မွန်တွင် မြေယာကိစ္စ တိုင်ကြားမှု ၁၇၀ စိစစ်ထားပြီးဟုဆို

မွန်ပြည်နယ်တွင် NLD အစိုးရလက်ထက် ၃ နှစ်တာကာလအတွင်း၌ မြေယာနှင့် ပတ်သက်သည့် တိုင်ကြားမှုပေါင်း နှစ်ရာခန့် လက်ခံရရှိခဲ့ပြီး အမှုပေါင်း ၁၇၀ ကို စိစစ်ဆောင်ရွက်ထားပြီးဖြစ်ကြောင်း ဟု မွန်ပြည်နယ်အစိုးရအဖွဲ့ရုံးညွှန်ကြားရေးမှူးက ပြောသည်။ မွန်ပြည်နယ် လယ်ယာမြေနှင့်...

လမ်းကျူး ဈေးဆိုင်များကို တရားစွဲမည်

မွန်ပြည်နယ်အတွင်းရှိ လူသွား စင်္ကြံန်၊ ပလက်ဖောင်းများပေါ်တွင် ဆက်လက် ကျူးကျော်ရောင်းချနေသည့် ဈေးဆိုင်များ ကို မွန်ပြည်နယ်စည်ပင်သာယာရေးဥပဒေ နှင့်အညီ တရားစွဲမည်ဟု မွန်ပြည်နယ် အစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးမင်းကျော်လွင်က ပြောသည်။ ပြည်နယ်အတွင်းရှိ လမ်းဘေး ကျူး ကျော်ဈေးဆိုင်များ၊ ကျူးကျော်အိမ်ဆိုင် များကို မွန်ပြည်နယ်အစိုးရအဖွဲ့၏ ညွှန်...

လူထုအခြေပြု ခရီးသွားလုပ်ငန်း အကောင်အထည်ဖော်ဖို့ မွန်လွှတ်တော် တိုက်တွန်း

မွန်ပြည်နယ်အတွင်း လူထုအခြေပြု ခရီးသွားလုပ်ငန်း (Community Based Tourism CBT) ဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော် ဆောင်ရွက်ရန် ပြည်နယ်လွှတ်တော်တွင် အဆိုတင်ပြီး  တိုက်တွန်းလိုက်သည်။ ပြည်နယ်အတွင်း CBT လုပ်ငန်း စတင်လုပ်ဆောင်နိုင်ရန်အတွက် ပြည်နယ်အစိုးရအဖွဲ့က အစီအစဉ်ချမှတ် ဆောင်ရွက်သွားရန် ဖေဖော်ဝါရီလ ၂၅ ရက်က ကျင်းပခဲ့သည့်...

မော်လမြိုင် တက္ကသိုလ်တွင် ဘွဲ့လွန်သင်တန်း ဖွင့်လှစ်ရေးအဆို မွန်လွှတ်တော် အတည်ပြု

မွန်ပြည်နယ် မော်လမြိုင်တက္ကသိုလ် တွင် ဘွဲ့လွန်သင်တန်းများ ဖွင့်လှစ်ပေးရေး တိုက်တွန်းသည့်အဆိုကို မွန်ပြည်နယ် လွှတ်တော်က အတည်ပြုလိုက်သည်။ အဆိုကို သထုံမြို့နယ် မဲဆန္ဒနယ် အမှတ် ၂ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်သူက တင်သွင်းခဲ့ပြီး ဖေဖော်ဝါရီ ၂၆ ရက်က ကျင်းပခဲ့သည့်  ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ၁၂...

တိုင်းရင်းသားများ ဥပဒေပါ အခွင့် အရေးနှင့် ရပိုင်ခွင့် ရ /မရ စစ်တမ်း ကောက်မည်

တနင်္သာရီတိုင်းအတွင်းရှိ ထားဝယ်၊ ကရင်၊ မွန် တိုင်းရင်းသားများအနေဖြင့် ဥပဒေပါ အခွင့်အရေးနှင့် ရပိုင်ခွင့်များ ရ /မရ စစ်တမ်းကောက်မည်ဖြစ်ကြောင်း တိုင်းရင်းသား အခွင့်အရေးများ ကာကွယ် စောင့်ရှောက်ရေး ဦးစီးဌာန တနင်္သာရီတိုင်း ဒေသကြီးရုံးထံမှ သိရသည်။ ၂၀၁၅ ခုနှစ်တွင် ပြဠာန်းခဲ့သည့် တိုင်းရင်းသားလူမျိုးများ၏...

