တိုင်းရင်းသားများ ဥပဒေပါ အခွင့် အရေးနှင့် ရပိုင်ခွင့် ရ /မရ စစ်တမ်း ကောက်မည်

တနင်္သာရီတိုင်းအတွင်းရှိ ထားဝယ်၊ ကရင်၊ မွန် တိုင်းရင်းသားများအနေဖြင့် ဥပဒေပါ အခွင့်အရေးနှင့် ရပိုင်ခွင့်များ ရ /မရ စစ်တမ်းကောက်မည်ဖြစ်ကြောင်း တိုင်းရင်းသား အခွင့်အရေးများ ကာကွယ် စောင့်ရှောက်ရေး ဦးစီးဌာန တနင်္သာရီတိုင်း ဒေသကြီးရုံးထံမှ သိရသည်။ ၂၀၁၅ ခုနှစ်တွင် ပြဠာန်းခဲ့သည့် တိုင်းရင်းသားလူမျိုးများ၏...

အလောင်းထုတ်လျှင် ငွေပေးရပါက တိုင်ပါ

မွန်ပြည်နယ်၊ မော်လမြိုင် ပြည်သူ့ဆေးရုံကြီးတွင် လူသေအလောင်းများ ထုတ်ယူရာ၌  ငွေကြေးပေးဆောင်ရပါက တိုင်ကြားရန် မော်လမြိုင် ပြည်သူ့ဆေးရုံအုပ်က ပြောသည်။ အလောင်းထုတ်ယူရာတွင် ငွေကြေးပေးစရာ မလိုသည့်အတွက် ငွေကြေးတောင်းခံပါက တိုင်ကြားနိုင်ရန် ရင်ခွဲရုံ အနီးတစ်ဝိုက်တွင် ဖုန်းနံပတ်နှင့် အသိပေးစာများ ကပ်ထားကြောင်း မော်လမြိုင်ပြည်သူ့ဆေးရုံမှ ဆေးရုံအုပ် ဒေါက်တာကျော်မြင့်က ပြောသည်။

မော်လမြိုင် သံလွင်တံတားပေါ်တွင် ယာဉ်တိုက်မှုဖြစ်၊ မွန်အမျိုးသားနေ့မှ ပြန်လာသူ ၇ ဦး ဒဏ်ရာရ

မော်လမြိုင် သံလွင်တံတားပေါ်တွင် ကားနှစ်စီး တိုက်မိမှု ဖြစ်ပွားခဲ့ပြီး မွန်အမျိုးသားနေ့(ဗဟို) အခမ်းအနားမှ ပြန်လာသည့် လူငယ် ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မော်လမြိုင် ဒိုင်းဝန်ကွင်းနယ်မြေရဲစခန်းမှ သိရသည်။ ဖေဖော်ဝါရီ ၂၀ ရက် ည ၈ နာရီ အချိန်ခန့်က မော်လမြိုင်မှ...

မွန်တွင် ကျပ် ၁၀၀၀ တန် ထီလက်မှတ် ပိုရောင်းကောင်း

မွန်ပြည်နယ်တွင် ကျပ် ၅၀၀ တန် ထီလက်မှတ်ထက် ကျပ် ၁၀၀၀ တန် ထီလက်မှတ်များ ရောင်းအားပိုကောင်းနေသည်ဟု ထီအရောင်းကိုယ်စားလှယ်တို့၏ ပြောပြချက်အရ သိရသည်။ မွန်ပြည်နယ်တွင် ကျပ် ၅၀၀ တန် ထီလက်မှတ်ရောင်းချသူ ကိုယ်စားလှယ် ၁၅၀၁ ဦးရှိပြီး ထီအုပ်ရေ...

ပေါင်ရှိ ပဒုမ္မာဆပ်ပြာစက်ရုံ ယာယီရပ်ဆိုင်းရန် မွန်ပြည်နယ်အစိုးရ ညွှန်ကြား

မွန်ပြည်နယ်၊ ပေါင်မြို့ရှိ ပဒုမ္မာ ဆပ်ပြာစက်ရုံကို ယာယီရပ်ဆိုင်းထားရန် ပြည်နယ်အစိုးရမှ ညွန်ကြားထားကြောင်း မွန်ပြည်နယ် အစိုးရအဖွဲ့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာမင်းကြည်ဝင်းက ပြောသည်။ ပဒုမ္မာ ဆပ်ပြာစက်ရုံမှ ရေဆိုးစွန့်ပစ်မှုကြောင့် စက်ရုံပတ်ဝန်းကျင်ရှိ စိုက်ပျိုးရေးလုပ်ငန်းများ ထိခိုက်ပျက်စီးပြီး၊ ငါးများ သေဆုံးမှုရှိသည်ဟု ဒေသခံတို့၏ တိုင်ကြားမှုအရ သယံဇာတနှင့်...

