ထိုင်းတွင် လောင်စာဆီတင်သင်္ဘောပေါက်ကွဲပြီး တစ်ဦးသေ၊ မြန်မာသုံးဦးဒဏ်ရာရကာ ခြောက်ဦးပျောက်ဆုံး

ထိုင်းနိုင်ငံ စမွတ်စွန်ခရမ်ခရိုင် မဲကလောင်မြစ်ထဲရှိ လောင်စာဆီတင် သင်္ဘောတစ်စီးပေါ်တွင် ယနေ့ (ဇန်နဝါရီ ၁၇) မီးလောင်ပေါက်ကွဲမှုဖြစ်ပွားခဲ့သဖြင့် တစ်ဦးသေဆုံးပြီး လေးဦးဒဏ်ရာရကာ ပျောက်ဆုံးသူများလည်း ရှိနေကြောင်း Bangkok Post သတင်းဌာနတွင် ဖော်ပြသည်။ မောင်ဒေသ မဲကလောင်မြစ်ပေါ်ရှိ...

ပျူစောထီးဒုခေါင်းဆောင်၏ ဖမ်းဆီးခံမိသားစုဝင်သုံးဦးအနက် တစ်ဦးပြန်လွတ်

လောင်းလုံးမြို့နယ် လမ်းပိုင်းတစ်နေရာတွင် ဒီဇင်ဘာ ၁၈ ရက်နေ့က ဖမ်းဆီးခံခဲ့ရသည့် ကျောက်နီမော်ရွာ ပျူစောထီး ဒုခေါင်းဆောင် ဦးစိုးသန်း၏ မိသားစုဝင်သုံးဦးအနက် တစ်ဦးပြန်လွတ်လာပြီဖြစ်ကြောင်း ဒေသခံများနှင့် မိသားစုဝင်များထံမှသိရသည်။ ဒေသခံပြည်သူ့ကာကွယ်ရေး အဖွဲ့တစ်ခုက ၎င်းတို့ကို ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း သိရသည်။

ပုလောရှပ်ပုံရွာတွင် တိုက်ပွဲပြင်းထန် အုပ်ချုပ်ရေးမှူးသေဆုံးဟုဆို

မြိတ်ခရိုင်၊ပုလောမြို့အနီး ရှပ်ပုံရွာတွင် တိုက်ပွဲပြင်းထန်နေပြီး အုပ်ချုပ်ရေးမှူးလည်း တိုက်ပွဲအတွင်းသေဆုံး သွားကြောင်း ဒေသခံများ ထံမှသိရသည်။ ရှပ်ပုံကျေးရွာ သင်္ချိုင်းဟောင်းအနီး စံပြရပ်ကွက်တွင် ယနေ့နေ့လယ် ၁ နာရီခွဲမှ စတင်ကာ နှစ်ဖက်တိုက်ပွဲဖြစ်ပွါးနေခြင်းဖြစ်ပြီး အုပ်ချုပ်ရေးမှူးအပါအဝင် စစ်ကောင်စီတပ်သားအချို့လည်း သေဆုံးသွားသည်ဟု...

ထိုင်းတွင် ကလေးငယ်ချီထားသော မြန်မာမိခင်တစ်ဦး စတိုးဆိုင်ထဲ စားစရာ ဝင်ခိုးမိသဖြင့် ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင်တွင် အသက် တစ်နှစ်အရွယ် ကလေးငယ်ကိုချီထားသော မြန်မာအမျိုးသမီးမိခင်တစ်ဦးသည် 7-Eleven စတိုးဆိုင်ထဲ ဝင်ရောက်ခိုးယူမိသဖြင့် ဖမ်ဆီးခံရကြောင်း စတ်တဟစ်ရဲစခန်းက ဇန်နဝါရီလ ၁၄ ရက်တွင် ထုတ်ပြန်ထားသည်။ ဇန်နဝါရီလ ၁၃ ရက် ည...

