BREAKING
July 26, 2024
EN MM

မွန်

ဘီးလင်းတွင် ရေကြီး၊ ရန်ကုန်-မော်လမြိုင်ကားလမ်းယာယီပိတ်

Dawei Watch

July 26, 2024

မွန်ပြည်နယ်၊ ဘီးလင်းမြို့ရှိ ဘီးလင်းမြစ်ရေ မြင့်တက်လာသောကြောင့် ဘီးလင်းမြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအချို့တို့တွင် ရေကြီးရေလျှံနေပြီး ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ် ရေကျော်နေသည့်အတွက် ကားဖြတ်သန်းခွင့် ယာယီပိတ်ထားကြောင်း ဒေသခံများနှင့် လူမှုကယ်ဆယ်ရေးအဖွဲ့တို့ထံမှ သိရသည်။ မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေကြောင့် ဘီးလင်းရေသည် ဇူလိုင်လ ၂၅ ရက် ညနေပိုင်းမှစတင်ကာ မြစ်ရေ မြင့်တက်လာပြီး ယနေ့ ဇူလိုင်လ ၂၆ ရက် နံနက်ပိုင်းတွင် ဘီးလင်းမြစ်ရေသည် စိုးရိမ်ရေအမှတ်ထက် ၈၅ စင်တီမီတာထိ မြင့်တက်နေသည်။ ဘီးလင်းမြစ်ရေ မြင့်တက်လာသည့်အတွက် ဘီးလင်းမြို့ပေါ်ရပ်ကွက်၊ ကျေးရွာအချို့တို့တွင် ရေကြီးရေလျှံနေသည့်အပြင် ဘီးလင်းအပိုင် ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်တွင် လည်း ရေ နှစ်ပေခွဲခန့်အထိ ရေကျော်နေကြောင်း ဒေသခံနှင့် လူမှုကယ်ဆယ်ရေးအဖွဲ့တို့ထံမှ သိရသည်။ ကားလမ်းရေကျော်နေသည့်အတွက် ကားများဖြတ်သန်းသွားလာခွင့်ကို ယာယီပိတ်ထားရကြောင်း ၎င်းတို့က ဆိုသည်။ “ကားလမ်းပေါ်မှာ တချို့နေရာမှာ ၂ […]

ကျိုက်ထိုတွင် စစ်ကောင်စီတပ် လက်နက်ကြီးကြောင့် လူငယ်ခြောက်ဦးသေဆုံးပြီး ၁၀ကျော်ဒဏ်ရာရ

Dawei Watch

July 25, 2024

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ပျဉ်းကတိုးကုန်းကျေးရွာတွင် စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ဒေသခံပြည်သူ ခြောက်ဦးသေဆုံးပြီး ၁၂ဦး ထိခိုက်ဒဏ်ရာရကြောင်း ဒေသခံတို့ထံမှ သိရသည်။ ဇူလိုင် ၂၃ရက် နံနက် ၉နာရီခန့်က စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့နှင့် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA ပူးပေါင်းတပ်တို့ကြား ကျောက်တန်းလေးကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားကြောင်း ဒေသခံတို့ထံမှ သိရသည်။ ယင်းသို့တိုက်ပွဲဖြစ်ပွားချိန် ကျောက်တန်းလေးကျေးရွာဘက်ကို သိမ်ဇရပ်အခြေစိုက် စစ်ကောင်စီ အမြောက်တပ်ရင်း ၃၁၀ က လက်နက်ကြီးများဖြင့် ပစ်ခတ်ရာ ပျဉ်းကတိုးကုန်းကျေးရွာအတွင်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲကြောင်း ဒေသခံတို့က ဆိုသည်။ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ပျဉ်းကတိုးကုန်းရွာက အသက် ၁၈ နှစ်အရွယ်တစ်ဦးအပါအဝင် အသက် ၂၀နှင့် ၃၀ ကြား လူငယ်ပိုင်း ခြောက်ဦး သေဆုံးပြီး အမျိုးသမီး […]

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မွန်တွင် မြို့နယ်ငါးခုရှိ အနိမ့်ပိုင်းနေရာအချို့ ရေစဝင်

