ပုလော တောကြီးမြွေဟောက်အဖွဲ့မှ ရဲဘော်တစ်ဦးကျဆုံး

0
3101

မြိတ်ခရိုင်၊ပုလောမြို့နယ်တွင် အခြေစိုက်သည့် တောကြီးမြွေဟောက်အဖွဲ့မှ ရဲဘော်တစ်ဦး ကျဆုံးခဲ့ရကြောင်း ပုလောပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ က ယနေ့ (ဇန်နဝါရီ ၁၅)ည ၈ နာရီတွင် ထုတ်ပြန်ခဲ့သည်။

ဇန်နဝါရီလ ၁၄ ရက်နေ့တွင် နိုင်ငံနှင့်ပြည်သူအတွက် ရဲဝံ့စွာတာဝန်ထမ်းဆောင်ရင်း အသက်ပေးဆပ်သွားသည်ဟုသာ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ရဲဘော်ဘိုဖြူသည် မည်သည့်တိုက်ပွဲတွင် ကျဆုံးခဲ့သည်ကို ထုတ်ပြန်ချက်တွင် ရေးသားမထားသော်လည်း ဒေသခံများပြောဆိုချက်အရ ပုလောမြို့နယ်၊တပိုကျေးရွာအနီးတွင် ဇန်နဝါရီ ၁၄ ရက်နေ့က နှစ်ဖက်ပစ်ခတ်မှုဖြစ်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေးဖက်မှ ထိခိုက်မှုရှိခဲ့ကြောင်း သိရသည်။

ပုလောပြည်သူ့ကာကွယ်ရေးအဖွဲ့က မော်ကွန်းရေးထိုးမှတ်တမ်းတင်ကြောင်းနှင့် မိသားစုနှင့်ထပ်တူ ကြေကွဲဝမ်းနည်းရပါကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

တောကြီးမြွေဟောက်အဖွဲ့ King Cobra Force သည် ပုလောပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) လက်အောက်တွင်ရှိပြီး မိုင်းကိုအဓိကထား အသုံးပြုကာ စစ်ကောင်စီကိုတိုက်ခိုက်နေသည့် အဖွဲ့ဖြစ်သည်။

ပုလောမြို့နယ်သည် တနင်္သာရီတိုင်းအတွင်း စစ်ကောင်စီတပ်နှင့် ထိတွေ့တိုက်ပွဲဖော်ဆောင်မှု အများဆုံးမြို့နယ်ဖြစ်သည်။