ကော့သောင်းအပါအဝင် မြို့နယ်လေးခု တီဘီရောဂါ ကွင်းဆင်းကုမည်

တိုင်းအတွင်းရှိ ထားဝယ်၊ သရက် ချောင်း၊ တနင်္သာရီနှင့် ကော့သောင်းမြို့ နယ်တို့ရှိ ကျေးရွာများသို့ တီဘီရောဂါ ကွင်းဆင်းကုသပေးမည်ဖြစ်ကြောင်း တနင်္သာရီတိုင်း တီဘီရောဂါတိုက်ဖျက် ရေးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ထင်ဇော်အောင်က ပြောသည်။ ထားဝယ်မြို့နယ်တွင် ရှမ္မတွင်း၊ ရောင်းမော်ကျေးရွာတို့ကို ဖေဖော်ဝါရီလ တတိယအပတ်၊ သရက်ချောင်းမြို့နယ် အတွင်း ကျေးရွာအချို့ကို...

တပ်မတော်က တရားစွဲထားသည့် ရှေ့နေ ဦးကြီးမြင့်နှင့် ကဗျာဆရာ စောဝေတို့ အာမခံရ

တပ်မတော်က တရားစွဲထားသဖြင့် ကော့သောင်းတွင် အမှုရင်ဆိုင်နေရသော တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်နှင့် ကဗျာဆရာစောဝေတို့ အာမခံ ရသွားသည်။ ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် ဧပြီလက ကော့သောင်းတွင် ပြုလုပ်ခဲ့သည့် "၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး ၄၅...

ဘီယာ ပေကျံသွားသည့်ကိစ္စကြောင့် ဝိုင်းထိုး

ကော့သောင်းမြို့တွင် လမ်းမပေါ် သို့ ဘီယာပစ်ပေါက်ရာမှ ဘီယာ စင်သွားသည့် ကိစ္စဖြင့် စကားများရာမှ အမျိုးသားတစ်ဦးကို ဝိုင်းထိုးခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ထံမှ သိရသည်။ အဏ္ဏဝါရပ်ကွက်ရှိ ကမ်းနားလမ်းတွင် ဇန်နဝါရီလ ၃ ရက်နေ့က...

စည်းကမ်းချက်အပြောင်းအလဲအချို့နှင့်အတူ ကော့သောင်းလျှပ်စစ် တင်ဒါခေါ်

စည်းကမ်းချက် အပြောင်းအလဲ အချို့ပြုလုပ်ကာ ကော့သောင်းမြို့နယ် လျှပ်စစ်ထုတ်လုပ်ဖြန့်ဖြူးရေးတင်ဒါကို ဖေဖော်ဝါရီလ ၇ ရက်နေ့မှ စတင်ကာ တင်ဒါခေါ်ယူနေကြောင်း တနင်္သာရီ တိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သိရသည်။ ကော့သောင်းမြို့နယ် လျှပ်စစ်ထုတ် လုပ်ဖြန့်ဖြူးရေးလုပ်ငန်းကို ထားဝယ်၊...

အိမ်ဆောက်ရာတွင် လမ်းနှင့် မလွတ်သဖြင့် တားမြစ်သည့် ကျေးရွာအုပ်ချုပ်ရေးမှူးကို လက်သီးဖြင့်ထိုးပြီး ပုလင်းဖြင့် ရိုက်

ကော့သောင်းတွင် အိမ်ဆောက်ရာ၌ လမ်းနှင့် မလွတ်ကင်းသဖြင့် တားမြစ် သည့် ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦး လက်သီးဖြင့်ထိုးခံရပြီး ပုလင်းဖြင့် ရိုက်ခံရကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။ ပြည်ကြီးမဏ္ဍိုင်မြို့၊ ရတနာပုံ ကျေးရွာတွင် ဇန်နဝါရီလ ၂၅ ရက်နေ့က...

ကော့သောင်းရေလုပ်သားတို့ ဆန္ဒပြမည်

ကော့သောင်းရေပြင် ငါးဖမ်းလုပ်ကွက် များ နှစ်အကန့်အသတ်မဲ့ ပိတ်လိုက်ခြင်းကို ပြန်ဖွင့်ပေးစေရေး ကော့သောင်းအခြေ စိုက် ရေလုပ်သားများ စုဝေးဆန္ဒပြတော့မည် ဖြစ်သည်။ ကော့သောင်းခရိုင် ငါးဦးစီးရုံးရှေ့၌ ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် ရေလုပ် သားများ စုဝေးဆန္ဒပြရန်...