ထားဝယ်တွင် ဆန္ဒပြလူငယ်၏နေအိမ် ချိပ်ပိတ်ခံရ

ထားဝယ်မြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြချိန်က တောက်လျှောက်ပါဝင်ခဲ့သည့် လူငယ်တစ်ဦး၏ နေအိမ် ချိပ်ပိတ်ခံလိုက်ရကြောင်း ကာယကံရှင်က ပြောသည်။ ထားဝယ်မြို့ ဆေးရုံလမ်းရှိ နေအိမ်ကို စစ်ကောင်စီတပ်က ပြီးခဲ့သည့်သီတင်းပတ်အတွင်း ချိပ်ပိတ်ခဲ့ကြောင်း နေအိမ်ချိပ်ပိတ်ခံရသည့် ကိုတက်တိုးအောင်က ဆိုသည်။

ပုလော တောကြီးမြွေဟောက်အဖွဲ့မှ ရဲဘော်တစ်ဦးကျဆုံး

မြိတ်ခရိုင်၊ပုလောမြို့နယ်တွင် အခြေစိုက်သည့် တောကြီးမြွေဟောက်အဖွဲ့မှ ရဲဘော်တစ်ဦး ကျဆုံးခဲ့ရကြောင်း ပုလောပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ က ယနေ့ (ဇန်နဝါရီ ၁၅)ည ၈ နာရီတွင် ထုတ်ပြန်ခဲ့သည်။ ဇန်နဝါရီလ ၁၄ ရက်နေ့တွင် နိုင်ငံနှင့်ပြည်သူအတွက် ရဲဝံ့စွာတာဝန်ထမ်းဆောင်ရင်း...

ထားဝယ်တွင် ကြက်သွန်ဖြူဈေး ဆက်တိုက်မြင့်တက်

ထားဝယ်ဈေးကွက်ရှိ အဝယ်ဒိုင်များတွင် ကြက်သွန်ဖြူအဟောင်း ပြတ်လုနီးပါးဖြစ်နေပြီး ကြက်သွန်ဖြူအသစ် စျေးကွက်အတွင်း ဝင်မလာသေးသည့်အတွက် ကြက်သွန်ဖြူဈေး ဆက်တိုက်တက်နေကြောင်း စျေးကွက်အတွင်းမှသိရသည်။ "ကြက်သွန်ဖြူအသစ် ထွက်ဖို့က နောက်တစ်လနှစ်လလောက် လိုသေးတယ်။ လက်ရှိအဟောင်းက ပွဲရုံတိုင်းမှာနည်းလာတဲ့အခါကျတော့ သူလိုသူဆွဲ ငါလိုငါဆွဲနဲ့ဈေးက မြင့်တက်လာတဲ့သဘောပါ"ဟု...

တပ်ပိုင်မြေဟုဆိုကာ ကွမ်းစိုက်တောင်သူများကို ရာအိမ်မှူးနှစ်ဦးက ဖယ်ခိုင်း

မြိတ်မြို့၊ စန္ဒဝတ်ကျေးရွာအုပ်စု၊ ရွာသစ်ရွာအတွင်း ကွမ်းရွက်ခြံစိုက်ပျိုးထားသည့် တောင်သူများကို တပ်ပိုင်မြေ ဟုဆိုကာ စစ်ကောင်စီခန့် ရာအိမ်မှူးနှစ်ဦးက ဖယ်ရှားခိုင်းနေကြောင်း ကွမ်းစိုက်တောင်သူအချို့နှင့် ရွာသားများထံမှ သိရသည်။ လွန်ခဲ့သည့် ဆယ်နှစ်နီးပါးမှစတင်ကာ ယခုအချိန်အထိ ယင်းမြေပေါ်တွင် ဒေသခံအချို့က ကွမ်းရွက်ခြံနှင့်...

ကျိုက်ထို မရမ်းချောင်ကျေးရွာ အုပ်ချုပ်ရေးမှူး ပစ်သတ်ခံရ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် မရမ်းချောင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအောင်ထွန်း ပစ်သတ်ခံရကြောင်း ဒေသခံတို့ထံမှ သိရသည်။ ၎င်းကို အမည်မသိ သေနတ်သမားတို့က ဇန်နဝါရီလ ၁၄ ရက် ည ၇ နာရီခွဲခန့်က

စစ်တပ်ထုတ်ကုန်များ ဖြန့်ဖြူးရောင်းချခြင်းမလုပ်ရန် တနင်္သာရီ ပအဖ ထုတ်ပြန်

မိုင်တဲ ဖုန်းဆင်းမ်ကတ်၊ ငွေဖြည့်ကတ် အပါအဝင် စစ်ကောင်စီတပ်တို့နှင့် ဆက်နွယ်နေသည့် ကုန်ပစ္စည်းများကို တင်သွင်းဖြန့်ဖြူးရောင်းချခြင်းများ လုံးဝ မပြုလုပ်ကြရန် ကုန်ပစ္စည်း အမည်စာရင်းနှင့် တကွ တနင်္သာရီပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) က ယနေ့ ထုတ်ပြန်လိုက်သည်။