၁၃ နှစ်သား မောင်းလာသည့် ဆိုင်ကယ် ကလေးကို ဝင်တိုက်

0
281

ကော့သောင်းခရိုင်၊ ဘုတ်ပြင်းတွင် ၁၃ နှစ်သား မောင်းနှင်လာသည့်ဆိုင်ကယ်က ကစားနေသည့် အသက် ၃ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးကို အရှိန်မထိန်းနိုင်ဘဲ ဝင်တိုက်ခဲ့ကြောင်း တနင်္သာရီ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

အလယ်မန်ကျေးရွာတွင် ဇန်နဝါရီ လ ၁၄ ရက်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယောက်ျားလေး မောင်းနှင်လာသည့် Dream-၁၂၅ ဆိုင်ကယ်က အိမ်ရှေ့တွင် ကစားနေသည့် မိန်းကလေးကို ဝင်တိုက် ခဲ့ခြင်းဖြစ်ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

ဆိုင်ကယ်တိုက်မိခြင်းကြောင့် ကစား နေသည့် မိန်းကလေးငယ်တွင် မစိုးရိမ်ရသည့် ဒဏ်ရာများရရှိခဲ့ပြီး ဘုတ်ပြင်းဆေးရုံသို့ တင်ပို့ကုသထားကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။

ယာဉ်တိုက်မှုနှင့် ပတ်သက်၍ အသက် ၁၃ နှစ်အရွယ် ယောကျ်ားလေးကို ဘုတ်ပြင်းမြို့မရဲစခန်းတွင် ရာဇသတ်ကြီးပုဒ်မ- ၃၃၈ ဖြင့် အမှုဖွင့်ထားကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

Dawei Watch