Dawei Watch

July 24, 2024

မွန်ပြည်နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြို့နယ်ငါးခုက အနိမ့်ပိုင်းနေရာအချို့တွင် ယနေ့ ဇူလိုင်လ ၂၄ ရက် နေ့လယ်ပိုင်းမှ စတင်ကာရေစဝင်နေကြောင်း ဒေသခံနှင့် လူမှုကယ်ဆယ်ရေးအဖွဲ့တို့ထံမှ သိရသည်။ ဇူလိုင်လ ၂၃ ရက် ညနေပိုင်းကစပြီး မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ပြည်နယ်အတွင်းရှိ မော်လမြိုင်၊ ချောင်းဆုံ၊ မုဒုံ၊ ရေး၊ သံဖြူဇရပ်မြို့နယ်အတွင်းက အနိမ့်ပိုင်းကျေးရွာ၊ ရပ်ကွက်တို့တွင် ရေစတင်ဝင်ရောက်နေကြောင်း ၎င်းတို့က ပြောသည်။ သံဖြူဇရပ်မြို့ပေါ်ရပ်ကွက်များဖြစ်သည့် ကျောင်းပိုင်း၊ စက်သစ်ပိုင်း၊ အောင်ချမ်းသာရပ်ကွက်၊ ဆည်မြောင်းပိုင်းအစရှိသည့် အနိမ့်ပိုင်းရပ်ကွက်နှင့် ကျေးရွာအချို့တို့တွင် ရေစဝင်နေကြောင်း မြို့ခံတို့က ဆိုသည်။ “မိုးကောင်းနေတာ မနေ့ကတည်းက။ အခုလည်း ရွာနေတုန်းပဲ။ တချို့နေရာမှာတော့ ရေစဝင်နေပြီ။ ညနေ ပင်လယ်ဒီရေ တက်ချိန်နဲ့ဆိုရင် ရေက ထပ်တက်လာဖို့ပဲရှိတယ်” ဟု သံဖြူဇရပ်ဒေသခံတစ်ဦးက ပြောသည်။ ယင်းအပြင် မိုးသည်းထန်စွာရွာသွန်းပြီး […]

ကျိုက်ထိုတွင် လက်နက်ကြီးကြောင့် အရပ်သားတစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရ

Dawei Watch

July 23, 2024

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့တွင် နှစ်ဖက်ပစ်ခတ်မှုအတွင်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး အရပ်သားတစ်ဦး သေဆုံးကာ နှစ်ဦးထိခိုက်ဒဏ်ရာရကြောင်း ဒေသခံတို့ထံမှ သိရသည်။ ဇူလိုင်လ ၂၂ ရက် မွန်းလွဲ ၁ နာရီခန့်က သိမ်ဇရပ်နယ်မြေရဲစခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က ၄၀ မမဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာမှ နှစ်ဖက်ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။ ထိုပစ်ခတ်မှုအတွင်း သိမ်ဇရပ်နယ်မြေရဲစခန်းအနီး ရွာလေးပိုင်းရပ်ကွက်ရှိ နေအိမ်တစ်လုံးအနီးတွင် လက်နက်ကြီးကျည် တစ်လုံး ကျရောက်ပေါက်ကွဲခဲ့ကြောင်း ဒေသခံတို့က ပြောသည်။ ယင်းသို့ကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၃၄ နှစ်အရွယ် ဦးကိုလေး ပွဲချင်းပြီးသေဆုံးသွားခဲ့ပြီး ဦးကိုလေး၏ဇနီး ဒေါ်ကြည်ကြည်ဝင်းနှင့်အိမ်နီးနားချင်း ဒေါ်ရင်ဝေလွင်တို့နှစ်ဦးလည် ကျည်စထိမှန်ဒဏ်ရာရကြောင်း ဒေသခံတို့က ဆိုသည်။ “ဘယ်ကနေ ပစ်လာမှန်းမသိတဲ့ လက်နက်ကြီးတစ်လုံးက ဦးကိုလေးအိမ်နားမှာ ကျသွားတယ်။ လက်နက်ကြီးထိပြီး ဦးကိုလေးကတော့ ဆုံးသွားတယ်။ […]

