ပါချန်လင်းပိုင် ထိန်းပေးကြပါ

ကော့သောင်းမြို့နယ်ထိုင်း-မြန်မာ နယ်ခြား ပါချန်မြစ်ရိုးတစ်လျှောက် နေထိုင်ကျက်စားနေသည့် လင်းပိုင်တို့ကို ဝိုင်းဝန်းထိန်းသိမ်းကြစေလိုကြောင်း ပါချန်မြစ် ထိန်းသိမ်းစောင့်ကြည့်ရေးနှင့် မြစ်ဝှမ်းဒေသဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့၏အတွင်းရေးမှူး ဦးမျိုးဇော်ဦးက ပြောသည်။ ဒေသခံများနှင့် မြစ်အတွင်းသားငါး ရှာဖွေသူများက လင်းပိုင်ကို တမင်တကာ ဖမ်းဆီးသတ်ဖြတ်ခြင်း မရှိသော်လည်း ၎င်းလင်းပိုင်တို့က ငါးဖမ်းပိုက်များတွင် တိုးဝင်သေဆုံးခြင်း၊ ပိုက်တွင်မိလာသည့် လင်းပိုင်များကို ပြန်မလွှတ်ခြင်းတို့ ပြု...

တပ်မတော်က တရားစွဲထားမှု ရှေ့နေဦးကြီးမြင့်နှင့် ကဗျာဆရာ စောဝေတို့ ကော့သောင်းတွင် အမှုရင်ဆိုင်မည်

တပ်မတော်ကတရားစွဲထားသည့်ဗိုလ်ကြီးဟောင်းနေမျိုးဇင်နှင့် အမှုတွဲတရားလွှတ်တော်ရှေ့နေဦးကြီးမြင့်နှင့်ကဗျာဆရာစောဝေတို့က ကော့သောင်းတရားရုံးတွင် အမှုရင်ဆိုင်သွားမည်ဟု ရှေ့နေဦးကြီးမြင့်က ပြောသည်။ ကော့သောင်းမြို့တွင် ၂၀၁၉ခုနှစ် ဧပြီလက ပြုလုပ်ခဲ့သည့်"၂၀၀၈ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး ၄၅ ဦး ကော်မတီထောက်ခံပွဲ"တွင် ဟောပြောချက်များက နိုင်ငံတော်ကိုအကြည်ညိုပျက်စေသည် ဟုဆိုကာ တပ်မတော်မှ ဒုတိယဗိုလ်မှူးကြီး ဇော်ဇော်က နိုင်ငံတော်အကြည်ညို ပျက်စေမှုပုဒ်မ၅၀၅ (က) ဖြင့် တရားစွဲခဲ့ခြင်း...

၁၃ နှစ်သား မောင်းလာသည့် ဆိုင်ကယ် ကလေးကို ဝင်တိုက်

ကော့သောင်းခရိုင်၊ ဘုတ်ပြင်းတွင် ၁၃ နှစ်သား မောင်းနှင်လာသည့်ဆိုင်ကယ်က ကစားနေသည့် အသက် ၃ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးကို အရှိန်မထိန်းနိုင်ဘဲ ဝင်တိုက်ခဲ့ကြောင်း တနင်္သာရီ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။ အလယ်မန်ကျေးရွာတွင် ဇန်နဝါရီ လ ၁၄ ရက်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယောက်ျားလေး မောင်းနှင်လာသည့် Dream-၁၂၅...

ကော့သောင်းလွတ်လပ်ရေး ကျောက်တိုင်ရင်ပြင် စပြင်

ကော့သောင်းမြို့၏အထင်ကရနေရာ တစ်ခုဖြစ်သည့်လွတ်လပ်ရေး ကျောက် တိုင်ရင်ပြင်ကို စပြင်နေပြီ ဖြစ်သည်။ ယခင်က ကာရံထားသည့် မြေနံရံ များပြိုကျခြင်း၊ ပုံစံကခေတ်မမီတော့ခြင်းတို့ကြောင့် ပြန်လည်ပြင်ဆင်ခြင်း ဖြစ်ကြောင်း ကော့သောင်းမြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးတင်မြင့်က ပြောသည်။ ကျောက်တိုင်ကိုတော့ ဘာမှမလုပ်ဘူး။ ဘာမှလုပ်လို့မရဘူး"ဟု ဦးတင်မြင့်က ပြောသည်။ ကော့သောင်းခရိုင်၏စီးပွားရေးကို ခရီးသွားလုပ်ငန်းနှင့်ကုန်သွယ်ရေးဖြင့် ဆွဲတင်မည်ဟု တနင်္သာရီတိုင်းအစိုးရက မူဝါဒ ချထားသည်။ Dawei...