အလောင်းထုတ်လျှင် ငွေပေးရပါက တိုင်ပါ

မွန်ပြည်နယ်၊ မော်လမြိုင် ပြည်သူ့ဆေးရုံကြီးတွင် လူသေအလောင်းများ ထုတ်ယူရာ၌  ငွေကြေးပေးဆောင်ရပါက တိုင်ကြားရန် မော်လမြိုင် ပြည်သူ့ဆေးရုံအုပ်က ပြောသည်။ အလောင်းထုတ်ယူရာတွင် ငွေကြေးပေးစရာ မလိုသည့်အတွက် ငွေကြေးတောင်းခံပါက တိုင်ကြားနိုင်ရန် ရင်ခွဲရုံ အနီးတစ်ဝိုက်တွင် ဖုန်းနံပတ်နှင့် အသိပေးစာများ ကပ်ထားကြောင်း မော်လမြိုင်ပြည်သူ့ဆေးရုံမှ ဆေးရုံအုပ် ဒေါက်တာကျော်မြင့်က ပြောသည်။

မော်လမြိုင် သံလွင်တံတားပေါ်တွင် ယာဉ်တိုက်မှုဖြစ်၊ မွန်အမျိုးသားနေ့မှ ပြန်လာသူ ၇ ဦး ဒဏ်ရာရ

မော်လမြိုင် သံလွင်တံတားပေါ်တွင် ကားနှစ်စီး တိုက်မိမှု ဖြစ်ပွားခဲ့ပြီး မွန်အမျိုးသားနေ့(ဗဟို) အခမ်းအနားမှ ပြန်လာသည့် လူငယ် ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မော်လမြိုင် ဒိုင်းဝန်ကွင်းနယ်မြေရဲစခန်းမှ သိရသည်။ ဖေဖော်ဝါရီ ၂၀ ရက် ည ၈ နာရီ အချိန်ခန့်က မော်လမြိုင်မှ...

မွန်တွင် ကျပ် ၁၀၀၀ တန် ထီလက်မှတ် ပိုရောင်းကောင်း

မွန်ပြည်နယ်တွင် ကျပ် ၅၀၀ တန် ထီလက်မှတ်ထက် ကျပ် ၁၀၀၀ တန် ထီလက်မှတ်များ ရောင်းအားပိုကောင်းနေသည်ဟု ထီအရောင်းကိုယ်စားလှယ်တို့၏ ပြောပြချက်အရ သိရသည်။ မွန်ပြည်နယ်တွင် ကျပ် ၅၀၀ တန် ထီလက်မှတ်ရောင်းချသူ ကိုယ်စားလှယ် ၁၅၀၁ ဦးရှိပြီး ထီအုပ်ရေ...

ပေါင်ရှိ ပဒုမ္မာဆပ်ပြာစက်ရုံ ယာယီရပ်ဆိုင်းရန် မွန်ပြည်နယ်အစိုးရ ညွှန်ကြား

မွန်ပြည်နယ်၊ ပေါင်မြို့ရှိ ပဒုမ္မာ ဆပ်ပြာစက်ရုံကို ယာယီရပ်ဆိုင်းထားရန် ပြည်နယ်အစိုးရမှ ညွန်ကြားထားကြောင်း မွန်ပြည်နယ် အစိုးရအဖွဲ့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာမင်းကြည်ဝင်းက ပြောသည်။ ပဒုမ္မာ ဆပ်ပြာစက်ရုံမှ ရေဆိုးစွန့်ပစ်မှုကြောင့် စက်ရုံပတ်ဝန်းကျင်ရှိ စိုက်ပျိုးရေးလုပ်ငန်းများ ထိခိုက်ပျက်စီးပြီး၊ ငါးများ သေဆုံးမှုရှိသည်ဟု ဒေသခံတို့၏ တိုင်ကြားမှုအရ သယံဇာတနှင့်...

မွန်တွင် တက္ကသိုလ်ဝင်တန်း ဖြေမည့် ကျောင်းသား သုံးသောင်း ကျော်ရှိ

မွန်ပြည်နယ်တွင် ၂၀၁၉ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုမည့် ကျောင်းသူ/သား သုံးသောင်းကျော်( ၃၀၅၆၄ ဦး) ရှိကြောင်း မွန်ပြည်နယ် ပညာရေးမှူးရုံးထံမှ သိရသည်။ ၂၀၁၉ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုကြမည့် ကျောင်းသူ/သားအရေ အတွက်သည် ၂၀၁၈ တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုခဲ့ကြသည့် ကျောင်းသူ/ သားအရေအတွက်ထက် ၂၉၀၇ ဦးပိုများ လာကြောင်းပြည် နယ်ပညာရေးမှူးရှိ စာရင်းအရ...