မွန်ရှိ ဆင်ရွာရေတံခွန်တွင်ပြုတ်ကျသည့် မိန်းကလေးရုပ်အလောင်း ပြန်ဆယ်ယူရရှိ

Dawei Watch

July 22, 2024

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ဆင်ရွာရေတံခွန်တွင် ဇူလိုင်လ ၂၁ ရက်က ရေထဲပြုတ်ကျသေဆုံးခဲ့သည့် အသက် ၁၅နှစ်အရွယ် မိန်းကလေး၏ ရုပ်အလောင်းကို ပြန်လည်ဆယ်ယူရရှိကြောင်း လူမှုကူညီရေးအဖွဲ့များထံမှ သိရသည်။ ဇူလိုင်လ ၂၁ ရက် မွန်းလွဲ ၂ နာရီခွဲဝန်းကျင်တွင် ရေထဲပြုတ်ကျကာ ကျောက်တုံးအကြားညှပ်ပြီး သေဆုံးနေခြင်းဖြစ်ကြောင်း နယ်မြေခံ ပရဟိတအသင်းဝင်တစ်ဦးက ပြောသည်။ ဆင်ရွာရေတံခွန်တွင် မိုးဦးကာလမှစ၍ ရက်သတ္တပတ်တိုင်း ရေလာကစားသူ အများအပြားလာရောက်လေ့ရှိပြီး ယခုပြုတ်ကျသည့်ဖြစ်စဉ်သည် လူများသဖြင့် တိုးဝှေ့ရာမှ ပြုတ်ကျခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။ ရုပ်အလောင်းကို ပြန်လည်ဆယ်ယူရာတွင် ရေစီးသန်နေသဖြင့် ဆယ်ယူ၍ မရသောကြောင့် မျောပါမသွားစေရန် ဇူလိုင်လ ၂၁ ရက် ညနေပိုင်း၌ လက်ကို ကြိုးဖြင့်ချည်နှောင်ကာ ထားခဲ့ရကြောင်း ၎င်းက ပြောဆိုသည်။ ယနေ့ ဇူလိုင် ၂၂ […]

ချောင်းဆုံတွင် ကျောက်မီးသွေးစက်ရုံ တည်ဆောက်ရန် စစ်ကောင်စီ စတင်လုပ်ဆောင်

Dawei Watch

July 18, 2024

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် (ဘီလူးကျွန်း)တွင် ကျောက်မီးသွေးသုံး လျှပ်စစ်ဓါတ်အားပေးစက်ရုံ တည်ဆောက်ရန်အတွက် စစ်ကောင်စီခန့် မွန်ပြည်နယ်အစိုးရက စတင်လုပ်ဆောင်နေပြီး မြေနေရာများ အဓမ္မ လိုက်လံဝယ်ယူနေကြောင်း ဒေသခံများထံမှ သိရသည်။ ချောင်းဆုံတွင် ကျောက်မီးသွေးသုံး လျှပ်စစ်ဓါတ်အားပေးစက်ရုံ စီမံကိန်းအကောင်အထည်ဖော်မည့် အကြောင်းကို စစ်ကောင်စီခန့် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက ဇွန်လ ၂၄ ရက်နေ့က ၎င်း၏ လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် ထုတ်ဖော်ပြောဆိုလာခြင်းဖြစ်သည်။ စစ်ကောင်စီက ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံစီမံကိန်းကို ချောင်းဆုံမြို့နယ်၊ ကလွီကျေးရွာနှင့် ဒရယ်ကျေးရွာကြားတွင် အကောင်အထည်ဖော်ရန် လျာထားသည်။ ကျောက်မီးသွေးစက်ရုံစီမံကိန်း အကောင်အထည်ဖော်နိုင်ရန်အတွက် လက်ရှိတွင် မွန်ပြည်နယ်အာဏာပိုင်များနှင့် နီးစပ်သူတို့က မြေများကို အတင်းအဓမ္မ လိုက်လံဝယ်ယူနေကြောင်း ဒေသခံတစ်ဦးက ပြောသည်။ “သူတို့က (မြေဝယ်သူ) ဒီမြေကို ဝယ်မယ် ရောင်းမလား။ မရောင်းဘူးလား ရောင်းရင်တော့ သူတို့‌ ပေးသလောက်ကိုယူ […]