ကော့သောင်းရေပြင် မိုင် ၇၀ ပတ်လည်ခန့် ငါးဖမ်းခွင့် အကန့်အသတ်မရှိပိတ်၊ ရေလုပ်သားတို့ အကြပ်ရိုက်

မြန်မာနိုင်ငံတောင်ပိုင်းရှိ အဓိက ငါးဖမ်းကွက်များအနက် တစ်ခုဖြစ်သော ကော့သောင်းပင်လယ်ရေပြင် မိုင် ၇၀ ပတ်လည် (စတုရန်းမိုင် ၄၉၀၀) ခန့်တွင် ကမ်းဝေးငါးဖမ်းလှေများ ငါးဖမ်းခွင့် အကန့်အသတ်မရှိ ပိတ်လိုက်ပြီ ဖြစ်သည်။ မြောက်လတ္တီတွဒ် ၁၀ ဒီဂရီနှင့် ၁၁ ဒီဂရီအကြား၊ အရှေ့လောင်ဂျီတွဒ် ၉၇ ဒသမ ၃၀...

ပင်လယ်ပြင်တွင် လှေသားက ပဲ့နင်းကို ဓားဖြင့် ထိုးသတ်

ကော့သောင်းခရိုင်၊ ဘုတ်ပြင်း မြို့နယ် ပင်လယ်ပြင်တွင် လှေသားက ပဲ့နင်းကို ဓားဖြင့်ထိုးသတ်ခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ထံမှ သိရသည်။ လှေသား ၁၆ ဦးပါသည့် ဝါလပ် ငါးဖမ်းလှေသည် လငန်းကျွန်း အရှေ့ ဘက်...

မတ်လအထိ ကျောင်းဖွင့်မည်ကို ဘုတ်ပြင်းမှ ဆရာအချို့ ဆန္ဒပြရန် စီစဉ်

မတ်လအထိ အခြေခံပညာကျောင်း များ ဖွင့်လှစ်မည်ဆိုသည့် ကိစ္စနှင့်ပတ်သက် ပြီး ကော့သောင်းခရိုင် ဘုတ်ပြင်းမြို့နယ် ရှိ ဆရာ၊ ဆရာမအချို့က ဆန္ဒထုတ် ဖော်ရန် စီစဉ်နေကြောင်း ဦးဆောင်နေသူ အချို့ထံမှ သိရသည်။ ဇန်နဝါရီလ ၂၅...

ဘုတ်ပြင်းတွင် တောဆင်ရိုင်းတစ် ကောင်အသတ်ခံရ

ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့ နယ်တွင်တောဆင်ရိုင်းတစ်ကောင်အ သတ်ခံရပြီးအမြီးဖြတ်ယူဆောင်သွား ကြောင်းဘုတ်ပြင်းမြို့နယ်၊ သစ်တော ဦးစီးဌာနနှင့် ဒေသခံများထံမှသိရသည်။ ပြည်ကြီးမဏ္ဍိုင်၊ ထောင်ငါးသိုင်း ကျေးရွာအုပ်စု၊ ဝါးဒင်းကျေးရွာအနီး၌ ဇန်နဝါရီ ၁၄ရက်ခန့်ကအသတ်ခံရသည် ဟုယူဆရပြီး၄ပေ ခန့်ရှိသည့်ဆင်အမြီး တစ်ချောင်းကိုဖြတ်ကာယူဆောင်သွားကြောင်းဘုတ်ပြင်း မြို့နယ်တောအုပ် ဦးလွင်ပိုင်စိုးက...

အိမ်တွင်းအကြမ်းဖက်မှု အများဆုံး

ထားဝယ်အမျိုးသမီးသမဂ္ဂထံ အကူ အညီတောင်းခံလာသည့် အမျိုးသမီးများ အကြမ်းဖက်ခံရမှုဖြစ်စဉ်များအနက် အိမ်တွင်းအကြမ်းဖက်မှုက အများဆုံး ဖြစ်ကြောင်း ယင်းသမဂ္ဂထံမှ သိရသည်။ ၂၀၁၈ ခုနှစ် နိုဝင်ဘာလမှ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလအထိ ၁၄ လတာ ကာလအတွင်း...

ကော့သောင်းတွင် ထိန်းသိမ်းထားသည့် ဘင်္ဂါလီများကို နေရပ်ပြန်ပို့

ကော့သောင်းမြို့ ဇာဒက်ကြီးကျွန်း တွင် ထိန်းသိမ်းထားသည့် လှေစီးဒုက္ခသည် ဘင်္ဂါလီများကို ရခိုင်ပြည်နယ် စစ်တွေမြို့ သို့ ပြန်ပို့လိုက်ပြီဖြစ်ကြောင်း တနင်္သာရီ တိုင်းဒေသကြီး ကမ်းရိုးတန်းဒေသ စစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး သန့်ဇင်ဦးက ပြောသည်။ ဘင်္ဂါလီ...