မီးသတ်တပ်ဖွဲ့ဝင်အချင်းချင်း ဓားဖြင့် ခုတ်သတ်

ကော့သောင်းတွင် ဇန်နဝါရီလ ၂၉ ရက်ညပိုင်းက မီးသတ်တပ်ဖွဲ့ဝင်အချင်းချင်း ဓားဖြင့်ခုတ်သတ်ခဲ့ကြောင်း တနင်္သာရီ တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။ ပြည်ကြီးမဏ္ဍိုင်မြို့၊ နယ်မြေ မီးသတ်စခန်း လူပျိုဆောင်တွင် ဂီတာ တီးနေစဉ် အသက် ၂၄နှစ်...

ဆလုံစာသင်ရန်ဆရာ/ဆရာမများ လိုအပ်ပါက တင်ပြပါ

ဆလုံတိုင်းရင်းသား ကျေးရွာများ တွင် ဆလုံစာပေသင်ကြားရန် ဆရာ/ဆရာမလိုအပ်ကြောင်း ဒေသခံများက တင်ပြလာပါက ဆောင်ရွက်ပေးမည် ဟုတနင်္သာရီတိုင်းဒေသကြီး လူဝင်မှုကြီး ကြပ်ရေးနှင့် လူ့အစွမ်းအားအရင်းမြစ်ဝန်ကြီးဦးကျော်မင်းက ပြောကြားသည်။ ဇန်နဝါရီလ၃၁ရက်တွင်ကျင်းပ သည့်တိုင်းလွှတ်တော်ပုံမှန်အစည်းအဝေး တွင်ပြောကြားခဲ့ခြင်း ဖြစ်သည်။

ထိုင်းသို့ ဘတ်တစ်သောင်းဖြင့်ပို့သူ ကော့သောင်းတွင် အဖမ်းခံရ

ရန်ကုန်မြို့မှ ထိုင်းနိုင်ငံအထိ ဘတ်တစ်သောင်း (ငွေကျပ် ငါးသိန်း) နှုန်းဖြင့် ပို့ဆောင်သည့် အမျိုးသားတစ်ဦးကို ဇန်နဝါရီလ ၂၇ ရက်က ကော့သောင်းတွင် ဖမ်းမိခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။ ဖြစ်စဉ်မှာ ကော့သောင်းမြို့ရှိ မြို့မတံတားထိပ်တွင်...

ကော့သောင်းနာရီစင်ဒီဇိုင်းသစ်ဖြင့် ပြန်ဆောက်မည်

ကော့သောင်းမြို့၏လက်ရှိနာရီစင်ကိုဖြိုချကာဒီဇိုင်းသစ်ဖြင့်ပြန်ဆောက်မည်ဟု ကော့သောင်းမြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးတင်မြင့်က ပြောသည်။ နှစ်သုံးဆယ်ခန့် သက်တမ်းရှိသော လက်ရှိနာရီစင်မှာ ဆောက်လုပ်စဉ်ကရေငန်သဲများသုံးစွဲခဲ့သဖြင့်အင်္ဂတေအတွင်းရှိသံချောင်းများပါ ဆွေးမြည့်နေပြီး အန္တရာယ်ရှိအဆောက်အအုံဖြစ်နေပြီဟု ဦးတင်မြင့်က ပြောသည်။ နာရီစင်အသစ်ဆောက်ရန်ဘတ် ဂျက်ကျပြီဖြစ်ပြီးဒီဇိုင်းအသစ်ကို ဆွေးနွေးနေဆဲ ဖြစ်သည်။ ကနဦးတွင်၎င်းနာရီစင်ကိုဖြိုချကာ မူလပုံစံအတိုင်း ပြန်ဆောက်ရန်လျာထားခဲ့သော်လည်း ကော်မတီအဖွဲ့အတွင်း ဝိုင်းဝန်းဆွေးနွေးပြီးနောက်ပုံစံသစ်ဖြင့် ပြန်ဆောက်ရန်ဆုံးဖြတ်ခဲ့ကြောင်း ဦးတင်မြင့်က ပြောသည်။ "ပုံစံ(အသစ်)ပြန်ဆွဲကြည့်ပေါ့။သုံး၊ လေးမျိုးလောက်ဆွဲလိုက်၊ ပြီးရင်...