မွန်တွင် စည်းပျက် မော်တော်ယာဉ်များကို စီမံချက်ဖြင့် ဖမ်းဆီး

0
451

ယာဉ်မတော်တဆမှုများ ပိုမိုများ ပြားလာသည့် မွန်ပြည်နယ်တွင် စည်းကမ်း မဲ့မော်တော်ယာဉ်များကို (စီမံချက်ဖြင့်) ဇန်န၀ါရီလ ၁၅ ရက်မှ စတင်ဖမ်းဆီး အရေး ယူလျက်ရှိကြောင်း  မွန်ပြည်နယ်အစိုးရ အဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ထံမှ သိရသည်။

ပြည်နယ်အတွင်းရှိ မြို့နယ် ၁၀ မြို့ နယ်တွင် ဖမ်းဆီးအရေးယူနေခြင်း ဖြစ် သည်။

“အသက်မပြည့်သေးတဲ့ ကလေးတွေ ယာဉ်မောင်းနေတာ ကျွန်တော်တို့ တွေ့နေရတယ်၊ တည်ဆဲဥပဒေအရ ဆောင်ရွက်သွားမယ်၊ ဘယ်ဌာနဖြစ်ဖြစ် ဘယ်အဖွဲ့ အစည်းဖြစ်ဖြစ် ဘယ်သူ့ကိုမှ ခွဲခြားလို့ မရဘူး ဥပဒေအတိုင်းသွားမယ်”ဟု အထက် ပါ ၀န်ကြီး ဗိုလ်မှူးကြီး နေထွဋ်ဦးက ပြော သည်။

ပြည်နယ်အတွင်း ယာဉ်စည်းကမ်း လမ်းစည်းကမ်းနှင့် ပတ်သက်ပြီးအသိ ပညာပေးမှုများ လုပ်ဆောင်နေသော် လည်း ယာဉ်အန္တရာယ်ကျဆင်းမှုမရှိဘဲ နှစ်စဉ်နှစ်တိုင်း တိုးမြင့်လာနေပြီး ၂၀၁၈ ခုနှစ်အတွင်း တွင်လျှင် ယာဉ်မတော်တဆမှု ၈၃၀ မှု ကျော်ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၃၂၀ ဦး ကျော်ထိ ရှိခဲ့သည်။

ဖမ်းဆီးရမိသည့် စည်းကမ်းမဲ့မော် တော်ယာဉ်များကို ၂၀၁၅ မော်တော်ယာဉ် ဥပဒေနှင့်အညီ တရားစွဲဆို အရေးယူသွား မည် ဖြစ်သည်။

၂၀၁၅ ခုနှစ် မော်တော်ယာဉ်ဥပဒေ အရ စည်းကမ်းဖောက်ဖျက်သူများကို ငွေကျပ် (၃) သောင်းထက် မပိုသော ဒဏ်ငွေ မှစ၍ ငွေကျပ်သိန်း (၅၀) ထက် မပိုသော ငွေဒဏ် (သို့မဟုတ်) ၃ လထက် မပိုသော ထောင်ဒဏ်၊ (သို့မဟုတ်) ဒဏ်နှစ်ရပ်လုံး ကို ကျခံစေနိုင်သည်ထိ ဖော်ပြပါရှိသည်။

 

ယဉ်စနိုင်း