လောင်းလုံးမြိုနယ်ရှိ ပျူစောထီးအခြေစိုက်စခန်းနှင့် အဖွဲ့ဝင်များ၏ နေအိမ်အချို့ကို ဒီဇင်ဘာ ၃၁ ရက်နေ့ညက လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဝင်ရောက်စီးနင်းခဲ့ကြောင်း ယင်းအဖွဲ့က ထုတ်ပြန်လိုက်သည်။ ဝင်ရောက်စီးနင်းခဲ့စဉ် ပျူစောထီးအဖွဲ့၏ အချက်အလက်၊ ထားဝယ်မျိုးချစ်တပ်မတော်၏ အချက်အလက်၊ YMBA နှင့် မဘသအဖွဲ့ဝင်များ၏ အချက်အလက်များ၊...

ရန်ကုန်-မြိတ်ခရီးသည်တင်ကား ဓားပြတိုက်ခံရ

ရန်ကုန်မှ မြိတ်မြို့သို့ ဆင်းလာသည့် ရွှေဝယ်သူ ခရီးသည်တင်မှန်လုံကား ဓားပြတိုက်ခံရကြောင်း ခရီးသည်များထံမှ သိရသည်။ ရန်ကုန်မှမောင်းနှင်လာစဉ် မလွှဲတောင် မရောက်မီ မွန်ပြည်နယ်ထဲတွင် ဓားပြတိုက်ခံရခြင်းဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။ လူသုံးဆယ်ကျော်...

လောင်းလုံးရဲစခန်းအတွင်း ပစ်ခတ်မှုဖြစ်၊ စခန်းမှူးဒဏ်ရာရ

လောင်းလုံးမြို့မ ရဲစခန်းထဲတွင် မနေ့ (ဇန်နဝါရီ ၁) ညရှစ်နာရီခန့်က ပစ်ခတ်မှုဖြစ်ရာ မြို့မ ရဲစခန်းမှူး ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများ၏ ပြောကြားချက်အရသိရသည်။ ရဲတပ်ဖွဲဝင်တစ်ဦးနှင့် စစ်တပ်က( တပ်ကြပ်ကြီးအဆင့်) တစ်ဦးတို့ စကားများရန်ဖြစ်ပြီး သေနတ်ပစ်ခတ်ရာတွင် ဝင်ရောက်ဖျန်ဖြေရာမှ...