ထားဝယ် -ရန်ကုန် ခရီးသည်တင် မှန်လုံကားနှင့် Light Truck မျက်နှာချင်းဆိုင် တိုက်၊ ခရီးသည် ၃ ဦးသေဆုံး

ထားဝယ်မြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်သည့် ခရီးသည်တင်မှန်လုံကားတစ်စီးသည် မော်လမြိုင်-မုဒုံယာဉ်လိုင်းမှ ခရီးသည်တင် Light Truck ကားနှင့် မျက်နှာချင်းဆိုင်တိုက်မိခဲ့ပြီး ခရီးသည်သုံးဦး သေဆုံးခဲ့ကြောင်း မုပွန်နယ်မြေရဲစခန်းထံမှ သိရသည်။ ဇန်နဝါရီလ ၃၀ ရက် ည ၁၂ နာရီ ဝန်းကျင်တွင် မုဒုံဘက်မှ မော်လမြိုင်ဘက်သို့ မောင်းနှင်လာသည့် မိုးကောင်းကင်...

မွန်တွင် လိုင်စင်မဲ့ ဆိုင်ကယ်များကို ဒေသလိုင်စင် ပြုလုပ်ပေးမည်

စည်းကမ်းရှိရှိနှင့် တရားဝင်မောင်းနှင် စီးနင်းနိုင်ရန်အတွက် မွန်ပြည်နယ်အတွင်းရှိ လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်များကို ဒေသလိုင်စင် ပြုလုပ်ပေးရန် စီစဉ်လျက်ရှိကြောင်း မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြောသည်။ မွန်ပြည်နယ်တွင် လက်ရှိအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် စည်းကမ်းမဲ့မော်တော်ယာဉ်များအား ဖမ်းဆီး အရေးယူနေသည့် စီမံချက် (လင်းယုန်စီမံချက်)နှင့် ပတ်သက်ပြီး ဇန်န၀ါရီလ ၂၁ ရက်က ပြုလုပ်ခဲ့သည့် သတင်းစာ...

ဆားကြမ်းထုတ်လုပ်မှု စရိတ်မြင့်တက်

မွန်ပြည်နယ်အတွင်းရှိ ဆားလုပ်ငန်းများ ဆားအထွက်လျော့နည်းခြင်းနှင့် အထွေထွေကုန်ကျစရိတ်ကြီးမြင့်လာခြင်းကြောင့် ဆားကြမ်းထုတ်လုပ်မှုစရိတ် တစ်နှစ်ထက်တစ်နှစ် ပိုမြင့်လာသည်ဟု ပြည်နယ် အတွင်းရှိ ဆားတောင်သူတို့ထံမှ သိရ သည်။ ရာသီဥတုကြောင့် ဆားအထွက်လျော့နည်းလာခြင်း၊ အလုပ်သမားလုပ်အားခ ကြီးမြင့်လာခြင်းနှင့် ဆားလုပ်ငန်းတွင် အဓိက အသုံးပြုနေရသည့် စက်သုံးဆီဈေး မြင့်တက်လာခြင်းတို့ကြောင့် ဆားကြမ်း ထုတ်လုပ်မှုစရိတ်သည်လည်း မြင့်တက် လာပြီး...

မွန်ပါတီ မြို့နယ်အဆင့် ပေါင်းစည်းရေး ရက်ပိုင်းအတွင်း ပြီးမည်

မွန်နိုင်ငံရေးပါတီများ၊ မွန်နိုင်ငံရေး အင်အားစုများ ပေါင်းစည်းတည်ထောင်မည့် မွန်ညီညွတ်ရေးပါတီ၏ မြို့နယ်အဆင့် ပေါင်းစည်းရေးကို မြို့နယ် ၇ မြို့နယ်တို့တွင် ဆောင်ရွက်ထားပြီးဖြစ်ကာ ရက်ပိုင်းအတွင်း အပြီးသတ်နိုင်မည်ဖြစ်ကြောင်း ပါတီခေါင်းဆောင်များက ပြောသည်။ ပါတီဗဟိုအဆင့် ပေါင်းစည်းရေးကို ၂၀၁၈ ခုနှစ် စက်တင်ဘာလက ဆောင်ရွက်ခဲ့ပြီးနောက် မြို့နယ်အဆင့်ပေါင်းစည်း ရေးကို ဆက်လက်ဆောင်ရွက်ခဲ့သည်။ လက်ရှိတွင် ရေး၊...

တိုင်စာများ ပြန်လည်စိစစ်ရန် မွန်ပြည်နယ်အစိုးရကို သမ္မတရုံးညွှန်ကြား

နိုင်ငံတော်သမ္မတ၏ မွန်ပြည်နယ် ခရီးစဉ်အတွင်း လက်ခံရရှိခဲ့သည့် တိုင်ကြားစာများအနက်မှ တိုင်စာ အစောင် ၃၀ ကို ပြန်လည်စိစစ်ပေးရန် သမ္မတရုံးမှ မွန်ပြည်နယ်အစိုးရအဖွဲ့ထံ ညွှန်ကြားထားကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။ နိုင်ငံတော်သမ္မတရုံးက ဇန်န၀ါရီလ ၈ ရက်တွင် ညွှန်ကြားထားကြောင်း ပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။ “တိုင်စာတွေကို ပြန်စိစစ်ပေးဖို့ နိုင်ငံတော်သမ္မတရုံးက ညွှန်ကြားလာပါတယ်၊...