မွန်တွင် တက္ကသိုလ်ဝင်တန်း ဖြေမည့် ကျောင်းသား သုံးသောင်း ကျော်ရှိ

မွန်ပြည်နယ်တွင် ၂၀၁၉ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုမည့် ကျောင်းသူ/သား သုံးသောင်းကျော်( ၃၀၅၆၄ ဦး) ရှိကြောင်း မွန်ပြည်နယ် ပညာရေးမှူးရုံးထံမှ သိရသည်။ ၂၀၁၉ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုကြမည့် ကျောင်းသူ/သားအရေ အတွက်သည် ၂၀၁၈ တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုခဲ့ကြသည့် ကျောင်းသူ/ သားအရေအတွက်ထက် ၂၉၀၇ ဦးပိုများ လာကြောင်းပြည် နယ်ပညာရေးမှူးရှိ စာရင်းအရ...

မော်လမြိုင် သံလွင်ဈေး ငါးဒိုင်များ ပြောင်းရွှေ့တော့မည်

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ ဘိုကုန်းရပ်ကွက် အောက်လမ်းမကြီးရှိ ရပ်ကွက်နေပြည်သူများ ကန့်ကွက်နေသည့် သံလွင်ဈေး ငါးဒိုင်များကို ဖေဖော်ဝါရီလ ဒုတိယအပတ်အတွင်း ပြောင်းရွှေ့သွားမည်ဟု မော်လမြိုင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့က ပြောသည်။ သံလွင်ဈေးငါးဒိုင်များမှ ထွက်သည့် ငါးညှီပုပ်နံ့များသည် ပတ်ဝန်းကျင်နေ ရပ်ကွက်ပြည်သူများ၏ ကျန်းမာရေးကို ထိခိုက်နေသည်။ ထို့အပြင် ငါးပုံးတင် ဆယ့်နှစ်ဘီး တပ် ကုန်ကားကြီးများ...

သထုံတွင် Sodium Cyanide အလေးချိန် ကီလို ၂၀၀၀ ခန့် ဖမ်းဆီးရမိ

မွန်ပြည်နယ် သထုံမြို့ ရန်ကုန်-မော်လမြိုင် အဝေးပြေးကားလမ်းမပေါ် တွင် Sodium Cyanide (ထိန်းချုပ် ဓာတုပစ္စည်း) အလေးချိန် ကီလို ၂၀၀၀ ခန့် ဖမ်းဆီးရမိသည်ဟု သထုံမြို့နယ် ရဲတပ်ဖွဲ့ရုံးထံမှ သိရသည်။ Sodium Cyanide သည် ပတ်ဝန်းကျင်အား အဆိပ်သင့်စေတတ်သည့်အတွက် သက်ဆိုင်ရာဌာနများ၏ စိစစ် ခွင့်ပြုချက်ဖြင့်သာ...

မွန်လွှတ်တော် ၃ နှစ်အတွင်း တိုင်ကြားစာ ၁၇၀၀ ရှိ

ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ၃ နှစ် သက်တမ်းအတွင်း၌ တိုင်ကြားစာပေါင်း ၁၇၀၀ ခန့် လက်ခံရရှိ ခဲ့သည်ဟု မွန်ပြည်နယ်လွှတ်တော်တိုင်ကြားစာနှင့် အသနားခံစာများ လေ့လာသုံးသပ်စိစစ်ရေး ကော်မတီထံမှ သိရသည်။ ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် စတင်ခဲ့သည့် ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၁၉ ခုနှစ်...

လိုင်စင်မရှိဘဲ မြစ်သဲကျောက်တူးဖော်ပါက တိုင်ကြားကြရန် မွန်သယံဇာတနှင့် ပတ်ဝန်းကျင်ဝန်ကြီးပြော

မွန်ပြည်နယ်အတွင်း တရားဝင် လိုင်စင်မရှိဘဲ မြစ်ချောင်းများအတွင်း သဲကျောက်တူးဖော်မှုများရှိပါက တိုင်ကြားကြရန် မွန်ပြည်နယ်အစိုးရအဖွဲ့ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးဝန်ကြီး ဒေါက်တာမင်းကြည်ဝင်းက ပြောသည်။ တရားမဝင်သဲကျောက်တူးဖော်မှုများကို အထောက်အထားအပြည့်အစုံဖြင့် သက်ဆိုင်ရာမြို့နယ်အလိုက် တရားမ၀င် ဓာတ်သတ္တုတူးဖော်မှု တားဆီးကာကွယ် ရေးကော်မတီများထံ တိုင်ကြားကြရန် ဒေါက်တာမင်းကြည်ဝင်းက ပြောဆိုခြင်း ဖြစ်သည်။ “လုပ်ငန်းလိုင်စင်မရှိဘဲ သဲကျောက်တွေ တူးဖော်နေတယ်ဆိုရင် အထောက်အထား...