အိမ်ဆောက်ရာတွင် လမ်းနှင့် မလွတ်သဖြင့် တားမြစ်သည့် ကျေးရွာအုပ်ချုပ်ရေးမှူးကို လက်သီးဖြင့်ထိုးပြီး ပုလင်းဖြင့် ရိုက်

0
978

ကော့သောင်းတွင် အိမ်ဆောက်ရာ၌ လမ်းနှင့် မလွတ်ကင်းသဖြင့် တားမြစ် သည့် ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦး လက်သီးဖြင့်ထိုးခံရပြီး ပုလင်းဖြင့် ရိုက်ခံရကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

ပြည်ကြီးမဏ္ဍိုင်မြို့၊ ရတနာပုံ ကျေးရွာတွင် ဇန်နဝါရီလ ၂၅ ရက်နေ့က ဖြစ်ပွားခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရ သည်။

ဖြစ်စဉ်မှာ ပြီးခဲ့သည့် နှစ်ပတ်ခန့် က အသက် ၃၀ နှစ်အရွယ် အမျိုးသားက ၎င်းအိမ်ဆောက်လုပ်ရာတွင် လမ်းနှင့် မလွတ်ကင်းသဖြင့် အုပ်ချုပ်ရေးမှူးက တားမြစ်ခဲ့ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။

ထိုနောက် ဇန်နဝါရီလ ၂၅ ရက် မနက်ပိုင်းတွင် ရွာအတွင်း လမ်းချဲ့နေ သည်ကို ဆိုင်ကယ်ဖြင့်သွားကြည့်သည့် အုပ်ချုပ်ရေးမှူးကို ရွာလယ်လမ်းတွင် အထက်ပါအမျိုးသားက ဆိုင်ကယ်ရှေ့မှ တားကာ လက်ထဲကိုင်ဆောင်လာသည့် ဂျင်စင်းအအေးပုလင်းဖြင့် ရိုက်ခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

ထိုနောက် လက်သီးဖြင့် ထိုးကြိတ် ခဲ့သည့်အတွက် မစိုးရိမ်ရသည့် ဒဏ်ရာ များရရှိခဲ့ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ အထက်ပါ အမျိုးသားကို ရာဇသတ်ကြီးပုဒ်မ- ၃၃၂ ဖြင့် အမှုဖွင့်ထားကြောင်း တိုင်းရဲတပ်ဖွဲ့ မှူးရုံးထံမှ သိရသည်။

Dawei Watch