တိုက်ပွဲဖြစ်ပြီး မုဒုံ-သံဖြူဇရပ်ကားလမ်းပိုင်းကို စစ်တပ်က လုံခြုံရေးတင်းကျပ်
Dawei Watch
May 21, 2025မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ မုဒုံ-သံဖြူဇရပ်ကားလမ်းပိုင်း၊ ရောင်းဒေါင်းကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် မွန်ပြည်သစ်ပါတီ NMSP-AD တို့အကြား တိုက်ပွဲဖြစ်ပွားပြီးနောက် မုဒုံ-သံဖြူဇရပ်ကားလမ်းပိုင်းတစ်လျှောက် စစ်ကောင်စီက လုံခြုံရေးတင်းကျပ်ထားသည်ဟု သိရသည်။ မေလ ၂၀ ရက်နေ့ နေ့လယ် ၁၂ နာရီအချိန်ခန့်က မုဒုံ-သံဖြူဇရပ်ကားလမ်းပိုင်း၊ ရောင်းဒေါင်းကျေးရွာအနီးတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို NMSP-AD က ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှ နှစ်ဖက် အပြန်အလှန်ပစ်ခတ်မှု နာရီဝက်ခန့် ဖြစ်ပွားခဲ့သည်။ မုဒုံ-သံဖြူဇရပ်ကားလမ်းပိုင်း၊ ရောင်းဒေါင်းကျေးရွာအနီးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တို့က မေလ ၁၉ ရက်နေ့ကတည်း လာရောက်တပ်စွဲထားသည်ဟု ဒေသခံတို့ထံမှ သိရသည်။ “ရွာထိပ် ကားလမ်းအရှေ့ဘက်မှာ စစ်သားတွေက ပြီးခဲ့တဲ့ တစ်ရက် နှစ်ရက်လောက်ကတည်းက ရောက်နေတာ။ မနေ့(မေ ၂၀)က နေ့လယ်လောက်မှာ လက်နက်ကြီး စပစ်တယ်။ ပြီးမှ လက်နက်ကြီးရော လက်နက်ငယ်နဲ့ရော ဆက်တိုက်ပစ်တယ်။ […]