မွန်တွင် စည်းပျက် မော်တော်ယာဉ်များကို စီမံချက်ဖြင့် ဖမ်းဆီး

ယာဉ်မတော်တဆမှုများ ပိုမိုများ ပြားလာသည့် မွန်ပြည်နယ်တွင် စည်းကမ်း မဲ့မော်တော်ယာဉ်များကို (စီမံချက်ဖြင့်) ဇန်န၀ါရီလ ၁၅ ရက်မှ စတင်ဖမ်းဆီး အရေး ယူလျက်ရှိကြောင်း  မွန်ပြည်နယ်အစိုးရ အဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ထံမှ သိရသည်။ ပြည်နယ်အတွင်းရှိ မြို့နယ် ၁၀ မြို့ နယ်တွင် ဖမ်းဆီးအရေးယူနေခြင်း...

ကျိုက်ထိုမြို့ပေါ် စတိုးဆိုင်တွင် AK ၄၇ သေနတ်ကိုင် မျက်နှာဖုံးစွပ် နှစ်ဦး ၀င်လု

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့ တောင်သူစု ရပ်ကွက်ရှိ စတိုးဆိုင်တစ်ဆိုင်တွင် AK ၄၇  ရိုင်ဖယ်သေနတ်ကိုင်ထားသည့် မျက်နှာ ဖုံးစွပ်လူနှစ်ဦး ၀င်ရောက်လုယက်ခဲ့ ကြောင်း ကျိုက်ထိုမြို့မရဲစခန်းထံမှ သိရ သည်။ ဇန်န၀ါရီလ ၁၅ ရက်  ည ၁၁ နာရီကျော် အချိန်တွင် OneStop Market  စတိုးဆိုင်...

မုဒုံတွင် ရော်ဘာမှိုင်းခံရုံ မီးလောင်

မွန်ပြည်နယ် မုဒုံမြို့နယ်၊ ကွမ်တာ ကျေးရွာရှိ ရော်ဘာမှိုင်းခံရုံမီးလောင်ခဲ့ ကြောင်း မွန်ပြည်နယ် မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။ ဇန်န၀ါရီ ၆ ရက် ည ၁၁ နာရီခွဲ အချိန်ခန့်က ဟိုင်းဝင်းရော်ဘာမှိုင်းခံရုံတွင် စပါးခွံလောင်စာသုံးဖွဲမီးဖြင့် အပူပေး၍ ရော်ဘာပေါင်းခံရာမှ စတင်မီးလောင် ကျွမ်းခဲ့ခြင်း ဖြစ်သည်။ မီးလောင်ကျွမ်းမှုကြောင့် ရော်ဘာ မှိုင်းခံရုံတစ်ရုံ၊...

မွန်တွင် ဆားကြမ်း ထုတ်လုပ်မှု တစ်လခန့် နောက်ကျနိုင်

မွန်ပြည်နယ်တွင် ဇန်န၀ါရီလ ပထမပတ်က မိုးရွာသွန်းခဲ့မှုကြောင့် ဆားကွင်းများ ပျက်စီးပြီး ဆားကြမ်းထုတ်လုပ်မှု တစ်လခန့် နောက်ကျနိုင်သည်ဟု မွန်ပြည် နယ်အတွင်းရှိ ဆားလုပ်တောင်သူတို့ထံမှ သိရသည်။ ဆားလုပ်ငန်းကို ပုံမှန်အားဖြင့် မိုးအကုန် စက်တင်ဘာလလယ်ခန့်မှ စတင်ပြင်ဆင်ကြကာ နိုဝင်ဘာလဆန်း တွင် ပင်လယ်ရေတင်ပြီး စတင်နေလှန်းလေ့ ရှိသည်။ ရာသီဥတုအခြေအနေကောင်းမွန်ပါ က ဒီဇင်ဘာလအကုန်...

ကုလားဂုတ်ကျွန်း အောက်ဆိပ်တွင် အိမ်ခြေ ငါးပုံလေးပုံခန့် လေဘေးသင့်

ရေးမြို့နယ်၊ လမိုင်းမြို့နယ်ခွဲ ကုလားဂုတ်ကျွန်း အောက်ဆိပ်တွင်လေပြင်းတိုက် ခတ်မှုကြောင့် အိမ်ခြေ ငါးပုံလေးပုံခန့်မှ လူဦးရေနှစ်ထောင်နီးပါး လေဘေးသင့်ခဲ့ကြောင်း ကုလားဂုတ်ကျွန်းအုပ်ချုပ်ရေးမှူးထံမှ သိရသည်။ ဇန်န၀ါရီလ ၈ ရက် နံနက် ၇ နာရီခွဲ အချိန်တွင် လေပြင်းတိုက်ခတ်ခဲ့ခြင်း ဖြစ်သည်။ အိမ်ခြေ ၅၀၀ ခန့်ရှိသည့် ကုလားဂုတ် ကျွန်းအောက်ဆိပ်တွင် နေအိမ်...