မြန်မာဘီယာ သောက်သည့် ရဲဘော်များကို တအာင်းတပ်က ကြိမ်ဒဏ်ပေး

0
328

စစ်ကောင်စီ ထုတ်ကုန်ဖြစ်သည့် မြန်မာဘီယာကို မွေးနေ့ပါတီတစ်ခုတွင် ဝယ်ယူသောက်သုံးခဲ့ကြသည့် ရဲဘော်များကို ကြိမ်ဒဏ် ၁၀ ချက်အပါအဝင် ပြစ်ဒဏ်များချမှတ်ကြောင်း တအာင်းတပ်မတော် (PSLF/TNLA) က ထုတ်ပြန်သည်။

တားမြစ်ထားသည့်ထုတ်ကုန် မြန်မာဘီယာကို သောက်သုံးခဲ့သည့် ရဲဘော်များကို ကြိမ်ဒဏ် ၁၀ ချက်၊ အလုပ်ကြမ်း တစ်လ နှင့် လူမှုရေးပြစ်ဒဏ်အဖြစ် အများပိုင်ဆေးရုံ၊ ဘုန်းကြီးကျောင်းတို့တွင် သန့်ရှင်းရေးလုပ်အားပေးရန် ယနေ့ မေလ ၂ရက်တွင် အမိန့်ချလိုက်ကြောင်း ဖော်ပြသည်။

သို့သော် ရဲဘော်ဦးရေကိုမူ ဖော်ပြထားခြင်း မရှိပေ။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီ ကျဆုံးစေရန်အတွက် ဝင်ငွေလမ်းကြောင်းကို ဖြတ်တောက်ရန် စစ်ကောင်စီထုတ်ကုန်များအား ရောင်းဝယ်စားသုံးခြင်း မပြုလုပ်ကြရန် ပိတ်ပင်ထားမြစ်ထားကြောင်း တအာင်းတပ်မတော်ထံမှ သိရသည်။

PSLF/TNLA အုပ်ချုပ်နယ်မြေ မြို့ခုနစ်မြို့နှင့် စစ်ဒေသတွင် စစ်ကောင်စီ ထုတ်ကုန်ပစ္စည်းများ ရောင်း‌ဝယ်စားသုံးသည်ကို တွေ့ရှိလျှင် အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။